Chapter 86(Uni+ Zawgyi)

19.6K 2.2K 291
                                    

Unicode


နှစ်ရက်အကြာမှာ ကျောက်ကျင်ရှင်းက ဆေးရုံကနေ ဆင်းချင်ပြီဖြစ်ကာ ကျောက်ကတော်က ခွင့်မပြု။ နှစ်ယောက်သားက တိုးတိုးကြိတ်ကြိတ်ဖြစ်နေကြတော့သည်။ လီရှော့သည်လည်း ရောက်လာတော့ ဝင်ဖျောင်းဖျလိုက်ရ၏။

"ဆရာဝန်က မင်းကို ဆေးရုံကနေဆင်းလို့ရပြီဆိုတဲ့အချိန်ကျမှ ဆင်းလေကွာ"

ကျောက်ကျင်ရှင်းက သူ့ထံ ဝမ်းနည်းပမ်းနည်း ကြည့်လာသည်။

"ကျွန်တော် အိမ်မှာ လေ့ကျင့်နေလို့ရတာပဲ။ ဆေးရုံကြီးကို တကယ်မုန်းပါတယ်ဆို"

"ဒါဆို မင်းက ကိုယ့်စကားကို နားမထောင်ဘူးလား"

လီရှော့၏ လေသံက အလွန်တရာမှ နူးညံ့နေ၏။

ချက်ချင်းပင် ကျောက်ကျင်ရှင်းက လိမ္မာအပိုးကျိုးသွားကာ လေသံတီးတိုးလေးနှင့် ဆိုလာသည်။

"နားထောင်မှာ"

ကျောက်ကတော်ခမျာ ပါးစပ်အဟောင်းသားဖြစ်သွားရှာတော့သည်။

လီရှော့က ပြုံးလိုက်ရင်းဖြင့်။

"အန်တီက ဒီလောက် အရသာရှိတဲ့ဟင်းတွေပြင်လာတာကို..မြန်မြန်သေချာလေး စားလိုက်လေ"

"ခင်ဗျားလည်း အတူတူလာစားလေ"

"ကိုယ် အိမ်မှာစားခဲ့ပြီ"

လီရှော့က လက်ထဲက အိတ်ကို လှုပ်ယမ်းပြလိုက်သည်။

"ကိုယ်မင်းဖို့ စာအုပ်နဲ့ ရုပ်ပြတွေ နည်းနည်းပါးပါး ယူခဲ့တယ်"

"အရင်တစ်ခါက စာအုပ်လေ..."

ကျောက်ကျင်ရှင်းက ခေါင်းအုံးအောက်ကနေ စာအုပ်ကို ဆွဲထုတ်လိုက်ရင်း။

"ခင်ဗျား ကျွန်တော့်ကို ဆုံးအောင်ဖတ်မပြရသေးဘူးလေ"

လီရှော့ ကြည့်လိုက်တော့ ပြီးဆုံးအောင်ဖတ်မပြရသေးသော သည်းထိတ်ရင်ဖိုစာအုပ်ဖြစ်နေလေသည်။ သူ နူးညံ့စွာ ပြုံးမိသွား၏။

"ကောင်းပြီ"

ကျောက်ကတော်က စပ်စုလိုဟန်ဖြင့် အမေးစကားဆိုလာသည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now