အပိုင်း ၅၀ ။ မှိုပွင့်ဘဝ

5.9K 1K 29
                                    

[Zawgyi]

ဒီနတ်ဆိုးက သူ့ကို ရက်စက်တဲ့ လုပ်ရက်တွေလုပ်ခိုင်းရန့် ကြိုးစားရှာသည် ။ ရှန့်ခယ်မှာ သုံအပေါ်ပေးနေတဲ့ ဖိအားက များလွန်းတယ်ဆိုတာဖော်ပြဖို့လုပ်သည့်။ ပုန်းလို့ရသည့်အချိန်ဆိုပုန်းသည်။ ပုန်းလို့မရရင် မှိုအသွင်ပြောင်းကာ အမှောင်ထောင့်တစ်နေရာတွင်တိတ်ဆိတ်စွာနားနေသည်။

သူက 'အသွင်ပြောင်းဖို့အရမ်းခေါင်းမာနေတာ' မြင်တော့ ယန်လု အတင်းမတိုက်တွန်းတော့ပေ။ ထိုအစား သူက 'ရှာဖွေ' ရန် တစ်ယောက်တည်းအပြင်ထွက်သွားနေကြပင်။ သူပြန်ရောက်လာတိုင်း ခန္ဓာကိုယ်က သတ်ဖြတ်ချင်စိတ်တို့လွှမ်းမိုးနေ၍ ရှန့်ခယ်အမြဲကြောင်အမ်းသွားရသည်။ ကြောက်ရွံ့ခြင်းကြောင့်တော့မဟုတ် ဆန့်ကျင်လက်ဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲကမိစ္ဆာသွေးကြောကိုနှိုးဆော်ပေးနေသည့် အရသာရှိတဲ့တစ်ခုခုကိုအနံ့ရလိုက်သလိုမျိုးပင်။ သူ့ခန္ဓာကိုယ်တွင်ကြက်သီးမွှေးတဖြန်းဖြန်းထလာသည်။

"မင်းက တခြားလူတွေရဲ့စွမ်းအင်ကိုမစုပ်ယူချင်မှတော့ငါမင်းအစားလုပ်ပေးမယ်"

သူက အပြင်ထွက်တိုင်း စွမ်းအင်အနှစ်များကို တဖြည်းဖြည်းစုပြီး မစုပ်ယူမိအောင် ရှောင်ကြဉ်ရုံပင်။ ထို့နောက်သူပြန်လာပြီး မှိုလေးနှင့်ယှဉ်တွဲလေ့ကျင့်ခြင်း လုပ်နိုင်သည်။ မှိုလေးက မိစ္ဆာဝိဥာဉ်ဖြစ်၍ သူနှင့် ယှဉ်တွဲလေ့ကျင့်ခြင်းက ယန်လုအား မိစ္ဆာချီအနည်းငယ်ပေးစွမ်းသည်။ ချီအနှစ်၏ အရည်အသွေးက သိပ်မမြင့်မားပေမဲ့ အရေအတွက်ကြောင့်စုပ်ယူရတာအဆင်ပြေသည်။

"မှိုလေး လူအသွင်ပြောင်းဦး" ယန်လုက ရှန့်ခယ်ရဲ့ နူးညံ့တဲ့မှိုထိပ်လေးကိုဆွဲစိတ်လိုက်သည်။

ရှန့်ခယ်မလှုပ်ပေ။

"မင်း မပြောင်းရင် ငါမင်းကိုပါးစပ်ထဲထည့်ထားမှာနော် ယှဉ်တွဲလေ့ကျင့်မှုကအလုပ်ဖြစ်ဦးမှာပဲ"
ယန်လုက အဝတ်ချွတ်ရင်းအေးဆေးသက်သာစွာစကားပြောနေသည်။

'သိမ်းထားမယ် ,မင်းကို ,ငါ့,ပါးစပ်ထဲ ဟုတ်လား! မင်းရဲ့အကြိုက်ကအရမ်းကြီး မလေးပင်လို့မရဘူးလား!'

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now