Chapter 68 (Uni+ Zawgyi)

18.1K 2.4K 661
                                    

Unicode

လီရှော့သည် အိပ်မရနိုင်ဘဲဟိုလှိမ့်ဒီလှိမ့်ဖြစ်နေကာ ညသန်းခေါင်တိုင်မှ အိပ်မောကျသွားရသည်။ နောက်တစ်နေ့မနက်မှာတော့ တံခါးခေါက်သံကြောင့် သူလန့်နိုးသွားရ၏။

"အစ်ကိုကြီးလီ...မနက်စာစားရအောင်"

လီရှော့သည် ကျောက်ကျင်ရှင်းအသံကိုကြားတော့ ခေါင်းပေါ်ကိုစောင်ဖြင့်အုပ်ပစ်လိုက်သည်။ သို့သော်လည်း ယင်းက ကျောက်ကျင်ရှင်းအသံကို သူ့ဦးနှောက်ထဲက ဖယ်ထုတ်မသွားနိုင်ခဲ့။ ထိုလူ့အား သူ့နှလုံးသားထဲမှ အပြည့်အဝဖယ်ထုတ်ဖို့ဆိုသည်မှာလည်း ခုထိမတတ်နိုင်သေးပါပေ။

ကျောက်ကျင်ရှင်းက ပြုံးကာဆိုလာသည်။

"အစ်ကိုကြီးလီ...အိပ်ရာပေါ်မှာ အိပ်မနေနဲ့တော့ဗျ။ လူတိုင်း နိုးနေကြပြီ"

လီရှော့ စောင်ကိုလှစ်ဟကာ ထထိုင်လိုက်ရတော့သည်။

"သိပြီ"

သူ ဆေးကြောသန့်စင်ကာ အဝတ်အစားလဲ၍ အောက်ထပ်ဆင်းလာခဲ့လိုက်သည်။

လူတိုင်းက ထမင်းစားခန်းထဲမှာ ထိုင်နေကြပြီဖြစ်သည်။ စားပွဲပေါ်မှာတော့ များပြားလှစွာသောမနက်စာတို့ရှိနေသည်။ အမျိုးအစား ၁၀မျိုးမကပိုလေသည်။ဟိုတယ်ကမနက်စာမှန်သမျှ ဒီကိုရွှေ့လာသလား ထင်ရပါ၏။

"ဖေဖေ..မေမေ...မောနင်း...အန်ကယ်နဲ့ အန်တီရော မောနင်းပါဗျ"

လီရှော့ ခေါင်းညိတ်ကာပြုံးပြရင်း နေရာလွတ်ဟူ၍ တစ်နေရာတည်းသာကျန်သော ကျောက်ကျင်ရှင်းနံဘေးပါးမှာ ဝင်ထိုင်လိုက်ရသည်။

ကျောက်ကျင်ရှင်းက ပြုံးကာ စကားဆိုလိုက်သည်။

"အစ်ကိုကြီးလီ....အိပ်လို့ကောင်းရဲ့လားဗျ"

"တော်တော် ကောင်းပါတယ်....မင်းတို့ရော...ဒီကရာသီဥတုနဲ့ အဆင်ပြေရဲ့လား"

ကျောက်ရုန်ထျန်းက ရယ်မောလိုက်ရင်း

"အန်ကယ်က လေယာဥ်ပေါ်ကဆင်းဆင်းချင်းတုန်းကတော့ အသားမကျသေးဘူးကွ။ဆောင်းတွင်းကနေ နွေရာသီရောက်သွားသလိုပဲဟေ့။ ခုတော့ ကိစ္စမရှိတော့ပါဘူး"

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now