Chapter 10.2 (Unicode)

15.5K 2.3K 126
                                    

Translators : a_tar13 And MalMoRee

လီရှော့သည် အဖြစ်အပျက်များကို သတိမထားလိုက်ခင်မှာပင် သူ့ခြေထောက်များက ကျောက်ကျင်ရှင်း ခြေထောက်တွေရဲ့ ဖမ်းချုပ်ခြင်းကို ခံလိုက်ရသည်။ သူက ကျောက်ကျင်ရှင်းကို စိုက်ကြည့်ရင်းမှ ဆိုဖာရှည်ပေါ်မှာ စကားစမြည်ပြောနေသော မိဘတွေထံ အပြစ်မကင်းစွာလှမ်းကြည့်မိသည်။

လက်ရှိအချိန်မှာသူတို့နှစ်ယောက်က စားပွဲရှည်ကြီးဘေးမှာ မျက်နှာချင်းဆိုင်ပြီး ထိုင်နေကြခြင်းဖြစ်၏။စားပွဲရဲ့အောက်ဘက်မှာက ဟာလာဟင်းလင်း ဖြစ်နေလေရာ တစ်စုံတစ်ယောက်ကများ လာကြည့်မည်ဆိုပါက စားပွဲအောက်က ဖြစ်ပျက်နေတဲ့ "အရေးအခင်း"ကို မြင်နိုင်ကြမှာပင် ဖြစ်ပေသည်။

လီရှော့က သူ့ခြေထောက်တွေကို ပြန်ဆွဲယူလိုက်ချင်သော်ငြား သူက အရမ်းကာရောလည်း မလှုပ်ရှားရဲပြန်ပေ။အဆုံးမတော့ သူ့ကြိုးစားမှုတွေက အချည်းနှီးသာ ဖြစ်ရသည်မို့ သူက တိုးတိုးတိတ်တိတ်သာ ကြိတ်အော်ရတော့သည်။

"မြန်မြန်...ကိုယ့်ကိုလွှတ်ပေးစမ်း!"

ကျောက်ကျင်ရှင်းက ရဲတင်းစွာပင် ပြုံးပြသည်။

"စောနက ခင်ဗျား ကျွန်တော့်လက်ကို ညှစ်တယ်။ဒီတော့ အခု ခင်ဗျားခြေထောက်ကို ပြန်ညှပ်ထားတာလေ.....လောကဝတ်အရ အပြန်အလှန်ပေါ့ဗျာ...တရားတယ်မလား"

"သောက်ရေးမပါတာတွေ"

လီရှော့ကစိုးရိမ်လွန်စွာ အတင်းလှည့်ရုန်းသည်။ သူအတော် စိတ်ပူနေမိပြီ။ သူတို့မိဘတွေသာ ဒါကိုမြင်ရင် သူ့အနေနဲ့ ဘယ်လိုများ ရှင်းပြရပါ့မလဲ။ သူ့အသက်ကအရမ်းကြီးနေပြီ။ ဒီလိုကိစ္စမျိုးလောက်နဲ့ ရှက်ရွံ့မနေချင်မိတော့။

ကျောက်ကျင်ရှင်းက တိုးဖွဖွပြောသည်။

"ကြုံရာကျပန်းလျောက်လုပ်မနေနဲ့လေ...ခုံပေါ်ပြုတ်ကျမယ် သတိထားဦး...မလှုပ်ပါနဲ့ဆို...ကျွန်တော့်ခြေထောက်တွေက အရမ်းသန်တာနော်"

လီရှော့က ခြိမ်းခြောက်လိုက်သည်။

"မင်း ကိုယ့်ကိုမလွှတ်ဘူးဆိုရင် ကိုယ်မင်းနဲ့ အရက်သောက်မပေးဘူး"

ကျောက်ကျင်ရှင်းက မျက်လုံးကို ပုတ်ခတ်ပုတ်တ် လုပ်လိုက်သည်။သေချာပေါက်ကို လီရှော့ကို စတင်အနိုင်ကျင့်သူက သူဖြစ်နေသော်လည်း ခုတော့ အနိုင်ကျင့်ခံရသူက သူဖြစ်သွားပုံပင်။ သူက ခြေထောက်တွေကိုလွှတ်ပေးလိုက်ရသည်။

လီရှော့ကသူ့ရဲ့ စိတ်အခြေအနေနဲ့အပြုအမူများအတွက် လက်ခုပ်သြဘာတွေတောင် ချီးမြှင့်ချင်သွားရသည်။တစ်ခြားလူတစ်ယောက်သာဆိုရင်ဖြင့် ကိုယ့်ထက် ၁၀နှစ်နီးပါးငယ်သည့် ကောင်လေးတစ်ယောက်ကများ ဆက်ကာဆက်ကာ စနောက်နေတာကို ခံရမယ်ဆိုရင်စားပွဲကို ဖျက်ဆီးပစ်လောက်မည်မှာ သေချာသလောက်ပင်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now