အပိုင်း ၂၀။ အိုဆာရီဘ၀ - ယုံကြည်​ရာ

21.6K 2.1K 33
                                    

[Zawgyi]

Translator - No_Coz

ရှန့်ခယ်ရဲ့ အသိအာရုံတွေ ထွေပြားသွားပြီး နောက်လောကတစ်ခုဆီကို သူ ပို့ဆောင်ခံလိုက်ရတယ်။

သူ မျက်လုံးပြန်ဖွင့်လိုက်တော့ သူ့ရှေ့က မြင်ကွင်းက သူ့တစ်ကိုယ်လုံးစိမ့်သွားအောင်ကို အခြေအနေမကောင်းမှန်း ခံစားလိုက်ရစေတယ်။

___

ရှန့်ခယ်က ဝတ်ရုံအနက်တစ်ထည် ခြုံလွှမ်းထားတယ်။ ပြီးတော့ သွေးစက်လက်ကျနေတဲ့ ဓားတစ်လက်ကို ကိုင်ထားဆဲ။ သူ့ရှေ့တည့်တည့်မှာက လူသေအလောင်းတစ်ခု၊ ၆ နှစ် ၇ နှစ် ဝန်းကျင်ကလေးမလေးတစ်ယောက်ကတော့ သူနဲ့ ၁၀ မီတာတောင် မကွာတဲ့ အကွာအဝေးတစ်ခုမှာ ထိုင်နေတယ်။ သူမလေးတစ်ကိုယ်လုံး သွေးတွေလွှမ်းလို့၊ မျက်နှာထားမှိုင်တွေတွေနဲ့ သူ့ကို ကြည်ကြည်လင်တဲ့ မျက်ဝန်းတစ်စုံနဲ့ ကြောင်တောင်တောင် ငေးကြည့်နေတယ်။ 

ဖာခ့်...! ဒီတစ်ခါ သူ ဝိဉာဉ်ပြောင်းလွှဲရောက်လာရတဲ့ မူလပုဂ္ဂိုလ်က ကွင်းဆက်လူသတ်သမားများလား...။ ဒီလောက် သွေးချင်းနီနေတဲ့ မြင်ကွင်းရယ်၊ ဒီလောက် ယုတ်မာ ဗီလိန်ကျနေတဲ့ ပုံပန်းသွင်ပြင်ရယ်က သူ့စတိုင်ကို မဟုတ်ဘူး...!

အဲ့ဒီနောက်တော့ သူ ဒီလောကရဲ့ အချက်အလက်တွေရယ်၊ မူလ ခန္ဓာပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေကိုပါ တစ်ပါတည်း လက်ခံယူလိုက်တယ်။

ဒီနယ်မြေဒေသကြီးက "တုရန်"လို့ အမည်ရတယ်။ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာတုန်းက ဤတုရန်တိုက်ကြီးရဲ့ နယ်မြေတစ်ဝက်စာလောက်ကို နေရာယူထားတဲ့ စိမ့်တောကြီးထဲက ချောက်နက်ကြီးဝယ် ထူးဆန်းသော အပင်တစ်ပင် ပေါက်လာခဲ့တယ်တဲ့။ အဲ့ဒီအပင်ကနေ ထုတ်လွှတ် လွင့်ပျံ့လာတဲ့ မကောင်းဆိုးဝါးချီစွမ်းအင်တွေဟာ စိတ်ဝိဉာဉ်ကို လှိုက်စားနိုင်စွမ်း ရှိလေတယ်။ စိတ်ဝိဉာဉ်လှိုက်စားခံလိုက်ရပြီဆိုရင် လူတွေကို မကောင်းဆိုးဝါးချီက သစ်နက်တမန်တော်အဖြစ်ပြောင်းလဲပစ်လိုက်ပြီး သတ်ဖြတ်တာ၊ ဘေးဒုက္ခတွေ ဖြစ်ပေါ်စေရာမှာ အသုံးချခဲ့တယ်။ ဒီလို နည်းတွေနဲ့ လူသားတွေရဲ့ စိတ်ဝိဉာဉ်ကို စုပ်ယူပြီး အမှောင်ဓာတ်များကို ထုတ်လွှတ်စေတယ်။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now