အပိုင်း ၇၄ ။ မီးတောက်လေးဘဝ

2.3K 402 2
                                    

[Zawgyi]


လက်ထဲတွင် စမ်းသပ်ရေး ကုန်ကြမ်းများရှိသောအခါ အဖွဲ့စည်းက ချင်ယွန်အား ဖိအား မပေးတော့ချေ။ သို့သော် လင်းပိုင်ဖန်များက စတင်၍ ပူညံပူညံ လုပ်လာကြလေ၏။ အကြောင်းရင်းမှာ မီးတောက်လေးနှင့် လှိုင်းလုံးလေး၏ ဗွီဒီယိုဖိုင်ကို နောက်ဆုံးတင်ပေးခဲ့သည်မှာ ရက်များစွာ ကြာမြင့်သွား၍ ဖြစ်၏။
ထို့ကြောင့် ရှန့်ခယ်က လင်းပိုင်အဖြစ် ပြန်ပြောင်းကာ သူ့၏ လွတ်လပ်လှသော ရေအောက်ကမ္ဘာအကြောင်း ထုတ်လွှင့်ပြသလိုက်ရသည်။ လှိုင်းလုံးလေးသည်ပင် တစ်နှစ်ကျော် ရှိလေပြီ။ သို့သော် သူသည် ရှန့်ခယ်နောက်မှ တကောက်ကောက်လိုက်ကာ မှီခိုမြဲ မှီခိုနေဆဲ ဖြစ်၏။
သူသည် နာရီအနည်းငယ်အတွင်း ရှန့်ခယ်ကို မမြင်သည့်အခါ သောင်းကြမ်းလေ့ ရှိသောကြောင့် တခြားသော ထိန်းသိမ်းသူများအား အခက်တွေ့စေ၏။ သို့သော် ရှန့်ခယ် ပေါ်လာသည်နှင့် သူသည် အပြုံးများ ဝေဆာလာကာ အစောက သောင်းကြမ်းနေသူမှာ သူမဟုတ်သည့်အလား နာနာခံခံ ပြုမူလေ့ရှိသည်။
ရှန့်ခယ်သည် သူ့အား ပင်မအဆောက်အဦးသို့ အလည်အပတ် ခေါ်သွားကာ အမဲလိုက်နည်းများ၊ ခုန်နည်းများ၊ အသက်ရှုနည်း၊ ပုန်းကွယ်ခြင်း နှင့် လူများကို ခြောက်လန့်စေခြင်းများကို သင်ကြားပေးလေ၏။ တစ်ရက်ချင်းစီက ခြားနားလှပြီး သူတို့ဖန်များ၏ ဆန္ဒများကို ဖြည့်ဆည်းပေးလေသည်။ ဖန်များသည်ကား မှန်မျက်နှာပြင်ထဲသို့ ခုန်ဝင်ကာ လင်းပိုင်များနှင့်အတူ ဆော့ကစားချင်ကြ၏။
ချင်ယွန် ရောက်ရှိလာသောအခါ ရှန့်ခယ်သည် လှိုင်းလုံးလေးကို ဦးဆောင်ကာ မှန်ရေကန်ထဲတွင် ကစားရင်း ထွက်လာကြ၏။ ထိုကန်ကား ငါးမီတာ ရှည်လျားကာ စက်ဝိုင်းသဏ္ဍာန် ဖြစ်လေသည်။ လမ်းကြောင်းများသည် ရေဝင်ရေထွက်များ ဆက်ထားသောကြောင့် တစ်ဝက်က သဘာဝဆန်ပြီး တစ်ဝက်ကား လူလုပ်ပတ်ဝန်းကျင် ဆန်လေသည်။
ရှန့်ခယ်သည် ချက်ချင်းပင် သူ့ရောက်ရှိမှုကို အနီးဆုံးပြတင်းပေါက်မှ ထွက်ပေါ်လာလေ၏။ သူက မျက်လုံး မှိတ်ပြလိုက်ကာ သူ့ဝမ်းဗိုက်သားဖြူဖြူကို ပြသရန် ခန္ဓာကိုယ်ကို လှန်လိုက်သည်။
လှိုင်းလုံးလေးသည် သူ့အတိုင်း လိုက်လုပ်လေ၏။ ခြားနားချက်တစ်ခုကား သူ့ဦးခေါင်းကား အောက်သို့ ဆိုက်နေခြင်း ဖြစ်၏။
ချင်ယွန်သည် ဝမ်းဗိုက်ဖြူဖြူနှစ်ခုကို မြင်လိုက်ရသည့်အခါ ပြောစရာမရှိ ဖြစ်သွားလေသည်။
ထိုစဉ် dugong သည် ရှန့်ခယ်နောက်သို့ ဖြေးဖြေးချင်း ကူးခတ်လာကာ သူတို့ကို လေးတွဲစွာ ကြည့်လိုက်သေး၏။
ရှန့်ခယ်သည် ပြန်လှည့်လိုက်ကာ သူသည် dugongရှေ့ မရောက်မချင်း ကူးလိုက်လေသည်။ ထို့နောက် သူ့က အပေါ်မှ ပြန်နေကာ ဟန်ရေးပြလိုက်သည်။ လှိုင်းလုံးလေးသည်လည်း နောက်မှ လိုက်ပါလာကာ ဘယ်ဘက်မှ ကူးလိုက် ညာဘက်မှ ကူးလိုက်ဖြင့် ရောက်ရှိလာသည်။
ချင်ယွန်သည် ထိုအကောင်ကား သုတေသီများက မီးတောက်လေးနှင့် မိတ်လိုက်ပေးမည့် သတ္တဝါမှန်း ပြန်အမှတ်ရလိုက်၏။ မီးတောက်လေး ပျော်ပျော်ရွင်ရွင် ကစားနေသည်ကို မြင်သောအခါ သူ့စိတ်ထဲမှ စိတ်ပူမှုကား ပို၍ မြင့်တက်လာလေသည်။ မီးတောက်လေးကား ပုံစံကူးပြောင်းနိုင်၏။
အကယ်၍ သူသည် လူသားဘဝနှင့် မပျော်တော့လျှင် သူသည် စိတ်အပြောင်းအလဲ အဖြစ် dugong အဖြစ် ပြောင်းလဲဖို့ ကြိုးစားမည်လား...... ထို့နောက် အမ dugong နှင့် မိတ်လိုက်မည်လား......
ထိုဖြစ်နိုင်ချေကို တွေးမိကာ ချင်ယွန်၏ မျက်နှာသည် ချက်ချင်းပင် မည်းကျလာလေ၏။ သူသည် မီးတောက်လေးဆီ လျှင်မြန်စွာ သွားလိုက်ပြီး မှန်ကို‌ ခေါက်ကာ ပြောလိုက်သည်   "မီးတောက်လေး.... တခြားအကောင်တွေနဲ့ ဝေးဝေးနေနော်..... ပြီးတော့ မင်းက မိတ်ဖက်ရှိတဲ့ လင်းပိုင်ဆိုတာ မမေ့ပစ်နဲ့နော်......"
ရှန့်ခယ်က သူ့ကို ကြည့်ကာ ထိုလူကား မလိုအပ်သည်များ တွေးပူပင်နေလေသည်။
ချင်ယွန်ကား သူ့၏ စိုးရိမ်မှုများသည် မလိုအပ်သည်ဟု မခံစားရချေ။ အခြားသော လူများသည် သူတို့ချစ်သူဝန်းကျင်မှ အမျိုးသမီး၊ အမျိုးသားများကိုသာ စောင့်ကြည့်ရန် လိုအပ်လေ၏။ သို့သော် သူစောင့်ကြည့်ရန် လိုသော ပစ်မှတ်ကား မျိုးနွယ်စု ခြားနားချက်များ မရှိပေ။ ကမ္ဘာပေါ်ရှိ သက်ရှိအရာအားလုံးသည် သူ့၏ ရန်သူဖြစ်နိုင်ချေ ရှိ၏။ အန္တရာယ်အများဆုံး ကား ရေနေသတ္တဝါများသာ ဖြစ်လေ၏။
ထိုသို့သော များပြားလှသည့် ရန်သူများက တွေးကြည့်ရုံနှင့်တင် ကြောက်ဖို့ကောင်းသည် မဟုတ်ပါလော.......
မီးတောက်လေးသည် လူကျင့်ဝတ်၊ ဥပဒေများနှင့် ချည်နှောင်ထား၍ ရသော လူသားမဟုတ်ပေ။ အကယ်၍ သူသာ အခြားသော မျိုးစိတ်ကို မျက်စိကျသွားပါက မျက်စိတမှိတ်အတွင်း မျိုးစိတ်ပြောင်းကာ သူ့အား စွန့်ပစ်သွားနိုင်လေသည်။
ချင်ယွန်သည် အနည်းဆုံး တခြားသူများ၏ ခိုးယူခြင်း မခံရအောင် လူသားများ၏ လက်ထပ်ပွဲမှ လေးနက်မှုအကြောင်း ရှင်းပြဖို့ လိုအပ်ပြီဟု ခံစားမိလိုက်သည်။
ထိုနေ့ညတွင် ချင်ယွန်က စိတ်လှုပ်ရှားစေသည့် ရိုမန်တစ် ဇာတ်ကားများကို ဒေါင်းလော့ ဆွဲထားလိုက်သည်။ သူက အတူတူကြည့်ရန် ရှန့်ခယ်ကို ကုတင်ပေါ် ဆွဲခေါ်လိုက်ရင်း ရှန့်ခယ် ကြိုက်လှသည့် ငါးခြောက်နှင့် ဒိုးနပ်များကိုပါ သရေစာအဖြစ် ပြင်ဆင်ပေးထားလေ၏။
ဒီလောကတွင် 3D နည်းပညာကား အလွန်အဆင့်မြင့်ကာ ကြည့်ရှုသူများကို အထင်ကြီးလောက်ဖွယ် အမြင်အာရုံ ပေးစွမ်းနိုင်လေသည်။ ဇာတ်ကြောင်းကား ဇာတ်ဆန်လွန်းသော်ငြား ရှန့်ခယ်က စိတ်ဝင်တစား ကြည့်နေလေ၏။
ချင်ယွန်၏ စိတ်ကား ဇာတ်လမ်းထဲတွင် မရှိချေ။ သူမျက်လုံးများက သူ့ဘေးရှိ မီးတောက်လေးက သူ့ပါးစပ်လှုပ်ကာ ဇာတ်လမ်းကြည့်ရင်း မုန့်စားနေသည်ကို အကြိမ်ကြိမ် ခိုးကြည့်နေမိလေသည်။
ထိုအချိန်တွင် မီးတောက်လေးက အံဩဖွယ် မြင်ကွင်း တစ်ခု မြင်လိုက်၍ ရုတ်တရက် ဝါးစားနေတာကို ရပ်တန့်လိုက်လေ၏။
ချင်ယွန်က လှည့်ကြည့်လိုက်သောအခါ ဇာတ်လမ်းတွင် အမျိုးသား ဇာတ်လိုက်နှင့် အမျိုးသမီး ဇာတ်လိုက်တို့၏ အိပ်ယာထက်က ချစ်ပုံပြင်များ ပါရှိကာ ၁၈ နှစ်အထက် ကြည့်ရှုသင့်သော မြင်ကွင်းကား အသေးစိတ် ဖော်ပြနေလေသည်။
ချင်ယွန်က သူ့ကိုယ်သူ အမှတ်မဲ့နေမိသည့်အတွက် အပြစ်တင်မိလိုက်လေသည်။ သူက ဘာကြောင့် ပြန်၍ မခွဲခဲ့သနည်း။ မီးတောက်လေးကို ဒီလိုမျိုးတွေကို မြင်တွေ့စေခြင်းက ဆိုးကျိုးများ ရှိနေမလား.....
သူက ဇာတ်လမ်း ပြောင်းရမလား သို့မဟုတ် ရှေ့ကျော်လိုက်ရမလား တွေဝေနေစဉ်တွင် မီးတောက်လေးက ရုတ်တရက် ထပြောလိုက်လေ၏ "အထီးနဲ့ အမ တွဲတာက အမှန်တကယ် အတွဲ ဖြစ်လောက်မယ်......"
ချင်ယွန် ....... ဘာကြောင့် သူ့တွင် ခံစားချက် မကောင်း ဖြစ်နေရသနည်း။
မီးတောက်လေးက ထပ်ပြောလိုက်လေ၏ "ကျွန်တော်တို့က နှစ်ယောက်လုံး အထီးတွေလေ ကြည့်ရတာ ကျွန်တော်တို့ မိတ်လိုက်လို့ မသင့်ဘူးပဲ......"
"မဟုတ်ဘူး.." ချင်ယွန်က လေးလေးနက်နက် ပြောလိုက်လေ၏ "မိတ်လိုက်တာက လိင်ခွဲခြားမှု မရှိဘူး...."
"ဒါပေမဲ့ အထီးတွေက မျိုးဆက် မပွားနိုင်ဘူးလေ......"မီးတောက်လေးက screen ကို ညွှန်ပြလိုက်ရင်း အချက်ကျကျ ထုတ်ပြောလိုက်လေသည် "ဇာတ်လမ်းထဲမှာ အထီးနဲ့အမပဲ မျိုးပွားလို့ရတယ်လို့ ပြောထားတယ်လေ....."
ချင်ယွန်က ဇာတ်လမ်းကို ပိတ်ပစ်လိုက်ပြီး "အဲလိုက အကုန်မဟုတ်ဘူး..... လူနှစ်ယောက်က ချစ်နေသရွေ့ သူတို့ မိတ်လိုက်လို့ ရတယ်....."
"ဒါပေမဲ့ မျိုးပွားဖို့က မျိုးစိတ်တစ်ခုစီတိုင်းရဲ့ တာဝန်ပဲလေ..... မျိုးမပွားနိုင်တဲ့ မျိုးစိတ်တွေက မကြာခင် ပျက်သုဉ်းသွားလိမ့်မယ်......" မီးတောက်‌လေးက မှန်မှန်ကန်ကန် ထောက်ပြလိုက်လေသည် "ကျွန်တော်က တာဝန်မကျေတဲ့ လင်းပိုင်ပဲ....."
ချင်ယွန် :::  မလုပ်ပါနဲ့ ကျေးဇူးပြုပြီး တာဝန်မယူပါနဲ့လား......
ချင်ယွန်က သက်ပြင်းချလိုက်ပြီး စိတ်အားထက်သန်စွာ ပြောလိုက်လေသည်
"မီးတောက်လေး ဓာတ်ခွဲခန်းကို ပေးခဲ့တဲ့ စမ်းသပ်မှု ကုန်ကြမ်းတွေကို မှတ်မိတယ်မလား.... တကယ်လို့ မင်းမှာ ကလေးမရှိရင်တောင် မျိုးဆက် ပျက်မှာ မဟုတ်ပါဘူး..... သွေးဆက်က အရမ်းမသန့်စင်တော့ပေမဲ့ မင်းရဲ့ မျိုးရိုးကိုတော့ ဆက်လက် သယ်ဆောင်ထားကြမှာပါ......"
မီးတောက်လေး၏ မျိုးဆက်ကို သန္ဓေမျိုးဆက်ပွားခြင်းနည်းဖြင့် လုပ်ဆောင်လို့ရလေ၏။ ထိုသည်က အောင်မြင်မှုနှုန်း ပို၍ များလေသည်။ ထိုအချက်ကို အတည်ပြုပြီးသော်လည်း သူတို့သည် လူသားစမ်းသပ်မှု မပြုလုပ်ရသေးပေ။ အသစ်ပေါက်ဖွားလာသော မျိုးဆက်သစ်လေးတွင် မီးတောက်လေး၏ မျိုးဆက် ပါလိမ့်မည်။ သို့သော် သူတို့က မီးတောက်လေးနှင့် သွေးသားတော်စပ်သည်ဟု ဆိုလိုခြင်း မဟုတ်။ သူတို့၏ အခန်း ကဏ္ဍကား သန္ဓေမျိုးဆက် အောင်မြင်ဖို့ရာပင် ဖြစ်လေ၏။
သို့သော်လည်း ချင်ယွန်က မီးတောက်လေးကို ထိုမျှအထိ မပြောပြချေ။ မျိုးဆက်ကိစ္စကို ဆက်၍ မစိုးရိမ်လိုပေ။
"တကယ်လား...." ရှန့်ခယ်က သူ့ရဲ့ ကြည်လင်လှသော မျက်လုံးများဖြင့် ချင်ယွန်ကို ကြည့်ကာ မေးလိုက်လေ၏။
"တကယ်ပေါ့...." ချင်ယွန်က သေသေချာချာ ခေါင်းညိတ်ပြလိုက်လေသည် "အဲကြောင့် မင်းက မျိုးဆက်ကိစ္စကို လုံးဝစိုးရိမ်နေဖို့ မလိုဘူး..... " အကယ်၍ သူစိတ်ရှိတိုင်းသာဆိုလျှင် သူက အနာဂါတ်တွင် သူကြိုက်သော မျိုးစိတ်များ ရွေးချယ်ပြီး သူ့တွင် ပိုင်ဆိုင်သော ကလေးကို မျိုးဆက်ပွားခိုင်းလိုက်မည်။
ချင်ယွန်က လင်းပိုင်များ ရှားပါးမှုကို သိ၍ မျိုးဆက်မချန်ထားဖို့ဆိုရာ အလွန် တစ်ကိုယ်ကောင်းဆန်လှ၏။
ရှန့်ခယ်က သူ့လွတ်မြောက်မှုကို လှည့်ကာ ပတ်ကာ ပြောနေသော ချင်ယွန်ကို မြင်သောအခါ စိတ်ထဲမှ ကြိတ်ရယ်မိသွားလေသည်။ သူခန္ဓာကို သူ့အပေါ် သို့ မှီထားလိုက်ပြီး လေးတွဲ့စွာ ပြောလိုက်လေသည် "ကောင်းပြီလေ အဲဆို မျိုးဆက်မပွားတော့ဘူး ဒီအတိုင်း ချစ်ပဲ ချစ်ကြမယ်....."
ချင်ယွန် မျက်နှာ ကား စိတ်သက်သာရာ ရသွားလေ၏။ အနာဂါတ်တွင် သူတို့သည် ရိုမန်တစ် ဇာတ်လမ်းများ ထပ်၍ မကြည့်သင့်ပေ။ မီးတောက်လေးသည် အထီးနှင့် အမ အတွဲမှ မျိုးစိတ် ကွာခြားမှုများပါ မေးခွန်းထုတ်လာလျှင် မည်သို့ လုပ်ရမည်နည်း။
"မီးတောက်‌လေး နက်ဖြန်ကျ အေးအေးလူလူ လမ်းလျှောက်ထွက်ကြမလား....." ချင်ယွန်က ရုတ်တရက် အကြံပြုလိုက်လေသည်။
မီးတောက်လေးသည် လူသားအသွင်ဖြင့် လများစွာ နေခဲ့သော်လည်း ပြတိုက်အပြင်ဘက် မထွက်ဖူးပေ။ ချင်ယွန်က သူ့ကို အပျော်စရာရှာရန် ပြင်ခေါ်သွားသင့်သည်ဟု တွေးမိလိုက်၏။
ရှန့်ခယ် မျက်လုံးက အပြုံးရိပ်များ သန်းနေပြီး သူ့အကြံပြုချက်ကို ကျေနပ်ကြောင်း သူ့ခေါင်းကို မော့၍ လင်းပိုင်အနမ်းပေးကာ ပြသလိုက်လေ၏။
ရှန့်ခယ် မျက်လုံးတွင် အပြုံးရိပ်များ ပြည့်နှက်နေကာ သူ့ခေါင်းကို မော့ထားပြီးတော့ သူ့တောင်းဆိုချက်ကို အလွန်ကျေနပ်သဖြင့် လင်းပိုင်းအနမ်း ခြွေလိုက်တော့သည်။
နောက်တစ်ရက်တွင် ချင်ယွန်က တောက်တောက်ပြောင်ပြောင် ဝတ်ဆင်ထားသော ရှန့်ခယ်နှင့်အတူ ရေအောက်ပြတိုက် မှ ထွက်လာလေသည်။ ပထဆုံး တည်နေရာကား ထိပ်တန်း ဒိတ်လုပ်သည့်နေရာ အပန်းဖြေဥယျာဉ် ဖြစ်လေသည်။
ပထမတွင် ရှန့်ခယ်က ဆော့ကစားနေသည့် သူများကို ပျော်ရွှင်မြူထူးစွာ လိုက်ကြည့်နေသည်။ သက်ရှိများ အားလုံးနှင့် မသက်ဆိုင်သည့် တောင်ထိပ်တွင် ပွင့်နေသော ပန်းလေးကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေသည်။ သို့သော်လည်း အပျော်ကို ရှာတွေ့ပြီးသည်နှင့် လင်းပိုင်၏ သဘာဝက ချက်ချင်းပင် ပေါ်လာကာ နေမင်းကြီးကဲ့သို့ လန်းဆန်းတက်ကြွနေသောကြောင့် ချင်ယွန်ကိုပင် ကူးစက်သွားလေသည်။
နေ့လည်စာ အပြီးတွင် ချင်ယွန်က ရှန့်ခယ်ကို ဈေးဝယ်စင်တာဆီ ခေါ်သွားလိုက်ပြီး အဝတ်များ၊ မုန့်များ၊ ကစားစရာများနှင့် နေ့စဉ်သုံး ပစ္စည်းအချို့ကို ဝယ်ပေးလိုက်သည်။
ချင်ယွန်က မီးတောက်လေးကို ဖူးဖူးမှုတ်ထားကာ နောက်ပိုင်းတွင် သူ့အား ချန်မထားနိုင်ရန် သေချာအောင် ပြုလုပ်နေရ၏။
လင်းပိုင်းများက သက်ဆုံးတိုင် မချစ်တတ်ကြပေ။ ထိုသည်က သူတို့မျိုးစိတ်၏ သဘာဝပင် ဖြစ်သည်။ ချင်ယွန်က ထိုအရာကို မပြောင်းလဲနိုင်သော်လည်း သူတို့အနာဂတ်မှ နေ့ရက်များအတွက် ဖြေးဖြေးချင်း ခံစားချက်များ မွေးထည့်ပေးနေပြီး လင်းပိုင်၏ နှလုံးသားကို ဖမ်းစားနိုင်ရန် ကြိုးစားနေမိသည်။ ထိုမှသာ သူတစ်ယောက်တည်း ပိုင်ဆိုင်နိုင်သော တစ်ဦးတည်းသော ပါတနာ ဖြစ်လာလိမ့်မည်။
နှစ်ယောက်သား ညနေမတိုင်ခင်အထိ ပျော်ပျော်ရွင်ရွင် ကစားနေကြပြီးနောက်တွင် ရေအောက်ပြတိုက်ဆီ ပြန်လာကြ၏။
သူတို့ ပြန်ရောက်လာသည်ကို မြင်သောအခါ ဝန်ထမ်း များစွာ က ပျော်ရွှင်သွားကာ စိတ်လှုပ်ရှားစွာ ပြေးလာကြ၏ "မင်းနောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ လှိုင်းလုံးလေးကို မြန်မြန် သွားတွေ့ သူက သေတော့မလို ဖြစ်နေတယ်.."
ဘာ... သေတော့မလို ဖြစ်နေတယ်လား...
ရှန့်ခယ် မျက်နှာက ချက်ချင်းပြောင်းသွားကာ လှိုင်းလုံးလေး တည်ရှိရာနေရာသို့ အပြေးအလွား သွားလိုက်သည်။ ချင်ယွန်လဲ နောက်ကနေ ထပ်ချပ်မကွာ လိုက်ပါသွားသည်။
ဗွမ်း.... ရှန့်ခယ်က အဝတ်ပင် မချွတ်ဘဲ ရေကန်ထဲ ခုန်ချလိုက်သည်။
ချင်ယွန်က ကမ်းခြေတွင် ရပ်နေကာ ဝန်ထမ်းကို အေးစက်စွာ မေးမြန်းလိုက်သည် "ဘာဖြစ်တာလဲ..."
စောစောက ပြောခဲ့သည့် ဝန်ထမ်းက ခြောက်ကပ်ကပ် ရယ်မောလိုက်ရင်း "ကျွန်တော် တောင်းပန်ပါတယ် ရှင်းရှင်းမပြောမိလို့ပါ..."
ဘာ သေရမှာလဲ အဓိပ္ပါယ် မရှိပေ။
ရှန့်ခယ်က ရေကူးခတ်လာသည့် လှိုင်းလုံးလေးကို ကြည့်လိုက်ပြီး ရှုပ်ပွနေသည့် ကမ်းခြေမှ အစိတ်အပိုင်းများကို ကြည့်လိုက်သည်။ သူက လှိုင်းလုံးလေး ဦးခေါင်းကို တို့လိုက်ပီး အပြစ်မတင်ဘဲ မနေနိုင်ချေ   "တစ်ရက်လေး အဖော်လုပ်မပေးတာနဲ့ ထပ်ပြီး ဝုန်းဒိုင်းကြဲပြန်ပြီလား "
လှိုင်းလုံးလေးက အမှားကို သိကာ သူ့ခန္ဓာကိုယ်နှင့် ပွတ်သတ်လိုက်ပြီး သူအမှန်ပင် အထီးကျန်နေကြောင်း ဖော်ပြနေလိုက်သည်။
"နောက်တစ်ခေါက် အဲလို ထပ်မလုပ်နဲ့နော် မဟုတ်ရင် တခြားငါးလေးတွေက မင်းနဲ့ မပေါင်းဘဲ နေလိမ့်မယ်..."
လှိုင်းလုံးလေးက ရှန့်ခယ်ကို ကြည့်ကာ :::  အဲဒီအတွေးက အနိုင်ကျင့်ရာ ကျမနေဘူးလား ... ငါး‌အသေးလေးတွေက ဘယ်လိုလုပ် လင်းပိုင်နဲ့ သူငယ်ချင်း ဖြစ်နိုင်မှာလဲ မိနစ်အတွင်း အစားခံရမှာ မဟုတ်ဘူးလား...
စိတ်ထဲတွင် သဘောမတူသော်လည်း လှိုင်းလုံးလေးက ခေါင်းညိတ်ပြကာ သနားစဖွယ် အမူအယာနှင့် တောင်းပန်မှုကိုပါ ပြသလိုက်သေး၏။
ရှန့်ခယ်က သူ့အကျင့်ကို အလုံးစုံ သိသည့်အတွက် ထပ်၍ မပြောတော့ပေ။ သူက လင်းပိုင် အသံတချို့ ထုတ်လွင့်လိုက်ပြီး ရေနေသတ္တဝါလေးများ မကြောက်လန့်အောင် လုပ်ပေးလိုက်သည်။
ထိုအရာကို မြင်၍ လှိုင်းလုံးလေးက သူ့အတိုင်း လိုက်လုပ်ကာ တူညီသည့် သီဆိုသံကို ထုတ်လွင့်လိုက်သည်။
ရေမျက်နှာပြင်က အနည်းငယ် တုန်ခါသွားပြီး ကမ်းခြေမှာ ရှိနေတဲ့ ချင်ယွန်နှင့်အားလုံးက ထိုထူးခြားလှပသည့် အသံကို ကြားလိုက်ရ၏။ တိတ်ဆိတ်သောညတွင် ရေသူမ သီဆိုသံလိုမျိုး အသံက အားလုံးကို အေးချမ်းသွားစေသည်။
ထိုညတွင် ဝန်ထမ်းအားလုံး ဂရုမစိုက်သည့်အချိန် ကင်မရာများ မမြင်ရသည့် ထောင့်နေရာတွင် ရှန့်ခယ်က လင်းပိုင်အဖြစ် ပြန်ပြောင်းလိုက်သည်။ ထို့နောက် အိပ်ခန်းထဲတွင် ချင်ယွန်ကို တစ်ယောက်တည်း ချန်ထားပြီး တစ်ညတာလုံး လှိုင်းလုံးလေးနှင့် ရေထဲ အတူတူ နေပေးခဲ့သည်။
ချင်ယွန်က မီးတောက်လေးသည် အခြားသတ္တဝါများနှင့် ထိတွေ့တိုင်း အရမ်းကို စိတ်ဓာတ်ကျမိသည်။ သူတို့နှစ်ယောက်ကြားတွင် တစ်ခုခု ဖြစ်လာမှာကို စိုးရိမ်မိသည်။ ထိုအရာက သာမာန် ထိတွေ့မှု ဖြစ်သော်လည်း သူ့ကို စိတ်မအေးစေသည်မှာ အချိန်အတော် ကြာလှလေပြီ။
ရှန့်ခယ်က ချင်ယွန်တွင် တစ်ခုခု ဖြစ်နေကြောင်း ရေးရေးလေး ခံစားမိသည်။ သူ ရေထဲတွင် အခြားသတ္တဝါများနှင့် ဆော့နေသည့် အချိန်တိုင်း တစ်ယောက်ကတော့ လူသတ်ချင်စိတ် ပေါက်နေလေသည်။ သို့သော် သူက ဘာမှ မပြောပေ။ ချုပ်ထိန်းထားခြင်းမှ အနာတရာ ဖြစ်လာခြင်းကိုလည်း မကြောက်ရွံ့ပေ။
ထိုညတွင် ရှန့်ခယ်က မွေးကြိုင်နေသည့်အထိ သန့်စင်လိုက်ပြီး သူလက်ထဲ၌ လင်းပိုင်ခေါင်းအုံးလေကို ဖက်ထားရင်း ချင်ယွန်ဘေးတွင် လဲလျောင်းလိုက်သည်။
ချင်ယွန်က သူ့လက်လေးကို ကိုင်ထားပြီး စိတ်အားငယ်စွာ ကြည့်နေသည်။
နှစ်ယောက်သား ခဏအကြာ တစ်ယောက်နှင့် တစ်ယောက် စိုက်ကြည့်နေကြသည်။ ရှ့န်ခယ်က သူက ဘာမှ မပြောမည်မှန်း သိနေသည့်အတွက် ချင်ယွန်လက်ကို ဆွဲကာ လက်ချောင်းပေါ်ရှိ နီလာလက်စွပ်ကို ကြည့်နေလိုက်သည်။ ထို့နောက် သူက မော့ကြည့်လိုက်ပြီး သူ့လက်ကို မြောက်ပြရင်း ဟိုဘက်ဒီဘက် လှန်ကာ မေးလိုက်သည်   "ချင်ယွန် ကျွန်တော်လက်မှာ တစ်ခုခု လိုနေတယ် မထင်ဘူးလား...."
ချင်ယွန်က ခဏတာ သေချာကြည့်လိုက်ပြီး ပြန်ဖြေလိုက်တော့သည် "ဖြူဖွေးပြီးတော့ နူးညံ့ချောမွတ်တယ် ပြီးပြည့်စုံတဲ့ လက်လေးပဲ...."
ရှန့်ခယ် "......" တကယ်ကို မခံစားတတ်လိုက်တာ ခင်ဗျားကြီး နောက်ထပ် သူငယ်ချင်းထားဖို့ တားမြစ်တယ်....
သူက "ခင်ဗျားကြီးကို ကယ်တင်ချင်ပေမဲ့ ကျွန်တော် နှလုံးသား က ပင်ပန်းနေပြီ..." ဟူသော အမူအယာကို ပြသရင်း နောက်လှည့်ကာ သူနှင့် မိတ်လိုက်မည်ကို ငြင်းပယ်လိုက်တော့သည်။
……………..
နောက်တစ်ရက်တွင် အလိုဆန္ဒတွေ မပြည့်သည့် ချင်ယွန်က တစ်နေ့တာလုံး စိတ်မကြည်ပေ။ ထို့အပြင် သူ့ရှေ့တွင် တွယ်တာပြနေသော လက်ထပ်ပြီးစ ဖောက်သည်ဆီ ရောက်သွားသေး၏။ သူက သူတို့ကို ဆုတ်ဖြဲပစ်ချင်ပြီး အချစ်မြစ်ထဲကနေ သေဆုံးခြင်းပင်လယ်ထဲ ရောက်အောင် ကန်ချပစ်ချင်သည်။
သူတို့ ပြန်ခါနီးတွင် ဖောက်သည်၏ ဇနီးဖြစ်သူက ရုတ်တရက် မေးလိုက်သည် "ဒါရိုက်တာချင် ရှင်က စေ့စပ်ပြီးသွားပြီလား..."
ချင်ယွန်က ငြင်းဆန်လိုက်သည် "မစေ့စပ်ရသေးပါဘူး.."
ဇနီးသည်က ပြုံးကာ "ရှင်က လက်စွပ်ဝတ်ထားတာဆိုတော့ စေ့စပ်ပြီးသွားပြီ မှတ်နေတာ "
ချင်ယွန်က ကြောင်သွားလေသည်။ သူ့လက်တွင် ဝတ်ဆင်ထားသော နီလာလက်စွပ်ကို ကြည့်လိုက်ပြီး သူ့စိတ်က ရှာဖွေတွေ့ရှိသွားသည်။ မနေ့က မီးတောက်လေး မေးခဲ့သည့် မေးခွန်းကို သတိရသွားတော့သည် "ကျွန်တော်လက်မှာ တစ်ခုခု လိုနေတယ် မထင်ဘူးလား...."
သူ ဘယ်လိုတောင် တုံးရတာလဲ.....

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now