အပိုင်း ၂၀ ။ ကျန်းယွီ​မော့ဘ၀ <EXTRA>

17K 2.1K 98
                                    

[Zawgyi]

သတိ​ပေးချက်​။ ဤextra​သည်​ Raw တွင်​မပါဝင်​ခဲ့ပါ..။ မူရင်းစာ​ရေးသူက ​ရေးပြီးမှ​နောက်​ပိုင်း တွင်​ဖြစ်​လာမည့်​အ​ကြောင်းအရာနှင့်​ မကိုက်​​တော့၍ ပြန်​လည်​ဖျက်​ချခဲ့သည်​။ ​နောက်​ပိုင်းဆိုသည်​မှာ Arc 2 Re ဖြစ်​သည်​။ ဖတ်​မည်​ဆိုပါကလည်း စိတ်​ထိခိုက်​လွယ်​​နေ​သောအချိန်​မှသာဖတ်​ကြပါရန်​နှင့်​ media မှသီချင်းကိုခံစား​ပေးကြပါရန်​🔥
_______________________________
ကျန့်​ချန်​ဖုန်း.....

ကျန့်​မိသားစုနဲ့ကျန်းမိသားစုကမကြာခဏစီးပွား​ရေး အတူတူလုပ်​ကြတယ်​..ကျန်းမိသားစုရဲ့အကိုအကြီး ကျန်းတုန်းလင်​က လူ​တွေကိုကြင်​ကြင်​နာနာနဲ့ ယဉ်​​ကျေးမှုအပြည့်​ဆက်​ဆံတယ်​...ပြီး​တော့ ယဉ်​​ကျေးသိမ်​​မွေ့တဲ့စိတ်​ဓာတ်​လည်းရှိတယ်​..ဒီအချိန်​မှာ
ဒုတိယသားကျန်းယွီ​မော့က​တော့
ဝတ်​​ကောင်းစားလှဝတ်​ပြီးရှိုးထုတ်​တတ်​တဲ့ 
ပေါ့​ပေါ့စား​ပေါ့​ပေါ့​နေသူ​ဌေးသားတစ်​​ယောက်​ပုံပဲ ကျန့်​ချန်​ဖုန်း ကျန်းယွီ​မော့ သူ့ညီမကိုပိုးပန်း​နေမှန်း သိလိုက်​ရ​တော့ မုန်းတီးမှု​​တွေဖြစ်​သွားတယ်

ဒီ​နောက်​မှာ​​တော့ ကျန့်​ပါပါးကသူ့အ​ဖေကို အကူအညီတစ်​ခု​ပေးဖို့​တောင်းဆိုလိုက်​​တော့ ကျန့်​ကုမ္ပဏီမှာ ကျန်းယွီ​မော့ကို အလုပ်​သင်​ဆင်းခိုင်းတယ်​..သူလည်းဒီလူ့ကို​သေချာ​လေ့လာစူးစမ်းမယ်​လို့ဆုံးဖြတ်​ချက်​ချလိုက်​တယ်

ပထမဆုံး သူတို့ကုမ္ပဏီမှာ​​တွေ့တဲ့အချိန်​ သူ အဲသူကို မျက်​နှာသာမ​ပေးပဲဒုက္ခ​ပေးလိုက်​​သေးတယ်​..သူထင်​တာက ဒီသခင်​​လေးကသူ့​ဒေါသကိုမထိန်းနိုင်​ပဲထွက်​သွားမယ်​လို့ပဲ..ဒါ​ပေမဲ့ မထင်​မှတ်​ထားစွာပဲ သူစီစဉ်​ခဲ့တာ​တွေကို တည်​တည်​ငြိမ်​ငြိမ်​လက်​ခံတဲ့အပြင်​ တစ်​​ခွန်း​တောင်​ပြန်​မ​ပြောဘူး

ယုံတမ်းစကား​တွေအရ သူက မာနကြီးပြီးတစ်​ဖက်​သားကိုမတရားအနိုင်​ယူတတ်​တယ်​လို့သတင်းထွက်​​နေတာ..ဒါ​ပေမဲ့ ဒီပုံစံကိုကြည့်​​တော့ဒီသတင်း​တွေက ယုံလို့မရဘူးပဲ..ကျန့်​ချန်​ဖုန်း ရဲ့ ကျန်းယွီ​မော့​ပေါ်အမြင်​က အနည်းငယ်​​ပြောင်းလဲသွားခဲ့တယ်

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now