Chapter 6.2 (Unicode)

15.4K 2.3K 138
                                    

Translator : a_tar13

"တစ်ခါမှမဖြစ်ဖူးဘူးမလား...."

ကျောက်ကျင်ရှင်းသည်မျက်ခုံးတန်းကိုအသာတွန့်ရင်းစကားကိုရှေ့ဆက်လေသည်။

"ခင်ဗျားတစ်ခါမှတခြားသူတစ်ယောက်ကိုအရူးအမူး‌စွဲလမ်းတာမျိုး မရှိဖူးဘူးမလား"

"ဒါက‌မင်းရဲ့ စွဲလမ်းတယ်ဆိုတဲ့စကားလုံး
အဓိပ္ပာယ်ပေါ်မူတည်ပြီး ကွဲပြားလိမ့်မယ်...
ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက်သိတာ
ရက်ပိုင်းလောက်ပဲရှိဦးမယ်...မျက်နှာချင်းဆိုင် ဆုံဖူးတာဆိုလို့ငါးကြိမ်လားပဲရှိသေးတာ...
အဲ့လောက်အချိန်တိုလေး‌တွင်းမှာ မင်းက
ကိုယ့်ပေါ်အရူးအမူးစွဲလမ်းနေပါပြီ ပြောလာရင်တော့ ဒီခံစားချက်ဟာ အတည်တကျဖြစ်တာမျိုးမဟုတ်ပဲ သာယာမှုအတွက်ခဏတာ ပေါ်ပေါက်လာတဲ့လိုချင်တပ်မက်စိတ်လို့ပဲ မြင်တယ်...နေ့စဉ်စားသောက်နေရတဲ့ ထမင်းဟင်းအပေါ်ထားတဲ့ စိတ်ခံစားချက်လိုမျိုးပေါ့..."

လီရှော့သည်စွပ်ပြုတ်တစ်ဇွန်းကိုခပ်ယူရင်း
ကျင်ရှင်းပါးစပ်ထံခွံ့ကာခပ်အေးအေးဆိုလာပါသောစကားများဖြစ်သည်။

"ခင်ဗျားကို ဒီလောက်ထိအင်မတန်
ပျင်းဖို့ကောင်းတဲ့လူမှန်း ကျွန်တော်မထင်ခဲ့တာအမှန်ပဲ..."

ကျင်ရှင်းသည်နှုတ်ခမ်းထောင့်နားမှပေနေတဲ့စွပ်ပြုတ်ရည်တစ်ချို့ကိုလျှာနှင့်သပ်လိုက်လေသည်။

"စွဲလမ်းတယ်ဆိုတာ စိတ်ခံစားချက်တစ်မျိုးပါပဲ...ဘိန်းတွေကိုကင်းတွေစွဲသလိုပေါ့...မရှိမနေနိုင် ပုံစံမျိုးလေ..."

"ဒါပေမယ့်ဘိန်းတွေကိုကင်းတွေက အန္တရာယ်ဘယ်လောက်ရှိလဲဆိုတာ ကိုယ်တို့အားလုံး သိကြတာပဲမလား..."

"ဆိုတော့ကာ...ခင်ဗျား လီချန်းရှို့ရဲ့အရူးအမူး စွဲလမ်းခြင်းကိုတစ်ခါမှမခံရဖူးဘူးပေါ့..."

လီရှော့၏မျက်ဝန်းအိမ်သည်ကျဉ်းမြောင်းသွားလေတော့သည်။

"စကားတွေလှည့်ပတ်ပြော‌ပြီး မင်းဘာကိုအဲ့‌လောက်သက်သေပြချင်နေတာလဲ..."

အပြစ်ကင်းစင်တဲ့မျက်နှာသေလေးနဲ့ကျင်ရှင်းသည်မျက်တောင်လေးကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင်းကြည့်လေသည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now