Part 64(unicode)

6.8K 1.3K 197
                                    

Chapter 64;

မင်းရဲ့စိတ်ခံစားချက်တွေအောက်ဆုံးရောက်
နေတာကအဆိုးဆုံးအခြေအနေလို့ သတ်မှတ်
လို့မရနိုင်ပေ။ တကယ်တော့, မင်းရဲ့စိတ်ခံစား
ချက်ကိုအမြင့်ဆုံးမှအောက်ဆုံးအထိပြန်ဆွဲချ
ခံရသည့်အချိန်ကာလများကအဆိုးဆုံးအချိန်ဖြစ်သည်။

ကျန်ချန်ရဲ့ကောင်းမွန်သည့်စိတ်အခြေအနေမှာအစိတ်စိတ်အမွှာမွှာ ချေမွခံလိုက်ပြီး သူ့ဆီမှာ
ပျော်ရွှင်နေသည့်အရိပ်အယောင်တစိုးတစိမျှ
မရှိခဲ့သယောင်....

သူ့လည်ချောင်းထဲမှာအစိုင်အခဲရှိနေသကဲ့သို့
မွန်းကြပ်သည့်ခံစားချက်ကိုကျန်ချန်ခံစားနေ
ရသည်။သူသည်ကုဖေး နှင့်အတူ lobbyထဲမှာ
ဆယ်မိနစ်ခန့်ထိုင်နေခဲ့သည့်တိုင်စိတ်ဆင်းရဲမှု
များမှရုန်းမထွက်နိုင်သေးပေ။

လီပေါင်ကော်ရဲ့ရောဂါအခြေအနေကိုကောင်း
ကောင်းမှန်းဆနိုင်သည်။လီပေါင်ကော်ဆီမှာ
အဆုတ်ကင်ဆာရောဂါဖြစ်နိုင်သည်။

ကျန်ချန်က လက်ချောင်းများကိုငုံ့ကြည့်လိုက်
သည်။လီပေါင်ကော်ရဲ့အဆုတ်အခြေအနေက
အဆိုးဆုံးအခြေအနေမှာရှိ​ေနနိုင်သည်။
သူကနေ့တိုင်းချောင်းတဟွတ်ဟွတ်ဆိုးတတ်သည့်အပြင် ယခု 'ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း '
ဆိုသည့်အဆင့်ထိရောက်နေသည်။

ကျန်ချန်သည်သူ့ကိုယ်သူဝဲဂယက်အောက်ခြေ
မှာနစ်မြှုပ်နေသည့်လူတစ်ယောက်လို ခံစားနေ
ရသည်။ သူ့ဘေးပတ်ပတ်လည်တွင် ဖရိုဖရဲနှင့်
ဆူညံပွက်လောရိုက်နေသော်လည်း သူ့နားစည်
တွင်ကြောက်စရာကောင်းလောက်အောင်တိတ်
ဆိတ်မှုကြီးစိုးနေသည်။

ကုဖေးက သူ့အားထိုနေရာသို့မသွားခိုင်းသည့် အကြောင်းအရင်းကိုလည်းသူကောင်းကောင်းနားလည်သည်။ သူ့ cardထဲတွင် ငွေအမြောက်
အမြားရှိသည်။ထိုငွေများက သူ့ကျူရှင်စရိတ်
နှင့်တစ်နေ့တာအသုံးစရိတ်အတွက်လုံလောက်သော်လည်းသူ့မှာတခြားအပိုဝင်ငွေမရှိပေ။သူ့
ကိုယ်သူကောင်းမွန်တဲ့ဘဝတစ်ခု မဖန်တီးပေး
နိုင်သေးခင်အချိန်ထိအသုံးစရိတ်တိုင်းထိုcard
ထဲမှထုတ်သုံးနေရမှာဖြစ်သည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now