အပိုင်း ၁၂၂ ။ အိုဆာရီဘဝ (RE)

2.7K 391 40
                                    

[Zawgyi]

ရှန့်ခယ် မျက်လုံးဖွင့်လိုက်‌ချိန် သူ့ကိုယ်သူရေခဲဂူထဲရောက်နေတာ မြင်လိုက်ရတယ်။ ထပ်ပြီးတော့ ဝိညာဉ်အခြေအနေ ဖြစ်နေပြန်ပြီ။ သူ့ခန္ဓာကိုယ် ဒါမှမဟုတ် အိုဆာရီခန္ဓာကိုယ်လို့ပြောရမဲ့ကိုယ်က ရေခဲတွေလွှမ်းနေတဲ့ ရေခဲခေါင်းတလားထဲ ‌လဲလျောင်းနေတယ်။

ဟမ်၊ တစ်ခုခုလွဲနေတာလားဟေ။ သူဘာလို့ ဝိညာဉ်အခြေအနေ ဖြစ်နေသေးတာလဲ။

【မူလခန္ဓာကိုယ်ပိုင်ရှင်က သေသွားပြီမို့ ကာယပိုင်းပြုပြင်မှုဆောင်ရွက်နေရပါတယ်၊ ၇နှစ်ရက်ကြာမယ်လို့ ခန့်မှန်းပါတယ်】

ဆိုလိုတာက သူ ခုနှစ်ရက်နေရင် 'အယောင်ဆောင် သေဆုံးမှု' ကနေ ထွက်လာရမယ်ပေါ့။ ဒါ တကယ်အဆင်ပြေရဲ့လား။

【ဒီကမ္ဘာမှာ သေရာကနေပြန်ရှင်သန်လာတဲ့အဖြစ်အပျက် သာဓကတချို့ရှိပါတယ်၊ တချို့လူတွေမှာ ခန္ဓာကိုယ်ထဲ ကိန်းအောင်းနေတဲ့ ပြန်လည်ရှင်သန်မှု ဗီဇတွေ ကိန်းအောင်းနေတတ်ပါတယ်၊ ခန္ဓာကိုယ်ကို ကောင်းကောင်းထိန်းသိမ်းထားပြီး မပုတ်မသိုးသွားသရွေ့ တစ်နှစ်အတွင်း ပြန်လည်ရှင်သန်နိုင်တဲ့ ဖြစ်နိုင်ချေရှိပါတယ်၊ အခွင့်အရေးကနည်းပေမဲ့လည်း မရှိတာတော့ မဟုတ်ပါဘူး၊ ဒီလိုလူတွေကို "ဘုရားသခင်ရဲ့ အသိအကျွမ်း" တွေလို့ခေါ်ပါတယ်၊ တုရန်ရဲ့ သမိုင်းမှာ အသိအကျွမ်း ငါးယောက်ရှိခဲ့ဖူးပါတယ်】

ဒီလို ဒဏ္ဍာရီဆန်လွန်းတာမျိုး တကယ်ကြီးရှိတာလား။

"ငါသေသွားတာ ဘယ်နှစ်နှစ်ရှိပြီလဲ"

【သုံးနှစ်】

ရှန့်ခယ်ဆွံ့အသွားတယ်။
"..."

တစ်နှစ်အတွင်း ပြန်လည်ရှင်သန်ဖို့ ဖြစ်နိုင်ချေရှိတယ်လို့ ပြောခဲ့တာမဟုတ်လား။ သုံးနှစ်တောင်ရှိသွားပြီဟ။ System သာ သူ့ကို cheatတွေမပေးရင် သူလုံးဝကိုသေသွားပြီ။ ပိုပြီးတော့တောင် အံ့ဩဖို့ကောင်းတာက တစ်စုံတစ်ယောက်က သူ့အလောင်းကို သုံးနှစ်တိတိ ပုံပန်းမပျက် အကောင်းအတိုင်း ထိန်းသိမ်းထားတာပဲ!

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now