အပိုင်း ၉၄ ။ ယွဲ့ကျယ်ဘဝ

3.9K 773 13
                                    

[Zawgyi]

ဆေးရုံတွင် သုံးရက်ကြာပြီးနောက် ရှန့်ခယ်၏ ခန္ဓာကိုယ်သည် အပြည့်အဝ ပျောက်ကင်းလုနီးပါးပင်။ စိတ်ပိုင်းဆိုင်ရာ အားကုန်ခမ်းနေခြင်းမှလွဲ တခြားအစိတ်အပိုင်းများအားလုံး အတော်လေး ပြန်လည်သက်သာနေချေပြီ။

လုရှုဖန် ဆေးရုံခန်းထဲ လျှောက်လာချိန် ရှန့်ခယ် ခေါင်းအုံးကို မှီလျက် တင်ပြမှုများထဲ ခေါင်းနှစ်နေရင်း ဘေးတွင် စာချုပ်ထိန်းသိမ်းသူနှစ်ယောက် ထိုင်စောင့်နေသည်ကို မြင်လိုက်ရ၏။ လုရှုဖန် သူ့ကိုမျက်နှာသေဖြင့် ကြည့်လိုက်သည်။

လူသုံးယောက်သည် လုရှုဖန်၏ ဝင်ရောက်မှုကို သတိထားမိသွားခဲ့ပြီး တစ်ချိန်တည်းခေါင်းမော့လာကြသည်။ စာချုပ်ထိန်းသိမ်းသူနှစ်ယောက်က တစ်ချက်မျှသာ ကြည့်ပြီး ရှန့်ခယ်ဆီ အကြည့်ပြန်ရောက်သွားသည်။ ရှန့်ခယ် အင်မတန်သဘာဝကျစွာဖြင့် လုရှုဖန်ကို ယဉ်ယဉ်ကျေးကျေးလှမ်းကြည့်ပြီး တိတ်တဆိတ် နှုတ်ဆက်လိုက်သည်။

လုရှုဖန် သုံးယောက်ကိုကြည့်ရင်း ထူးဆန်းသောခံစားချက် သူ့နှလုံးသားထဲတွင် ပေါက်ဖွားလာခဲ့သည်။ ဤစာချုပ်ထိန်းသိမ်းသူနှစ်ယောက်သည် ဆေးရုံခန်းထဲ သူ့ခွင့်ပြုချက်နှင့် ဝင်ရောက်လာခဲ့ပြီး သူတို့နှင့်အရင်ဆက်ဆံမှုများသည် ထူးထူးခြားခြားမရှိခဲ့ပေ။ သို့သော်ငြား သူတို့ ရှန့်ခယ်နှင့်တူတူရှိချိန် နှစ်စု၏ကွဲပြားမှုသည် သိသာလှသည်။

စာချုပ်ထိန်းသိမ်းသူများ၏ အမူအရာများသည် ခံစားချက်ကင်းမဲ့နေသော မျက်ဝန်းများနှင့် အသက်ဝင်မှုမရှိသည်မှာ သူတို့ကိုယ်ပိုင်ကမ္ဘာထဲနစ်မျောနေတတ်သည့် အော်တစ်ဇင်ကလေးများကဲ့သို့ အသက်မပါကြပေ။ သို့သော်လည်း ရှန့်ခယ်သည် သူတို့နှင့် လုံးဝခြားနား၏။ သူ့မျက်နှာတွင် အမူအရာများများစားစားမပြချိန် မျက်ဝန်းများကတော့ ကြည်လင်နေသည်မှာ အဆုံးမရှိ ချောက်နက်ကြီးနှင့် သူမြင်သမျှအား သဘောပေါက်နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည့်အတိုင်းပင်။

သူ့ယခင်ကယုံကြည်မှုများသည် အနည်းငယ်အခြေအမြစ်မရှိ စွဲလမ်းမှုဟု ခပ်ရေးရေး သဘောပေါက်နားလည်ခဲ့သည်။ စာချုပ်ထိန်းသိမ်းသူအားလုံးသည် အတူတူဟု တွေးမိခဲ့သည်။ တကယ်တမ်းကျ ရှန့်ခယ်သည် သူတို့ထက် ခေါင်းရောပခုံးများပါ မြင့်တက်နေလေသည်။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now