အပိုင်း ၉၅ ။ ယွဲ့ကျယ်ဘဝ

3.7K 648 5
                                    

[Zawgyi]

၂လကြာပြီး​နောက် လုရှုဖန်​နောက်ဆုံး​တော့ ​ပျောက်ကင်းလုနီးပါးရှန့်ခယ်ကို အိမ်ပြန်​ခေါ်လာခဲ့ပြီး အိမ်လုံခြုံ​ရေးကို ရေတစ်စက်ပင် မလွတ်​မြောက်နိုင်သည်အထိ တိုးမြှင့်လိုက်သည်။

ရှန့်ခယ်တွင် ယခု​တော့သီးသန့်ဒရိုက်ဘာများ၊ သီးသန့် ထိန်းသိမ်း​ရေးဝန်ထမ်း၊ သီးသန့်အထည်ချုပ်သမားများ၊ သီးသန့် စားဖိုမှုး စသဖြင့် ရှိနေပြီ။ ဒီလူများက သူ့​နေ့စဉ်ဘဝ၏အ​ခြေခံလိုအပ်ချက်များကို

ဖြည့်စည်းပေးရန် တာဝန်ရှိ​နေပြီး သူက​တော့လုရှုဖန်အား ဂရုစိုက်ရန်တာဝန်ရှိ​လေသည်။

အဓိကတာဝန်ပြီး​မြောက်သွားပြီဖြစ်၍ ရှန့်ခယ်မှာ စာချုပ်ထိန်းသိမ်းသူများဆီအာရုံ​ပြောင်းလိုက်သည်။ အပို​ဆောင်းတာဝန်မှာ စာချုပ်ထိန်းသိမ်း​သူများအား ကာကွယ်​ပေးရန်အတွက် စနစ်တစ်ခုကို တည်​ဆောက်ရန်ဖြစ်သည်။ ဤစနစ်သည် အမှန်တကယ်​တော့ တည်ရှိ​နေသည်မှာ နှစ်​ပေါင်းများစွာ ကြာမြင့်လှ​လေပြီ။ တစ်ခုတည်း​သောပြသနာမှာ သူ့သက်​ရောက်မှုသည် ယခုလက်ရှိတွင်​ပျောက်ဆုံးသွားခဲ့ခြင်းပင်။ ရှန့်ခယ်သည် စာချုပ်ထိန်းသိမ်းသူများအား တစ်ဖန် အသိအမှတ်ပြုရန် ပြည်သူလူထုကို တိုက်တွန်းဖို့လိုအပ်နေသည်။

စာချုပ်ထိန်းသိမ်းသူများ၏ စွမ်း​ဆောင်ရည်သည် မညီမျှကာ သူတို့၏နဂိုမူလ ပညာ​ရေးနှင့်အ​တွေ့အကြုံ​ပေါ်တွင်မူတည်သည်။ သူတို့ခံစားချက်များ​ပျောက်ကင်း​နေပြီး ပုံတူရုပ်ပွားများကဲ့သို့ အသက်မပါ ခပ်​တောင့်​တတောင့်ဖြစ်နေသည်ဟုထင်ရသော်ငြား အမှန်တကယ်​တော့ သူတို့အားလုံးတွင် ကွဲပြား​သော ပင်ကိုယ်အရည်အ​ကသွးများရှိကြသည်။ တချို့က စကား​ပြောကြွယ်သည်။ တချို့ကနှုတ်နည်းသည်။ အချို့က​ ​အေးစက်ကာ စူးရှသည်။ သူတို့​ပျောက်ဆုံး​နေသည့်အရာမှာ ဆန္ဒများချို့တဲ့​နေခြင်းနှင့် ကိုယ်ပိုင်အ​တွေးအ​ခေါ်များပင်ဖြစ်သည်။ သူတို့ကို စည်းမျဉ်းများ၊ ပြဌာန်းချက်များဖြင့် လိုက်နာ​စေကာ စနစ်တကျဖြစ်​သောဘဝတွင်​နေထိုင်​စေသည်။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now