Chapter 10.1 (Zawgyi)

3.4K 608 25
                                    


နောက်တစ်နေ့ မနက်ခင်းမှာတော့ မိသားစု နှစ်စုက ငါးဖမ်းဖို့ရန်အတွက် စက်လှေတစ်စီးနဲ့ ရေကန်ကြီးဆီ ထွက်လာခဲ့ကြသည်။

ချန်သောက်ရေကန်၏ သဘာဝရှုမျှော်ခင်းတို့က လှပခမ်းနားသော်လည်း လီရှော့မှာ ခံစားရှုစားဖို့ရာ စိတ်ပါမနေပါချေ။ သူက နေရာမှာ တွေဝေမိန်းမောစွာ ထိုင်နေရင်းနှင့်သူ့မျက်ဝန်းတို့ကတော့ ငါးမျှားတံရဲ့ မြုပ်ချည်ပေါ်ချည်ဖြစ်နေတဲ့ ဖော့လုံးလေးဆီ စူးစိုက်ကျရောက်လို့နေသည်။

ကိစ္စတွေ ဖြစ်ပွားနေခဲ့သည်က လေးရက်တိုင်ခဲ့ပြီ ဖြစ်သော်လည်း သူ့ရှေ့နေတွေကတော့ ဘာတစ်ခုမှ မယ်မယ်ရရ လုပ်မပြနိုင်သေးပေ။ ဒီနေရာမှာ ထာဝရ ပိတ်မိသွားမှာကို သူတကယ်ပဲ စိုးရိမ်လှသည်။ သို့သော်လည်း သူ့အနေနဲ့ ဖခင်ဖြစ်သူကို အကူညီတောင်းဖို့တော့ ဆန္ဒရှိမနေခဲ့။

လက်တစ်ဖက်က လီရှော့ ပခုံးပေါ်ကျရောက်လာချေရာ လန့်ဖြန့်သွားပြီးတော့ မော့ကြည့်မိသွားသည်။ ထိုလူက သူ့ဖခင်ဖြစ်နေလေသည်။

"ဖေဖေ...ခုထိ ငါးတစ်ကောင်မှ မရသေးဘူးလား"

"ဖေဖေ ခုတင် ၂ကီလိုလောက်ရှိမယ့်ငါးကြီးတစ်ကောင် ဖမ်းမိထားတာ။ သားကိုလှမ်းခေါ်သေးတယ်....ရောက်မလာလို့။ ဘာတွေများ တွေးနေတာလဲ သားရဲ့"

လီရှော့က ပြုံးပြလိုက်ပါ၏။

"ကျွန်တော်လည်း ငါးကြီးကြီး ဖမ်းမိဖို့စောင့်နေတာ"

မစ္စတာလီက သူ့နံဘေးက ခွေးခြေခုံမှာ ဝင်ထိုင်သည်။

"ရှောင်ရှော့...ခုတလော သားအခြေအနေကောင်းပုံမပေါ်ဘူး။ အမြဲလိုလို စိတ်ပျံ့လွင့်နေပြီးတော့ ဖုန်းကိုလည်း တစ်ချိန်လုံး ကိုင်ထားတယ်။ကုမ္ပဏီမှာ တစ်ခုခု ဖြစ်လို့လား"

"အာ..ပြဿနာနည်းနည်းပါးပါးတက်တာပါ။ဘာမှ မကြီးကျယ်ပါဘူး။ ကျွန်တော်က ဒီတိုင်း ဖုန်းနဲ့ညွှန်ကြားနေရုံပဲ"

"'ပမွှားကိစ္စ'ဆိုတာ ဟုတ်မနေဘူးမလား။ သားက ပြဿနာသေးသေးလေးတွေနဲ့ ရင်ဆိုင်ရရင် တုန်လှုပ်နေတတ်တဲ့ လူစားမှ မဟုတ်တာ။သားတစ်ခုခုဖြစ်နေတယ်ဆိုတာ သားအမေ ရိပ်မိတာလည်းကြာပြီ။အဲ့ဒါကြောင့် သူက သားကိုအပြင်ခေါ်ထုတ်ပြီး အပန်းပြေအောင် လုပ်ပေးတာ။ နောက်ဆုံးကျတော့လည်း သားက အဆင်ပြေသေးတဲ့ပုံ မပေါ်လို့ သားအမေက ဖေဖေ့ကို သားနဲ့စကားလာပြောခိုင်းလိုက်တာ"

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now