အပိုင်း ၅၆ ။ဖီလ်မောဘဝ

6.5K 1.1K 10
                                    

[Zawgyi]

"ဆရာ ကျွန်တော်တို့ ဗီအာမြို့ရဲ့ အချက်ပြစခန်းဆီ အောင်အောင်မြင်မြင် ချိတ်ဆက်နိုင်ပါပြီ ဒါပေမဲ့ အချက်ပြက အတော်လေး မငြိမ်မသက်ဖြစ်နေတယ် ကျွန်တော်တို့ ကုဒ်တစ်ခု အတိုချုံးထုတ်လွှင့်ဖို့ အတော်လေး မညီမညာဖြစ်နေတဲ့ အခြေခံအချက်အပေါ်က မြင်ကွင်းကိုပဲ ထောက်လှမ်းနိုင်ပါမယ်"
ဆက်သွယ်ရေးက သတင်းတင်ပြလာလေသည်။

ထိန်းချုပ်ရာဘောင်ကွက်ရှေ့တွင် အမျိုးသားတစ်ယောက်က စစ်တပ်ယူနီဖောင်းဝတ်ထားပြီး ခပ်မတ်မတ်ရပ်ကာ မျက်တောင် မခတ်တမ်းစိုက်ကြည့်နေသည်။ သူ့ချောမောလှသည့် မျက်နှာပြင်ပေါ်မှ အစိတ်အပိုင်းများမှာ အင်မတန်ကွဲပြားသည်။ သူက အသက်၃၀အရွယ်ဝန်းကျင်လောက်သာ ရှိသေးပြီး ပခုံးထပ်မှ တံဆိပ်မှာ ဗိုလ်မှူးချုပ်ဖြစ်ကြောင်း ပြနေသည်။

မျက်နှာပြင်ပေါ်တွင်တော့ နှစ်ဆယ့်လေးမျိုးသော မတူညီသည့် မြင်ကွင်းများရှိပြီး ကင်မရာထောင့်မျိုးစုံမှ ရိုက်ယူထားတာဖြစ်သည်။ မြင်ကွင်းများမှာ ဆိုးရွားလှသည့် ဆက်သွယ်ရေးအခြေအနေကြောင့် ငြိမ်သွားလိုက် လှုပ်လာလိုက်နှင့်ဖြစ်နေသည်။

"အာ...အုပ်ချုပ်သူအရာရှိလက်စွပ်ကို အခုဝတ်ထားတဲ့ ဒုဗိုလ်ကဘယ်သူလဲ"
ဗိုလ်မှူးချုပ်ဘေးရပ်နေသည့် ဗိုလ်ကြီးတစ်ယောက်က မေးကာ ဗီဒီယိုများထဲမှ တစ်ခုကို စိုက်ကြည့်ရင်း မြင်ကွင်းကြောင့် လုံးလုံးလျားလျား အံ့သြမှင်သက်နေသည်။

ဗီဒီယိုထဲတွင်တော့ ငယ်ရွယ်သည့် ဒုဗိုလ်လေးက စစ်သားများကို အင်းဆက်များအား တိုက်ခိုက်ရန် အမိန့်ပေးနေသည်။ သူ့အမူအရာက မတွေယေမယိမ်းယိုင်သည့် ဆုံးဖြတ်ချက်အပြည့်နှင့် ဖုန်မှုန့် အနည်းငယ် ပေကျံနေသည်။ မျက်ဝန်းများက တောက်ပပြီးစူးရှကာ ညာဘက်လက်တွင်တော့ ရက်စက်လှသည့် တိုက်ပွဲအတွင်း တလက်လက်တောက်ပနေသော အုပ်ချုပ်သူအရာရှိလက်စွပ်ဝတ်ထားသည်။

ထိုလက်စွပ်ကို ပဋိပက္ခများကြားတွင် တိုက်ပွဲအရာရှိပေါ်အပေါ် တာဝန်သတ်မှတ်ပေးထားတာဖြစ်သည်။ သူတို့မည်သူမည်ဝါဖြစ်ကြောင်း သေချာအောင်လေ့လာစိစစ်ရန် ၊ အချက်ပြအမိန့် ထုတ်ရန်နှင့် စစ်သားများကို သူတို့ရဲ့အုပ်ချုပ်သူ အရာရှိ ရှာမတွေ့၍ ဇဝေဇဝါဖြစ်မည့် အရေးကို တားရန်ဖြစ်သည်။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now