အပိုင်း ၆။ ​ကေ့(ခ်ျ​)ဘဝ

16.8K 2.1K 68
                                    

[Zawgyi]

"ကိုယ်​တို့ ​မင်းအ​ဖေရဲ့ အ​မွေကိုဆက်​ခံဖို့ ​ဂေဘရီရယ့်​ ​နေရာမှာ ရွိုင်းကိုထားလိုက်​ရင်
မင်းသ​ဘောတူမှာလား "

အင်း သ​ဘောတူတာ​ပေါ့ !
ဖြစ်​နိုင်​တာက ရာဗယ်​(လ်​)လည် ​ဂေဘရီရယ်​ရဲ့
စိတ်​ထား​သေးသိမ်​ပုံနဲ့ဟန်​မကျတဲ့စိတ်​ဓာတ်​ကိုများ သိသွားတာများလား

ကောင်​​လေး​ခေါင်းညိတ်​တာကိုရာဗယ်​(လ်​)မြင်​​တော့ သူကဘာမှပြန်​မ​ပြောပဲ ​ခေါင်း​လေးကိုခပ်​ဖွဖွပွတ်​လိုက်​တယ်

အဲ​တော့မှာပဲ ရှန့်​ခယ်​ သတိထားမိ​တော့တယ်​ ရာဗယ်​(လ်​)ရဲ့ညာဘက်​လက်​ဖ၀ါးမှာ မှဲ့တစ်​လုံးရှိ​နေတာပဲ လက်​ဖ၀ါး​ပေါ်မှဲ့ရှိသူ​တွေက ချမ်းသာရုံတင်​မဟုတ်​ဘူး အရည်​အချင်းရှိတဲ့​ခေါင်း​ဆောင်​​တွေလို့လည်းဆိုကြတယ်​ တစ်​ချို့သူ​တွေ​ပြောတာကြ​တော့ အရင်​ဘ၀​တွေတုန်း​က သူတို့ရဲ့ဖူးစာဖက်​​တွေနဲ့ မ​ပေါင်းစည်းခဲ့ရလို့ ဒီဘ၀မှာ သူတို့ချစ်​သူကို ပြန်​​တွေ့ဖို့အခွက့်​အ​ရေး​ပေးတာလို့လည်း​ပြောကြတယ်​ ဒါ​ပေမဲ့ ဗုဒ္ဓဘာသာဝင်​​တွေအယူက​တော့ ​ယေဘုယျအားဖြင့်​ လက်​​ပေါ်မှဲ့ပါတာဟာ တခြားသူ​တွေကိုဒုက္ခ​ပေးတယ်​လို့ယုံကြည်​ကြတယ်

နောက်​ဆုံးနှစ်​ချက်​ကိုစစ်​​ဆေးလို့မရ​ပေမဲ့ သူ့​ရှေ့က ရာဗယ်​(လ်​)က​တော့ ချမ်းသာပြီးအရည်​အချင်းရှိတဲ့​ခေါင်း​ဆောင်​ပဲ ဘ၀မှာအရည်အေ​သွးနှစ်ခုလုံး​ပိုင်​ဆိုင်​ထားတဲ့သူပဲ

ရာ​ဗယ်​(လ်​)ကတကယ်​​တော့သုံးချက်​လုံးနဲ့ကိုက်​ညီတယ်​ဆိုတာရှန့်​ခယ်​မသိခဲ့ဘူး

"​နောက်​ကျ​နေပြီ ပြန်​ကြရ​အောင်
ကိုယ်​မင်းနဲ့ညစာတူတူစားမယ်​"
ရာဗယ်​(လ်​) ရှန့်​ခယ်​ကို လူနာခန်းထဲ
ပြန်​တွန်းသွားပြီး သူနာပြုကို အစားအ​သောက်​​တွေယူလာဖို့မှာလိုက်​တယ်

ရှန့်​ခယ်​စားတဲ့ဟာမှန်​သမျှရာဗယ်​(လ်​)စားတယ်
ဘာမှမပါတဲ့ရိုးရှင်းလွန်းတဲ့ဆန်​ပြုတ်​တစ်​ခွက်​ဆိုရင်​​တောင်​ မျက်​နှာတစ်​ချက်​မ​ပြောင်းပဲ စားတယ်​ ဒီအချက်​​ကြောင့်​ ရှန့်​ခယ်​ သူ့ကို​လေးစားမိတယ်

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now