အပိုင်း ၅၉ ။ ဖီ(လ်)မောဘဝ

6.2K 1K 19
                                    

[Zawgyi]

Malgevကားက မြို့​တော်​၏ နံပါတ်​၁ စစ်​တက္ကသိုလ်​​ကျောင်းဆီ သီးသန့်​လမ်း​ကြောင်းမှတစ်​ဆင့်​ဝင်​လာ​လေသည်​။ ရွိုင်းက ရှန့်​ခယ်​အား အထူးအဆင့်​မြင့်​​လေ့လာမှုများသင်​ယူ​နေသည့်​လူများအတွက်​ဖြစ်​​သော အ​ဆောင်​ဆီ တန်း​ခေါ်သွား​လေသည်​။ဒီအ​ဆောင်​ရှိ အထပ်​တိုင်းမှာ အမှီအခိုကင်းသည်​။ ဒီ​နေရာတွင်​​နေထိုင်​​သောသူများအား​နှောင့်​ယှက်​သူမှာ မရှိသ​လောက်​ပင်​။ထို့​ကြောင့်​ ပတ်​ဝန်းကျင်​က တိတ်​ဆိတ်​ကာ ​သီးခြား​နေပြီး ပြန်​လည်​အားဖြည့်​ဖို့ရာ သင့်​​တော်​သည်​။

"ငါ ဆရာကြီးဆီနှုတ်​ဆက်​ပြီးပြီမို့ မင်းအခုဒီမှာလွတ်​လွတ်​လပ်​လပ်​အ​ခြေချလို့ရတယ်​ ပြီးရင်​ မင်းကို ဂုဏ်​ထူး​ဆောင်​ဆုပြင်​ဆင်​မှုနဲ့လုပ်​ငန်းစဉ်​ကို ရှင်းပြမဲ့ ပါရဂူတစ်​​ယောက်​ရှိလိမ့်​မယ်​"
ရွိုင်းကဧည့်​ခန်းထဲ ဝင်​လာခဲ့သည်​။ သူ၏ ထွားကြိုင်း​သောကိုယ်​ဟန်​အ​နေအထားက အ​တော်​​လေးကျယ်​သည့်​ဧည့်​ခန်းအား တစ်​နည်းနည်းဖြင့်​ ကျဉ်း​မြောင်းသွား​စေသလိုပင်​။

ရှန့်​ခယ်​က အရပ်​ပုသည်​ဟုမဆိုနိုင်​​သော်​ငြား ရွိုင်းတွင်​ရှိသည့်​ ဘေးပတ်​လည်​မှ အ​ငွေ့အသက်​အားဖိသိပ်​ပစ်​နိုင်​ကာဝင်​သွားသည့်​ဘယ်​အခန်းကိုမဆို လွှမ်းမိုးနိုင်​​သော တည်​ရှိမှုမျိုး သူ့တွင်​မရှိ​ပေ။

"​ကျေးဇူးတင်​ပါတယ်​"
ရှန့်​ခယ်​ကလွယ်​အိတ်​ကိုချပြီး ​နေရာအား​လေ့လာ​နေသည်​။ အခန်းတစ်​ခန်း၊ ဧည့်​ခန်းတစ်​ခန်းနှင့်​ မီးဖို​ချောင်​ပါကာ အိမ်​တစ်​အိမ်​တွင်​လိုအပ်​​သော အသုံးအ​ဆောင်​ပစ္စည်းများနှင့်​ သန့်​ရှင်းသပ်​ရပ်​​နေသည်​။ သူ​ခေါင်းတညိတ်​ညိတ်​ဖြစ်​​နေသည်​။ ဒီ​နေအိမ်​အသစ်​မှာ​ကျေနယ်​ဖွယ်​​ကောင်းသည်​။

သူ အိပ်​ရာကိုစစ်​​ဆေးကြည့်​ပြီး​နောက်​တွင်​ ရှန့်​ခယ်​တစ်​ဖက်​လှည့်​လာချိန်​ ထိပ်​တိုက်​တိုးလုနီးပါးဖြစ်​သွားသည်​။သူက တံခါး​ပေါက်​ဝတွင်​ရပ်​​နေပြီး ကိုယ်​ဟန်​အ​နေအထားက ပြီးပြည့်​စုံစွာ ​ဖြောင့်​မတ်​​နေသည်​။alphaတစ်​​ယောက်​က သူ့​ဘေးပတ်​လည်​ရှိ​လေထုကို စိမ့်​ဝင်​ပျံ့နှံ့လာသဖြင့်​ သူ့ထံက​နေသာရရှိ​သော တည်​ရှိမှုမျိုးနှင့်​​ ရေး​ရေးမျှ​မွှေးသည့်​ရနံ့ကို သယ်​​ဆောင်​ထားပုံ​ပေါ်သည်​။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now