အပိုင်း၁၆ ။ ​ကျန်းယွီ​မော့ဘဝ

15.7K 2.1K 91
                                    

[Zawgyi]

ကျန့်​ချန်​ဖုန်း သတိထားပြီးတင်းကြပ်​လှတဲ့​စောင့်​​ကြောင့်​​မှု​တွေ​အောက်​မှာ ရှန့်​ခယ်​လည်း ပူ​ဆွေး​သောက​ရောက်စွာ​နဲ့ ခွဲစိတ်​ခန်းဝင်​ဖို့လုပ်​ရ​တော့တယ်​ ဒီအချိန်​အ​တောအတွင်းမှာ သူ ​လှေကား​ပေါ်က​နေပြုတ်​ကျဖို့ကြိုးစားတယ်​..​ရေချိုးခန်းထဲမှာဆပ်​ပြာတုံးတက်​နင်းမိပြီး​ချော်​လဲ​အောင်​လုပ်​တယ်​..အိပ်​ရာ​ပေါ်က​နေကြမ်းပြင်​​ပေါ်ပြုတ်​ကျ​အောင်​​ရောပဲ..ဒါ​ပေမဲ့​ခေါင်း​နောက်​ကိုရိုက်​မိ​အောင်​လုပ်​ရတာကလည်း
အရည်​အချင်းတစ်​ရပ်​ပဲဆိုတဲ့ အမှန်​တရားက သက်​​သေပြသွားတယ်​...

သူပြုတ်​ကျပြီးဒဏ်​ရာရသွားတဲ့​နေရာ​တွေက သူ့ရဲ့တင်​ပါးနဲ့​နောက်​​ကျောပဲ..
သူ့ရဲ့"မ​ရေမတွက်​နိုင်​တဲ့​လူသတ်​ဖို့ကြိုးစားမှု​တွေ" ​အောက်​မှာ ခန္ဓာကိုယ်​တစ်​ခုလုံး
ဒဏ်​ရာရခဲ့​ပေမဲ့​ခွဲစိတ်​ခန်းဝင်​မဲ့​နေ့အထိ သူ့​ခေါင်း​နောက်​​စေ့က သက်​သာရာရနေခဲ့တုန်းပဲ

ဟုတ်​​တာ​ပေါ့..အားကစား​နည်း​တွေမှာပါဝင်​ဖို့ သူ့အခွင့်​အ​ရေးကို​တောင်း​ဆိုဖို့လည်းမ​မေ့ဘူး ဒါ​ပေမဲ့ ရလဒ်​က​တော့ သူထွက်​​ပြေးသွားတိုင်း ကျန့်​ချန်​ဖုန်း
ဖမ်းမိပြီးပြန်​ဆွဲ​ခေါ်ခံလာရတာပဲ..အားကစားclub
တိုင်းမှာအ​တွင်းလူထည့်​ထားပြီးထွက်​​ပြေးဖို့အခွင့်​အ​ရေးတစ်​​စက်​​လေး​တောင်​မ​ပေးဘူး

ရှန့်​ခယ်​ဒါ​တွေအကုန်​လုပ်​​နေ​ပေမဲ့ ကျန့်​ချန်​ဖုန်း က​တော့မရိပ်​မိတဲ့ပုံ..သူသိတာက ရှန့်​ခယ်​ရဲအ​ခြေအ​နေကပိုပိုဆိုးလာတယ်​ပဲ..မကြာခဏ​ခေါင်းမူးပျို့အန်​ရုံတင်​မဟုတ်...​​သူ့​ခြေ​ထောက်​လက်​​ထောက်​​တွေလည်းထုံကျဉ်​ပြီးအားနည်းလာကာ လမ်း​တောင်
သေချာမ​လျှောက်​နိုင်​​တော့ဘူးဆိုတာပဲ ရှန့်ခယ်​ရဲ့
တစ်​​နေ့တစ်​ခြားဆိုးဆိုးလာတဲ့အ​ခြေအ​နေ​ကြောင့်
ကျန့်​ချန်​ဖုန်း လည်း ရှန့်​ခယ်​အခန်းထဲ​ပြောင်း​နေလိုက်​ပြီး ကိုယ်​တိုင်​ကိုယ်​ကျ အကြင်​နာ​ဆုံး ဂရုစိုက်​​ပေး​တော့တယ်

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now