Chapter 40(Unicode)

13.6K 1.9K 620
                                    

လီရှော့သည် သူ့ဦးခေါင်းသူ ကုတ်ခြစ်ရင်း မငြိမ်မသက်ဖြစ်နေသောအတွေးများကို နည်းနည်းချင်း နည်းနည်းချင်းစီတွေးနေရာမှ ရုတ်တရက်ဆိုသလို လူတစ်ယောက်အကြောင်းကို ဖြတ်ခနဲစဥ်းစားမိသွားသည်။

ထိုလူက ရှောက်ချွင်ရှေ့မှာဆို ကျောက်ကျင်ရှင်းထက် အများကြီးယုံကြည်ရလောက်တဲ့လူဖြစ်ကာ သူတို့နှစ်ဦးသည် လီချန်ရှို့ကြောင့် တစ်ခါလောက်လည်း ဆုံထားဖူးသေးသည်။သူမက ရှောက်ချွင်၏အစ်မအကြီးဆုံးပင်ဖြစ်သည်။သူမ၏ ရှောက်ချွင်နှင့်လီချန်ရှို့၏ဆက်ဆံရေးအပေါ် ဖြတ်တောက်ပစ်ချင်စိတ်က တစ်ခြားလူတွေထက် သာ၍ပြင်းထန်သေးသည်။

လီရှော့ ခပ်မတ်မတ်ထိုင်လိုက်ရင်း ဖုန်းစာအုပ်ကိုစတင်ရှာဖွေလိုက်သည်။သေချာပေါက်ကိုပင် အချိန်အတော်ကြာအောင်မဆက်သွယ်ဖြစ်ခဲ့သောလူတစ်ယောက်၏ဖုန်းနံပါတ်ကိုသူတွေ့လိုက်သည်။ သူ ဖုန်းခေါ်လိုက်တော့သည်။

"ဟယ်လို ဘယ်သူပါလဲ"

ဖုန်း၏တစ်ဖက်တွင် အလွန်ဆွဲငင်သံပါသည့်အမျိုးသမီးတစ်ယောက်အသံပေါ်လာသည်။

လီရှော့ ခါးသီးစွာပြုံးလိုက်မိရင်း

"မင်္ဂလာပါ..ကျွန်တော် လီရှော့ပါ"

********

ဟန်ဖေးယဲ့ကို နှစ်ရက်ဆက်တိုက်လောက်ဖုန်းခေါ်မရတော့သည့်နောက်မှာ လီရှော့အနည်းငယ်ပူပန်လာသည်။ဟန်ဖေးယဲ့စိတ်ထဲမှာ ဘာတွေပဲတွေးနေပါစေ ခုချိန်မှာတော့ သူ မသက်မသာဖြစ်နေမှာ သေချာပေါက်ပင်။အနည်းဆုံးတော့ ဟန်ဖေးယဲ့ အဆင်ပြေကြောင်း သေချာအောင်လုပ်ဖို့ သူ့မှာတာဝန်ရှိသည်။ထိုအကြောင်းကိုတွေးပြီးသွားတော့ သူ ချန်ရှန့်ကိုဖုန်းခေါ်လိုက်တော့သည်။

အချိန်က အမေရိကားမှာ ညရောက်နေပြီဖြစ်သည်။ ချန်ရှန့်က ဖုန်းဖြေချိန်မှာသူ့အသံကအိပ်ချင်စုံမွှားဖြစ်နေသည်။သူ အိပ်မောကျနေရာက နိုးလာတာသေချာပေါက်ပင်။

"ချန်ရှန့်...ဆောရီးကွာ မင်းအနားယူတာကိုနှောင့်ယှက်မိပြီ"

"လမ်းဘတ်....မင်း အိမ်ရောက်ပြီပေါ့"

ချန်ရှန့်က သမ်းဝေလိုက်သည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now