Chapter 62 (Uni+ Zawgyi)

20.5K 2.5K 544
                                    

Unicode

လီရှော့နှင့်ကျိုးကျင်ရှင်းက ကော်ဖီဆိုင်တစ်ခုမှာ *ရှဝူချာ သောက်ရန်ချိန်းဆိုထားလိုက်ကြသည်။ သူက ကျောက်ကျင်ရှင်းကို အကြောင်းကြားမထားပေ။ ချိန်းဆိုရာနေရာသို့ရောက်၍ သူ့အဖေမေးတော့မှ ခုလေးတင်သတိရသွားသယောင် ဟန်ဆောင်ပစ်လိုက်သည်။

"အိုက်ယား မေ့နေလိုက်တာ"

မစ္စတာလီက သူ့အား ထူးဆန်းသလိုတစ်ချက်ကြည့်သည်။

"အရင်က ငါ့သားဒီလောက်မှတ်ဥာဏ်မဆိုးပါဘူးကွာ။ ခု သူ့ကိုဖုန်းဆက်လိုက်။ ဘာပဲဖြစ်ဖြစ် မစ္စတာကျိုးမှ မရောက်သေးတာ"

လီရှော့ မှာတွန့်ဆုတ်စွာဖြင့်ပင် ကျောက်ကျင်ရှင်းထံ မက်ဆေ့တစ်စောင်ပို့လိုက်ရသည်။ ကျောက်ကျင်ရှင်းကတော့ "ကောင်းပါပြီ"ဟူသောစကားလုံးကို လျှင်မြန်စွာပင် ပြန်ပေးပို့လာ၏။

မစ္စတာလီက ကော်ဖီဇွန်းကိုမွှေနှောက်နေရင်း သာမန်ကာလျှံကာမေးလိုက်သည်။

"သားနဲ့ကျင်ရှင်း အဆင်မပြေကြဘူးလား။အရင်တုန်းကလောက် မရင်းနှီးကြတော့သလိုပဲ"

"ဖေဖေရယ် ကျွန်တော်တို့ဘယ်တုန်းကမှ မရင်းနှီးဖူးပါဘူး။ တကယ်တမ်းကျ တစ်ယောက်နဲ့တစ်ယောက်သိတာတောင် သိပ်ကြာသေးတာမှမဟုတ်တာ"

"မရင်းနှီးဘူး ဒါပေမဲ့ သူစိမ်းတွေလည်းမဟုတ်ဘူးပေါ့လေ။ မင်း ဖေဖေမမြင်ဘူးများထင်နေလား။ အလုပ်မှာ သဘောထားကွဲလွဲထားကြလို့လား"

"သဘောထားကွဲလွဲတယ်ရယ်လို့တော့ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး။ တကယ်တမ်းကျ ကျွန်တော်တို့က အလုပ်ရှင်နဲ့အလုပ်သမားဆက်ဆံရေးပဲလေ။အများစုကတော့ ကွဲပြားမှုတွေဖြစ်နေဦးမှာပေါ့။တရုတ်မှာစီးပွားရေးလုပ်တဲ့ သူတို့ရဲ့နားလည်မှုက အရမ်းတိမ်နေသေးတယ်။တစ်ခါတစ်လေကျ သူတို့နဲ့ပြောဆိုဆွေးနွေးရတာ ခက်တယ်"

"အဲ့ဒါပုံမှန်ပဲလေ။ ဒါက လူတွေမင်းကိုပိုက်ဆံအများကြီးသုံးပြီးခန့်ထားရတဲ့အကြောင်းရင်းပဲပေါ့"

"ဟုတ်ကဲ့ ကျွန်တော်သိပါတယ်"

လီရှော့ကပြောရင်း မှန်ပြတင်းကိုဖြတ်၍ အကြည့်ရောက်သွားတော့ အရပ်ရှည်ရှည်နှင့်ချောမောသည့် ကပြားအမျိုးသားတစ်ယောက်ဟာ လမ်းမကိုဖြတ်၍လျှောက်လာတာကိုမြင်လိုက်ရသည်။သူ၏ လေကာကုတ်အင်္ကျီအရှည်ဟာ လမ်းလျှောက်သည့်စတိုင်နှင့်အတူလွှဲယမ်းနေပြီး မသပ်မရပ်ဖြစ်နေသည့်ဟန်ပေါက်နေသည့် နဖူးအရှေ့ဘက်က အနည်းဖွာနေသောဆံစတို့ဟာလည်း ဆက်စီကျသည့်ခံစားမှုကိုဖြစ်စေသည်။ဘယ်၊ ညာ ညီညီလှမ်းနေသည့် ထိုခြေတံရှည်များက လူကူးမျဥ်းကြားကို အတင်းဖြတ်ကာ ပလက်ဖောင်းပေါ် ရောက်နေပြီပဲဖြစ်၏။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now