အပိုင်း ၉၆ ။ ယွဲ့ကျယ်ဘဝ

3.3K 636 6
                                    

[Zawgyi]

ရှန့်ခယ် ယွဲ့မိသားစု၏အမြတ်များထဲမှ သူ့ဝေစုအပြင် ကိုယ်ပိုင်စု​ဆောင်းထားသည်များကိုအသုံးပြုခဲ့ပြီး လုရှိုးဖန်၏အကူအညီနှင့်အတူ စာချုပ်ထိန်းသိမ်းသူဖြန့်​ဝေရေးစင်တာအသစ်ကို၂လအတွင်းတရားဝင်တည်​ဆောက်နိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ကြီးကြပ်မှုစနစ်များအတွဲလိုက် ထုတ်ပြန်ထားသော ဝက်ဘ်ဆိုက်တစ်ခုကိုဖန်တီးခဲ့သည်။

ကြီးကြပ်မှုကိုစာချုပ်ထိန်းသိမ်းသူများမှစီမံကြီးကြပ်မည်ဖြစ်သည်။ ၂လတစ်ကြိမ် ဤစာချုပ်ထိန်းသိမ်းသူများသည် အိမ်မှအလုပ်သွားရန်အပို့ခံရသော အခြားစာချုပ်ထိန်းသိမ်းသူများကို​ နောက်​ယောင်ခံလိုက်ခြင်းဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်မည်ဖြစ်၏။ အလုပ်ရှင်ထံမှ မည်သည့်အလုပ်ခွင်နိုင်ထက်စီးနင်းအပြုအမူကို ​တွေ့ပါ​စေ သူတို့သည်ချက်ချင်းသက်ဆိုင်ရာ အကြီးအကဲအာဏာပိုင်များကိုချက်ချင်းတင်ပြမည်ဖြစ်သည်။

အင်ပါယာတွင်နှစ်စဉ် စာချုပ်ထိန်းသိမ်းသူ​ထောင်နှင့်ချီ ဖန်တီးခံရသည်။ ​ရောဂါသည် လူတစ်ယောက် ၁၄နှစ်-၂၅နှစ်ကြားတွင်​ယေဘုယျအားဖြင့်​ပေါ်တတ်သည်။ ၃၅နှစ်​ကျော်လူများတွင်​ ရောဂါ​ပေါ်လာခဲ့လျှင် အသက်ရှင်ရန် ၁ရာခိုင်နှုန်းသာရှိ၍ စာချုပ်ထိန်းသိမ်းသူများအများစုသည် အင်မတန်ငယ်ရွယ်သည်ဟုဆိုလို၏။ စာချုပ်ထိန်းသိမ်းသူများကို ပို၍ဆွဲ​ဆောင်ရန် ရှန့်ခယ်သည် စိတ်ဗိုင်းရပ်စ်ဖယ်ရှား​ရေးခွဲစိတ်မှု၏ ကုန်ကျစရိတ်တစ်ဝက်အတွက် ဖြန့်​ဝေ​ရေးစင်တာအားသီးသန့်​ထောက်ပံ့ခဲ့သည်။ ကျန်တစ်ဝက်၅၀ရာခိုင်နှုန်းကို စာချုပ်ထိန်းသိမ်းသူအလုပ်စတင်လုပ်ပြီး​နောက် အရစ်ကျဖြင့်​ပေး​ချေနိုင်၏။

စိတ်ဗိုင်းရပ်ကူးစက်ခံရ​​သောအသိုင်းအဝိုင်းအများစုသည် သာမန်ပြည်သူများဖြစ်၍ ခွဲစိတ်ကုသ​ကြေးသည် သူတို့အတွက်သိသာလှ​သောဝန်ထုတ်ဝန်ပိုးဖြစ်သည် ။ ရှန့်ခယ်၏​ထောက်ပံ့ခြင်းက သူတို့အား ကြီးမားလှ​သောအခက်အခဲကိုကူညီ​​ဖြေရှင်း​ပေးသည်မှာ မမလွဲမသွေပင်။ ရှန့်ခယ်၏​ထောက်ပံ့မှု​ကြောင့် ဖြန့်​ဝေ​ရေးစင်တာသည်​အောင်​အောင်မြင်မြင်ဖြင့် ​မြောက်မြားလှစွာ​သောစာချုပ်ထိန်းသိမ်းသူများကိုလက်ခံရရှိခဲ့သည်။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now