အပိုင်း ၁၁၈ ။ ကျန်းယွီမော့ဘဝ (RE)

4.3K 611 11
                                    

[Zawgyi]

ရှန့်ခယ် နိုးလာချိန် သူ့ဘေးက လူက အသက်ရှူသံစည်းချက်မှန်မှန်နဲ့ အိပ်မောကျနေတယ်။ သူက အချိန်အတော်ကြာ ကောင်းကောင်း မအိပ်စက်ခဲ့ရတဲ့ပုံပဲ။

ရှန့်ခယ်က စောင်ကိုဖယ်ပြီး အိပ်ရာကနေ ခပ်ဖြည်းဖြည်းထလိုက်တယ်။ နည်းနည်းလေးလှုပ်မိရုံနဲ့တင် ကျန့်ချန်ဖုန်းက နက်နက်ရှိုင်းရှိုင်း အိပ်မောကျရာကနေ နိုးလာပြီး သူ့ကိုတင်းတင်းကြပ်ကြပ်ဖက်ထားမယ်လို့ ဘယ်သူထင်မိမှာလဲ။

"ယွီမော့" ကျန့်ချန်ဖုန်းက သူ့လက်ကိုမြှောက်ပြီး ရှန့်ခယ် ရှေ့နဖူးလေးကို ပွတ်သပ်နေတယ်။ မျက်ဝန်းတွေက သူ့ကိုမမှိတ်မသုန်ကြည့်နေလေရဲ့။

"ဟမ်" ရှန့်ခယ်က စိမ်ပြေနပြေဖြေပြီး ခေါင်းအုံးပေါ် ပြန်လှဲလိုက်တယ်။

အိပ်မက်မဟုတ်ခဲ့ဘူး..။ ဒီကောက်လေးက သူ့ရှေ့တည့်တည့် သူ့ရင်ခွင်ထဲမှာ ရှိနေတယ်။ သူတို့ အံ့သြစရာကောင်းတဲ့ ညကိုလည်း တူတူပိုင်ဆိုင်ခဲ့တယ်။

ကျန့်ချန်ဖုန်း မျက်ဝန်းတွေက ဖုံးဖိမရတဲ့ပျော်ရွှင်ခြင်းတွေနဲ့။ သူ ဒါတွေအကုန်လုံး အိပ်မက်ဖြစ်နေမှာလည်း ကြောက်နေခဲ့ရတယ်။ တစ်စုံတစ်ခုကို အတည်ပြုဖို့ဟန် သူက ရှန့်ခယ် နှုတ်ခမ်းများကို နမ်းရှိုက်ပြီး အရသာကို လောဘတကြီးမြည်းနေလေတယ်။

ရုတ်တရက် အိပ်ရာဘေးစားပွဲပေါ်က ဖုန်းမြည်လာတယ်။

ကျန့်ချန်ဖုန်းက လျစ်လျူရှုပြီး သူ့ရင်ခွင်ထဲက ကောင်လေးကိုပဲ ဆက်ပြီးတွယ်ကပ်နေတယ်။ ဒါပေမဲ့ဖုန်းက တဗျစ်ဗျစ်မြည်တွန်နေတဲ့ မိဘတစ်ယောက်လို  မရပ်မနားမြည်နေတယ်။

"ဖုန်း..." ရှန့်ခယ်ရဲ့ ဗလုံးဗထွေးလေသံက သွာယကြာယကနေ ထွက်လာတာကို ကြားနိုင်တယ်။

ကျန့်ချန်ဖုန်းက လက်ကိုဆန့်ထုတ်ပြီး ဖုန်းကိုဆွဲယူကာ နံရံဆီပစ်ပေါက်လိုက်တယ်။ ကျကွဲသံတစ်ချက်နဲ့အတူ လောကကြီးက တိတ်ဆိတ်သွားလေရဲ့။သနားစရာဖုန်းလေးမှာ ထိုကဲ့သို့ပင် ကျိုးကျေသွားလေတယ်။ အကောင်းပတိအလောင်းလေးတောင်မရှိဘဲ သေဆုံးသွားရတယ်။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now