အပိုင်း ၉၇ ။ ယွဲ့ကျယ်ဘဝ

3.1K 625 7
                                    

[Zawgyi]

ဆရာဝန်များ ရှန့်ခယ်၏ကျောမှ ကျောက်စရစ်ခဲများစွာ ဆွဲထုတ်ရသောကြောင့် ခွဲစိတ်မှုသည် ဆယ်နာရီကျော်ကြာမြင့်ခဲ့သည်။ တစ်ပိုင်းဆိုလျှင် သူ့အဆုတ်များထဲ ဝင်စိုက်လုနီးပါးပင်။ ခွဲစိတ်မှုပြီးဆုံးသွားတာတောင် ရက်အနည်းငယ် စောင့်ကြည့်မှုအောက် ထိန်းသိမ်းထားရန်လိုသေး၍ အသက်အန္တရာယ်မှ လွတ်မြောက်ပြီဟု ပြောရန် စောလွန်းသေးသည်။

ရှန့်ခယ်ကို ဗွီအိုင်ပီ အရေးပေါ်စောင့်ရှောက်မှု ဝန်းထဲပို့လိုက်၍ လုရှုဖန် ရှန့်ခယ်ဘေး‌သာနေသည်။ သူ လှုပ်ရှားမှုတစ်စုံတစ်ရာမရှိသော ထိုလက်များကိုဆုပ်ကိုင်လိုက်သည်။

သူ့လက်ကောက်ဝတ်ပေါ်ရှိ ဆက်သွယ်ရေးကိရိယာသည် တုန်ခါသွားပြီး ဤဖြစ်စဉ်ကိုစုံစမ်းနေသော ဗိုလ်ကြီးဆီမှ ပဏာမ အစီရင်ခံစာတင်ပြလာသည်။ ပေါက်ကွဲမှုဖြစ်စဉ်ပုံစံနှင့် အကျိုးအပဲ့များ၏ လက်ကျန်ပေါ်အခြေခံပြီး ဤဖြစ်ရပ်သည် အဝေးမှ အသက်သွင်းခဲ့သော ဗုံးလေးတစ်လုံး၏ လုပ်ရက်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ဂျေးဟုခေါ်သော စာချုပ်ထိန်းသိမ်းသူ၏ ခန္ဓာကိုယ်ထဲတွင် အချက်ပြအာရုံခံကိရိယာရှိနေပုံပင်။ သက်တော်စောင့်ထံမှ သတိပေးမှုသည် တစ်ဖက်အား ခြောက်လှန့်မိသလိုဖြစ်သွားကာ ဗုံးကိုအဆောတလျင် ဖောက်ခွဲစေခဲ့သည်။

"ဖြန့်ဝေရေးစင်တာ၊ စံအိမ်နဲ့ ယွဲ့မိသားစုနဲ့တူတူရှိနေတဲ့ စာချုပ်ထိန်းသိမ်းသူတွေကို ခန္ဓာကိုယ်ပိုင်းတွေစစ်ဆေးဖို့ လူငှားလိုက်"
လုရှုဖန် ဤတိုက်ခိုက်မှုသည် ရှန့်ခယ်အစား သူ့အတွက်ရည်ရွယ်သည်လား မသေချာပေ။ မည်သို့ပင်ဖြစ်ဖြစ် တစ်ဖက်လူသည် စာချုပ်ထိန်းသိမ်းသူများအား သူတို့လက်နက်အဖြစ်အကျိုးရှိရှိအသုံးချခဲ့သည်။

အမိန့် ထုတ်ပြန်ပြီးနောက် ဗိုလ်ကြီးသည် စစ်‌ဆင်ရေးစတင်တော့၏။ သူတို့ သက်သေရှာမတွေ့သော်ငြား စစ်ဆေးမှုပြီးမြောက်ရန် တစ်ရက်သာ လိုခဲ့သည်။ စစ်ဆေးမေးမြန်းခြင်းခံရသည့် စာချုပ်ထိန်းသိမ်းသူတစ်ယောက်က လွန်ခဲ့သည့်ရက်အနည်းငယ်က တိုက်ခိုက်ခံခဲ့ရကြောင်း ထုတ်ဖော်ပြောလေသည်။ သူ့စိတ်ထဲတွင် အကြမ်းဖက်မှုဆန့်ကျင်ရေး ကတိစာချုပ်ကို စိတ်ထဲတွင်မှတ်ထားကာ ပြန်လည်တိုက်ခိုက်ခဲ့သည်။ သူ တစ်ဖက်သူ၏တိုက်ခိုက်မှုအား အောင်အောင်မြင်မြင် ရပ်တန့်နိုင်ခဲ့၏။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now