Part 62(unicode)

7.5K 1.3K 285
                                    

Chapter 62;

မေလ၁ရက်နေ့ ကျောင်းပိတ်ရက်များသည်
အလွန် တိုတောင်းလွန်းသည်။ စစ်စစ်တွင်မူ ကျောင်းပိတ်ရက်သည် ပုံမှန်ရ က်သတ္တပတ် ကျောင်းပိတ်ရက်ထက် တစ်ရက် ကလေးမျှ
ပိုတာဖြစ်၏။ကျောင်းပြန်တက်ရမည့်အချိန်
ကျလာလျှင်ကျောင်းပိတ်ရက်သည်ကျောင်း
သားကျောင်းသူများအတွက် ကျောင်းပိတ်
ရက်တစ်ရက်ပိုရတယ်လို့မခံစားမိကြ​ေပ။

ထို့ပြင်လောင်ရွှီကစားပွဲရှေ့မှာရပ်ပြီးမကြာမီ
ဖြေဆိုရမည့် အတန်းတင်စာမေးပွဲ အကြောင်း
ကျောင်းသား ကျောင်းသူများရဲ့နားစည်ထဲသို့
ဝင်အောင်ရိုက်သွင်းနေလျှက်ရှိသည်။ အတန်း
တင်စာမေးပွဲဖြေဆိုပြီးလျှင်၊သူတို့ တက္ကသိုလ်
ဝင်ခွင့်စာမေးပွဲကြီးကိုရင်ဆိုင်ဖို့အချိန်တစ်နှစ်
သာကျန်တော့မည်ဖြစ်ကြောင်းထပ်ကာတလဲ
လဲ သတိပေးနေ၏။

ကျန်ချန်သည်စားပွဲပေါ်တင်ထားသည့် မှတ်စု
စာအုပ်ပေါ်တွင်မေးစေ့တင်ထားပြီးတစ်ကိုယ်
လုံးကိုစားပွဲပေါ်မှာမေှာက်ထား၏။သူကမျက်
လုံးတစ်ဝက်သာဖွင့်ထားပြီး လောင်ရွှီ၏ စိတ်
အားထက်သန်စွာ​ြဖင့် သတိပေးနေသည့်ဆုံးမ
စကားများနှင့်သူ့ ဘေးပတ်ပတ်လည် အတန်း
ဖော်များရဲ့တွတ်ထိုးသံများကိုနားထောင်နေခဲ့
သည်။

ကျန်ချန်ရဲ့အထင်တစ်တန်းလုံးက လောင်ရွှီရဲ့ သတိပေးစကားများဖြစ်သည့် အတန်းတင်စာ
မေးပွဲနှင့်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအ​ကြောင်း
မဟုတ်ပဲ၊ထိုအစီအစဥ်နှစ်ခုအလယ်ရှိနွေရာသီကျောင်းပိတ်ရက်အကြောင်းကိုသာ စိတ်ဝင်
စားကြသည်။

အထက်တန်းစီနီယာကျောင်းသားကျောင်းသူများစာသင်နှစ်ကိုစောစောတက်ရောက်ရမည့် အချက်အားဖယ်လိုက်လျှင်၊နွေရာသီကျောင်းပိတ်ရက်
တစ်ဝက်ဆိုသည့်အချိန်ကယခုသူတို့ဖြတ်သန်းခဲ့
သည့်ပိတ်ရက်သုံးရက်ထက်တော့ ပျော်စရာကောင်းနေဆဲ ဖြစ်သည်။ သူ့ဘေးမှာ ထိုင်နေသည့် အတန်းဖော်များဆိုလျှင် သူတို့ရဲ့​အလည်အပတ်အစီအစဉ်များကြိုတင်ဆွေးနွေးနေကြပြီဖြစ်သည်။

တစ်ချိန်လုံးခေါင်းငုံ့၍ဖုန်းသုံးနေသည့် ကုဖေး
ကို ကျန်ချန်ခေါင်းစောင်းပြီးမေးလိုက်တယ် ။
"နွေရာသီကျောင်းပိတ်ရက်မှာဘာလုပ်လေ့
ရှိလဲ ?။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now