အပိုင္း ၁၀၅ ။ Unos ဘဝ

2.3K 377 6
                                    

Translator - nightmirror010

[Unicode]

"မင်း yi အင်ပါယာမှာနေထိုင်နေတဲ့အချိန်အတွင်းငါစောင့်ကြည့်တာကိုလက်ခံနိုင်ရင်မင်းငါရဲ့အင်ပါယာမှာနေထိုင်နိုင်တယ်"
စစ်နတ်ဘုရားဟာရီစရာပြောပြီးတာနဲ့ပြန်လည်ထွက်ခွာသွားတယ်။
ရှန့်ခယ်ရဲ့မျက်နှာဖုံးမှာ သူ့ရဲ့ပျော်ရွှင်ပုံကို မြင်နေရတဲ့အချိန်မှာပဲ ရှန့်ခယ်ရဲ့စိတ်အတွင်းမှာတော့အောင်မြင်တဲ့သင်္ကေတတွေ ဖြစ်ပေါ်နေခဲ့တယ်။
╰(*^▽^*)╯
Neil ဟာသူမျက်နှာဘေးမှာဘာမှန်းမသိနေတဲ့ပုံစံတွေပေါ်လာရင်းမေးခဲ့သည်။
"မင်းကစောင့်ကြည်ခံနေရတာတောင်မှ ပျော်နိုင်သေးတယ်တဲ့လား။ "
ရှန့်ခယ်ဟာ Neil ကိုဖျက်ကနဲကြည့်လိုက်တယ။
'(﹁"﹁)' 'မင်းနားမလည်ပါဘူးကွာ စစ်နတ်ဘုရားအပါအဝင်အခြားနတ်ဘုရားတွေနဲ့ နှစ်ပေါင်းရာချီ တိုက်ခိုက်ခဲ့တဲ့ မကောင်းမှုနတ်ဘုရားတစ်ယောက်အနေနဲ့ဆိုရင် မြင်လိုက်တာနဲ့မသတ်ရုံသာမက ရွက်သစ်ထွက်ဖို့အခွင့်အရေးတောင်ပေးသွားသေးတယ်။ ဒီအခွင့်အရေးကအလွန်ရှားပါတဲ့အခွင့်အရေးပဲဟာကို'
ရှန့်ခယ်ဟာ ကောင်းမွန်တဲ့စတင်ခြင်းကိုရခဲ့တာကြောင့် ခံစားချက်တွေကောင်းနေကာ သူရဲ့မျက်နှာဖုံးကပုံမှန်ထက်ကို တွန့်လိမ်ကောက်ကွေးနေရင်တောင်မှ သူစိတ်ရှိမှာကိုမဟုတ်ဘူး။ သူဟာအံအားသင့်နေတဲ့အချစ်နတ်ဘုရားကို နှုတ်ဆက်ဝေ့ယမ်းပြီးနောက် cloud nine ပေါ်သို့လွင့်မျောကာသူရဲ့အခန်းထဲသိုပြန်လည်ဝင်ကောက်သွားခဲ့တယ်။ (cloud nine ပျော်ရွှင်နေလို့ခြေထောက်တောင်မြေမထိတော့ဘူးပြောတာနေမယ်။)
၃ရက်ကြာပြီးနောက်မှာတော့ မင်းသားရဲ့ကြင်ယာတော်ရွှေးပွဲဟာတရားဝင်စတင်ကျင်းပခဲ့သည်။ shu မျိုးနွယ်စုဝင်တွေဟာ ဂရုတစိုက်ကြိုတင်ပြင်ဆင်ကြကာ ကပွဲမှာ Tima ကိုဝန်းရံကြသည်။ ရှန့်ခယ်ဟာလည်းသူရဲ့ ဝိညာဉ်ပုံစံသို့ပြောင်းကာသူမရဲ့နောက်သို့လိုက်လာခဲ့၏။
မူလမကောင်းမှုနတ်ဘုရားဟာ Tima ရွေးချယ်ခံရရေးအတွက် အခြားမိန်းကလေးတွေကို လျှို့ဝှက်စွာကျိန်စာတိုက်ခဲ့သည်။ သူတို့ကိုအမှန်တကယ်ဒဏ်ရာရစေတာ (ဒါမှမဟုတ်) မကျန်းမာအောင်ကျိန်စာတိုက်ကာ ပါဝင်ဖို့ရာအခွင့်အရေးဆုံးရှုံးစေခဲ့သည်။ သို့သော် ကျိန်စာပယ်ဖျက်နိုင်တဲ့စွန်းအားကြီးနတ်ဘုရား ဥပမာ စစ်နတ်ဘုရားနဲ့လိုက်ဖက်တဲ့ အလင်းနတ်ဘုရား၊ ကျန်းမာရေးအပေါ်ကိုင်တွယ်နိုင်တဲ့စွမ်းအားပိုင်ရှင် ကုသခြင်းနတ်ဘုရား၊ (ဒါမှမဟုတ်) အရာအားလုံးအစရဲ့စောက်ရှောက်သူသဘာဝနတ်ဘုရား၊ အမှောင်ထုလို့သတ်မှတ်နိုင်တဲ့သေခြင်းကဲ့သို့နတ်ဘုရားတွေ ကဲ့သို့နတ်ဘုရားနောက်ခံရှိတဲ့ မိန်းကလေး တွေကိုတော့ကျိန်စာကအပြည့်အဝအသက်ရောက်နိုင်ချေ။ မည်သို့ပင်ဖြစ်စေ သေခြင်းနတ်ဘုရားရဲ့ယုံကြည်သူတွေဟာအလင်းနတ်ဘုရားတွေရဲ့ပိုင်နက်ကိုမဝင်ကြပေ။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now