အပိုင်း ၉၁ ။ ယွဲ့ကျယ်ဘဝ

3.8K 807 16
                                    

[Zawgyi]

"အဖေ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ကျွန်တော့်အတွက် အခမ်းအနားပွဲကြီး စီစဉ်ကျင်းပပေးခဲ့ပြီးတော့ ယွဲ့မိသားစုဝင်အားလုံးကို ကျွန်တော်ဟာ ယွဲ့မိသားစုမျိုးရိုးဆက်ခံသူလို့ ကြေငြာခဲ့တယ်"
ရှန့်ခယ်က ဘယ်ဘက်လက်ကို ဆန့်ထုတ်ပြီး ဘယ်ဘက်လက်ညှိုးပေါ်တွင် မိသားစုတံဆိပ်ထွင်းထားသော ချိတ်တံဆိပ်ငယ်လက်စွပ် ဝတ်ဆင်ထား၏။
"ယွဲ့လက်စွပ်ကဒီမှာ၊ အရင်တုန်းက က‌တိပေးမြှုပ်နှံမှုကလည်း ဒီမှာပဲ"

သခင်မကြီးချန်းနှင့် ယွဲ့ရွှမ်တို့၏ အမူအရာများက ချက်ချင်းတွ့န်ရှုံ့ကုန်ကြတော့သည်။ သူတို့ ယွဲ့ကျယ်အား မောင်းထုတ်ရန် အာရုံစိုက်လွန်းခဲ့၍ ချိပ်တံဆိပ်ငယ်လက်စွပ်အား ပြန်လည်ရယူထားရန် မေ့သွားခဲ့သည်။

"ယွဲ့ကျယ်၊ ယွဲ့လက်စွပ်ကိုဝတ်ထားရင်တောင် မင်းက ယွဲ့မိသားစု အမွေဆက်ခံသူမဟုတ်တော့ဘူး"
ယွဲ့ရွှမ်သည် ထပ်လောင်းမပြောဆိုဘဲ မနေနိုင်တော့ပေ။

ရှန့်ခယ် သူ့ကိုလျစ်လျူရှုကာ ယွဲ့ချန်ကိုသာ ကြည့်နေ၏။
"အဖေ ကျွန်တော့်ရဲ့ အမွေလောင်းလျာအဆင့်အတန်းကို ပြန်လည်ရုတ်သိမ်းမှာလား"

ယွဲ့ချန် အကျဉ်းအကျပ်ထဲ ပိတ်မိနေ၍ အမူအရာတောင့်တင်းနေတော့သည်။ သူသာ ရှန့်ခယ်အား အမွေဆက်ဆံသူဆိုသည့် အဆင့်အတန်းကို ပြန်ရုတ်သိမ်းလျှင် သူနှင့်ယွဲ့မိသားစုဆက်ဆံရေးကို ပြတ်စဲရာလည်းကျသွားလိမ့်မည်။ ဆိုလိုသည်က သူ ယွဲ့မိသားစုကို မည်သည့်အကူအညီမှ ပေးမည်မဟုတ်။ သူ ရှန့်ခယ်အား အ‌မွေဆက်ခံသူအနေနှင့် သတ်မှတ်လျှင်လည်း မိသားစုသစ္စာရှိမှုခံစားချက်အားလုံး ပျောက်ဆုံးနေသော စာချုပ်ထိန်းသိမ်းသူဆီ ယွဲ့မိသားစုအား လွှဲပြောင်းပေးသည့်သဘောဖြစ်သွားမည်။ ယွဲ့ကျယ်သည် အခုလုရှုဖန်လူဖြစ်သည်ကိုမဆိုနှင့် ရှန့်ခယ် သေဆုံးသွားလျှင် လုရှုဖန်သည် ယွဲ့မိသားစုကို အပြည့်အဝ ခံစားခွင့်ရသွားမည်။ ထိုအချိန်ကျော်လွန်သွားလျှင် ယွဲ့မိသားစုသည် သူတို့နာမည်အား အလုံးစုံပြောင်းလဲလိုက်ရမည်ကိုပင် စိုးရိမ်မိသည်။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now