အပိုင်း ၆၀ ။ ဖီ(လ်)မောဘဝ

6.2K 1.1K 35
                                    

[Zawgyi]

ဒီလူ့ကိုထမင်း​ကျွေးတာက သားရဲတစ်​​ကောင်​အဖြစ်​​ပြောင်းလဲ​စေမည်​ဆိုတာသာသိရင် ရှန့်ခယ် သူ့ကိုတစ်ကိုက်လေးတောင် ကျွေးမည်မဟုတ်ပေ!

Alpha တွေက နောက်ထပ်alphaတစ်ယောက်ကို omegaတွေလိုမျိုး အမှတ်အသားလုပ်လို့ရသလား။ ရှန့်ခယ်သိရသည့်အတိုင်းဆိုရင်တော့ မရပေ။ သူတို့က အမှတ်အသားပြုခံရင်တောင် alphaတစ်ယောက်ဟာ သူ့ကိုယ်ပိုင်ခွန်အားနဲ့ပြန်လည်ဖျက်နိုင်သည်။

အဲလိုဆိုမှတော့ ရွိုင်းက ဘာလုပ်ဖို့ကြိုးစားနေတာလဲ။ ဗိုက်ဖြည့်ပြီးတော့ ဘာမှလုပ်စရာမရှိလို့လား။ သူ့ခွန်အားကိုလာပြီးစမ်းသပ်နေတာလား။ သို့ပေမဲ့ ဒီစမ်းသပ်သည့်နည်းလမ်းကြီးက အရမ်းကို...ကိုယ်ရေးကိုယ်တာဆန်လွန်းသည်။၎င်းက မြူစွယ်တာနှင့် တစ်ပုံစံတည်းပင်!

(ရွိုင်း : ငါမြူစွယ်နေတာလေ...)

ထို့အပြင် ဒီ 'မြူစွယ်သည့်' အပြူအမူတစ်ခုက လူအုပ်ကြီးတစ်အုပ်လုံးကိုပါ ဆုပ်ကိုင်ခဲ့သည်! အပြင်ဘက်မှ Omega ဟော်မုန်းတွေက ဆန္ဒလှိုင်းလုံးကြီးသဖွယ် စီးဆင်းလာပြီး ရှန့်ခယ်အား အားနည်းစေသည်။ ကောင်တာကိုထောက်ပြီး သူ့ကိုထိန်းထားသည့်ရွိုင်းကြောင့်သာမဟုတ်ရင် သူ့ကိုယ်ပိုင်ပျော်ရွှင်မှုကိုရှာရန် မြင်းရိုင်းတစ်ကောင်ကဲ့သို့ ထွက်ပြေးသွားတာကြာလှပြီ!

ရွိုင်းရဲ့ပုံစံအရတော့ သူလည်း လွှမ်းမိုးခံနေရသည့်ပုံပေါ်ပြီး ဆန္ဒကမြင့်မားနေသည့်ပုံပင်။ ဒါပေမဲ့ သူ့ခါးကိုလာမပုတ်ဘဲ မနေနိုင်ဘူးလား! သူသာ ရှန့်ခယ်လူဆို တွန်းနေသည့်သူပဲဖြစ်ဖြစ် အတွန်းခံရသူပဲဖြစ်ဖြစ် ရှန့်ခယ်ဂရုစိုက်မည်မဟုတ်ပေ-ဒါပေမဲ့ ရွိုင်းက သူ့လူမဟုတ်!

ရှန့်ခယ် သူ့ကိုယ်ထဲတွင် အပြင်းအထန်လှုပ်ရှားနေသော ဆန္ဒများကို ငြိမ်သက်အောင် အတင်းအကြပ်ဖိအားပေးပြီးနောက် ရုတ်တရက် လှည့်လာရင်း သူ့လက်မောင်းက ရွိုင်းကို တိုက်သွားသည်။

ရွိုင်းက ခြေလှမ်းယိုင်သွားပြီး ရှန့်ခယ်လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ သူနှင့်မျက်နှာချင်းဆိုင်စေလိုက်သည်။ချွေးများက ရှန့်ခယ်နဖူးတွင်စီးကျနေသော်ငြား ပြောင်လက်နေသည့် အနက်ရောင်မျက်ဝန်းများက သူ၏တည်ငြိမ်မှုနှင့် တိုက်ခိုက်ရန်ဆန္ဒကိုပြသနေသည်။သို့သော်ငြား သူ့ပါးပေါ်မှု ခပ်စွေးစွေးအနီရောင်နှင့် ထင်းကနဲမြင်သာသည့် နှုတ်ခမ်းသားများမှာ ဖူးပွင့်နေသော ရွှယ်မေ့ပန်းများသဖွယ်ဖြစ်ပြီး လူများကို ခူးဆွတ်လိုသည့် ဆန္ဒအားဖြစ်ပေါ်စေသည်။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now