Chapter 57(Uni+Zawgyi)

18.8K 2.2K 1.2K
                                    

Unicode

အပန်းဖြေရိပ်သာပြန်ရောက်တော့ လီရှော့ ပင်ပန်းကာအိပ်ချင်နေပြီဖြစ်သည်။ ကျိုးကျင်ရှင်းက သူ့အားအခန်းထဲထိကူပို့ပေးကာရေတစ်ခွက်ပါငဲ့ပေးသည်။ခဏလောက်နားပြီးသွားသည့်နောက်မှတော့ လီရှော့သည် ရေချိုးကာ ဆေးလိပ်နံ့တွေ၊ အရက်နံ့တွေကိုဆေးကြော၍ ရူးနှမ်းမှုတွေ၊မိုက်မဲမှုတွေအားလုံးကိုပါဆေးကြောပစ်လိုက်တော့သည်။

ရေချိုးပြီးနောက်မှာတော့ သူဆံပင်ကိုလေမှုတ်ဖို့ ပျင်းရိသွားကာ တဘတ်နှင့်ပင်တော်ရိလျော်ရိသုတ်၍ အိပ်ရာပေါ် လှဲချလိုက်သည်။သူအလွန်တရာပင်ပန်းနွမ်းလျကာ ဘာတစ်ခုမှမစဥ်းစားနိုင်လောက်အောင်ဖြစ်နေသော်လည်း ကျောက်ကျင်ရှင်းနှင့် ခန် ဆိုသည့်ထိုလူကြားက အနမ်းကိုတော့ မေ့ဖျောက်လို့ကိုမရပါပေ။

အနမ်းလေးပါပဲ။ နမ်းရုံလေးပဲလေ။သူတွေးကြည့်ဖို့ တန်လို့လား။

ကြီးကျယ်တဲ့ဆက်ဆံရေး ရှိပုံလည်းမပေါ်ဘူးလေ။

လီရှော့ ခနဲ့တဲ့တဲ့ပြုံးလိုက်မိရင်း သူ့ကိုယ်သူ စောင်နှင့်ပတ်ကာ မျက်လုံးတွေကိုမှိတ်ထားလိုက်သည်။ မကြာခင်မှာပင်ငိုက်မျဥ်းမှုက သူ့အာရုံကြောတွေကို ထိခတ်လာကာ အိပ်မောကျသွားတော့သည်။

မပီဝိုးတဝါးအိပ်မှုန်စုံမွှားဖြစ်မှုတို့၏အလယ်မှာ လီရှော့သည် သူ့ဦးခေါင်းပေါ်လွှမ်းခြုံထားသည့် ခပ်သာသာနွေးထွေးမှုတစ်ခုကိုခံစားလိုက်ရသည်။သူ့မျက်တောင်တွေက တလှုပ်လှုပ်ဖြစ်လာပေမယ့် ဖွင့်ဖို့ရာတော့ခက်ခဲလှသည်။သူညည်းညူရင်း မသိလိုက်စွာပင်လူးလှိမ့်မိသွားသည်။သို့သော်လည်း သူ့ခေါင်းပေါ်ကဖိအားသေးသေးလေးက ပျောက်ကွယ်မသွားသည့်အပြင် သူ့ကိုပါနိုးကြားသွားစေတာကြောင့် မျက်လုံးတို့ကိုအနည်းငယ်ဖွင့်ကြည့်လိုက်မိသည်။

လှပသည့်မက်မွန်ပွင့်မျက်ဝန်းတစ်စုံဟာ မြင်ကွင်းထဲပေါ်လာသည်။ ထိုမျက်ဝန်းတွေက ကူကယ်ရာမဲ့မှုတွေပြည့်နေကာ နားလည်ရန်ခက်လှသည့်ခံစားချက်တစ်ချို့ပါ ရှိလို့နေသည်။

"ဘာလို့ဆံပင်တွေကိုခြောက်အောင်မလုပ်တာတုန်း။ မနက်ဖြန်ခေါင်းကိုက်နေလိမ့်မယ်"

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now