အပိုင်း ၁၂၁ ။ အိုဆာရီဘဝ (RE)

6.3K 617 28
                                    

[Zawgyi]

တုရန်ကို နှစ်ပေါင်းရာချီ အ‌မှောင်ထုထဲ လွှမ်းခြုံစေခဲ့တဲ့ မိစ္ဆာသစ်ပင်ကြီးကို နောက်ဆုံးတော့ ချုပ်နိုင်ခဲ့ပြီ!

လူတိုင်း ဝမ်းမြောက်ကုန်ကြပြီး သူတို့ရဲ့ခက်ခက်ခဲခဲ အနိုင်ရခဲ့တဲ့ အောင်ပွဲကို ကျင်းပဖို့ အသင့်ဖြစ်နေခဲ့တယ်။

ရုတ်တရက် ချွန်မြတဲ့ ဓားတစ်ချောင်းက ရှန့်ခယ်ကိုယ်ထဲ ထိုးဖောက်သွားခဲ့တယ်။ သွေးတွေက တိုင်လာ့မျက်နှာပေါ် စင်သွားပြီး စောနလေးကတင် သူ့ကိုပြုံးပြနေတဲ့ အမျိုးသားက မျက်စိတစ်မှိတ်အတွင်း အရုပ်ကြိုးပျက် သူ့ရင်ခွင်ထဲကျလာခဲ့တယ်။

သူ့ငယ်သူငယ်ချင်း ကွင်စီ တိုက်ခိုက်တာ ခံခဲ့ရတယ်!

ကွင်စီက ရူးနှမ်းနှမ်းနဲ့ ရယ်နေလေရဲ့။
"ငါ မင်းကို မုန်းလို့ကွာ မုန်းလို့... ငါက မင်း လက်အောက်မှာပဲ တစ်သက်လုံး နေရမယ့်အချိန်မှာ မင်းက ဘာလို့ တော်ဝင်မျိုးနွယ် ဖြစ်လာရတာလဲ... ငါက မင်းနောက်လိုက်ခွေးလို တစ်ချိန်လုံး နေရမှာတဲ့လား...!"

တိုင်လာ့မျက်လုံးတွေက နီရဲနေပြီး လွှမ်းမိုးလာတဲ့ ဒေါသနဲ့ ပူဆွေးမှုဟာ သူ့ကို ရူးသွပ်သွားစေလုနီးပါးပဲ။ သူ ဘေးက ဓားတစ်ချောင်းကိုင်ကာ ကွင့်စီနှလုံးသားကို ထိုးလိုက်တယ်။

ရှန့်ခယ်ကို အန္တရာယ်ပြုခဲ့သူက သေသွားပေမဲ့ သူကတော့ ရှန့်ခယ်ကို ကယ်တင်ဖို့ ဘာမှမလုပ်နိုင်တော့ဘူး။

တိုင်လာ ခိုင့်ဆာအော်သံနဲ့ အ‌တောမသတ်နိုင် မေးခွန်းတွေကို လျစ်လျူရှုထားကာ ရှန့်ခယ်ကိုသာ တုန်ရီနေတဲ့ လက်ချောင်းတွေနဲ့ ဆေးတိုက်လိုက်တယ်။ သွေးတွေက သူ့ရင်ခွင်ထဲ လဲနေတဲ့ လူရဲ့ ပါးစပ်ထဲကနေ အဆက်မပြတ်စီးကျနေတယ်။ သူ့နှုတ်ခ်းတွေက စကားပြောဟန် လှုပ်ရှားသွားတယ်။ တိုင်လာ မှီလိုက်ကာ သူ့နားကို ကပ်လိုက်ပေမဲ့ ဘာမှမကြားရတော့ဘူး။

အမြင်အာရုံက တဖြည်းဖြည်း ဝေဝါးလာတော့တယ်။ သူ့ခေါင်းထဲ အ‌ဆုံးမသတ်နိုင်တဲ့ အမှောင်ထုကြီးရှိနေပြီး သူ့အတွေးနဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းအားလုံးကို ဝါးမျိုသွားခဲ့တယ်။ နောက်ဆုံးတော့ 'အကြောက်တရား'ဆိုတဲ့ မိစ္ဆာတစ်ကောင်သာ ကျန်ရစ်ခဲ့လေရဲ့။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now