Chapter 66 (Uni+ Zawgyi)

19K 2.3K 525
                                    

Unicode

ဘားအပြင်ဘက်သို့ လှမ်းထွက်လာခဲ့ပြီးသည့်နောက် လီရှော့သည် ပြင်းထန်လှစွာ နိမ့်ချည်မြင့်ချည်ဖြစ်နေသော ရင်အုပ်ကို ထိန်းကာ နောက်ပြန်လှည့်ကြည့်လိုက်သည်။ သူ၏စူးရှသော မျက်ဝန်းတို့က ကျောက်ကျင်ရှင်း၏ မျက်လုံးတည့်တည့်ထဲသို့ စိုက်ကြည့်ကာ

"မင်း ငါ့ကိုနောက်ယောင်ခံနေတာလား"

ကျောက်ကျင်ရှင်းက အတော်ကြီးအပြစ်ကင်းစင်ဟန်ဖြင့်ရယ်သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ လီရှုရှုနဲ့ကျွန်တော်က တအားကိုဖူးစာပါလွန်းလို့ ဘယ်နေရာသွားသွား ကျွန်တော်နဲ့ ဆုံနေရတာ"

ဤသို့ပေါက်ပန်းလေးဆယ်စကားမျိုးကို လီရှော့ မည်သို့ယုံနိုင်ပါမည်နည်း။ နိုက်ကလပ်စရောက်ကတည်းက ကျောက်ကျင်ရှင်းဟာ ဖုန်းဖြင့်ဖြစ်ဖြစ်၊ တစ်ယောက်ယောက်ကိုနောက်ယောက်ခံခိုင်းတာဖြစ်ဖြစ်၊ နည်းလမ်းတစ်ခုခုကိုသုံးခြင်းဖြင့်ဖြစ်ဖြစ် သူရှိမည့်နေရာကို ထောက်လှမ်းထားမည်ဆိုတာ သူသိနေသည်။

သို့သော် သူ့မှာသက်သေမရှိချေ။ရှိခဲ့လျှင်တောင် ဘာများအသုံးဝင်ဦးမည်နည်း။ ကျောက်ကျင်ရှင်း၏ ယုတ်မာမှုတစ်လှေကြီးကို သူ မတားဆီးနိုင်ပေ။ ဆူပူကြိမ်းမောင်းခြင်းကလည်း အသုံးမဝင်သလို၊ ရန်ဖြစ်ရမှာလည်း မသင့်တော်ချေ။ ထို့ကြောင့်ပင် သူ့မှာရွေးချယ်စရာမရှိစွာဖြင့် ကျောက်ကျင်ရှင်းကို ဆွဲခေါ်လာရခြင်းပင်ဖြစ်လေသည်။

ယနေ့မှာ ကျောက်ကျင်ရှင်းဂြိုလ်မွှေခဲ့ခြင်းက သူ့အားဂုဏ်သိက္ခာထိခိုက်စေသည်။ နောက်ဆို သူ့အနေဖြင့် ဤဘားသို့လာဝံ့တော့မည်တောင်မဟုတ်ပါတော့ပေ။

ဘယ်လိုလုပ်များ သည်လိုလူယုတ်မာရှိနေပါသနည်း။သူကိုယ်တိုင်ကလည်း တမင်တကာဖုံးကွယ်ဟန်ဆောင်ထားသည့် ကလေးဆန်ဆန်ချစ်စရာကောင်းမှုတွေဖြင့် ဆွဲဆောင်ခံလိုက်ရကာ သည်လိုလူယုတ်မာမျိုးကို ချစ်မိသွားရသေးသည်!။

လီရှော့ အံကြိတ်လိုက်ရင်း

"ကျောက်ကျင်ရှင်း မင်းဘာတွေပဲလုပ်လုပ်..ငါတို့အရင်လိုပြန်မဖြစ်နိုင်တော့ဘူး။ မင်းငါ့ကို ဘယ်ချိန်ထိအောင် နှောင့်ယှက်နေမှာလဲ"

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now