အပိုင်း ၅။ ​ကေ့(ခ်ျ​)ဘဝ

16.9K 2.2K 78
                                    

[Zawgyi]

ဂေဘရီရယ်​ သူ့လက်​​တွေကို ရှန့်​ခယ်​ရဲ့
အ​ပေါ်စီးမှာရှိတဲ့ ဘုရင်​မတစ်​ပါးပုံစံ ခါလိုက်​တယ်
"ငါဒီ​နေ့ကို​စောင့်​​နေခဲ့ရတာကြာပြီ..ဒီ​နေ့​တော့
မင်းငါ့ကို​ဒေါသထွက်​​စေခဲ့တာ​တွေအားလုံးပြန်​​ပေးမယ်​"

တစ်​ဖက်​သူကိုတစ်​ချက်​ရိုက်​ပြီးတာနဲ့ သူ့တစ်​ကိုယ်​လုံးလန်းဆန်းတက်​ကြွသွားသလိုပဲ
အရမ်းကြီးမားတဲ့လုပ်​ငန်းကြီးတစ်​ခု
အောင်​မြင်​သွားသလိုပဲ

ရှန့်​ခယ်​ သူ့ကို ​အေးစက်​စက်​သာစိုက်​ကြည့်​​နေတယ်

ဂေဘရီရယ်​ သူ့ရဲ့​ကော်​လံကို​သေချာ​ခေါက်​လိုက်​ပြီး ​ကော်​လံကြားထဲက လှိုင်း​နှောင့်​ယှက်​ကိရိယာကို လက်​​နဲ့တိတ်​တဆိတ်​ထိလိုက်​တယ်​ ပြီးတာနဲ့
ချက်​ချင်းပဲ သူ ရှန့်​ခယ်​​စောင်​ကိုဆွဲတင်​​ပေးဖို့
ငုံ့လိုက်​ပြီး ငြင်​ငြင်​သာသာ အသံနှုန်းနဲ့​ပြောတယ်
"မင်း ပင်​ပန်း​နေတဲ့ပုံပဲ ​ကောင်း​ကောင်းအနားယူ ငါ
မင်းဆီ​နောက်​တစ်​​ခေါက်​လာလည်​မယ်​ ..အင်း ​နောက်​တစ်​​ခေါက်​က​တော့ မင်းကိုနှုတ်​ဆက်​တာဖြစ်​လိမ့်​​တယ်​ မင်း အသုဘတောင်
ရောက်​​နေ​လောက်​ပြီ"

သူ့ရဲ့​နောက်​ဆုံးစကားလုံး​တွေကအရမ်းတိုးလွန်းလို့ 
ရှန့်​ခယ်​ နား ကို ထိမိ​တော့မတတ်​ပဲ...

ပြောပြီးတာနဲ့ ​ခြေတစ်​လှမ်း ပြန်​ဆုတ်​ပြီး ​monitor ကို ​ကျော​ပေးထားရင်း ​တောက်​ပတဲ့အပြုံးပြုံးပြလိုက်​တယ်​ ပြီး​နောက်​​တော့လှည့်​ပြီးထွက်​သွားတယ်

အဲစိတ်​ဓာတ်​မ​ကောင်းတဲ့​ကောင်​ရဲ့ ​ကျေနပ်​​နေတဲ့ပုံစံ က လူတစ်​​ယောက်​ကို သူ့ကိုနှစ်​ခါ​လောက်​ထိုးကြိတ်​ပါရ​စေလို့​တောင်​ဆု​တောင်းမိ​စေတယ်

မူလ ​ကေ့(ခ်ျ​)က နည်းနည်းမာနကြီးဆိုးသွမ်း​ကာ ​ဂေဘရီရယ့်​ကို​ကောင်း​ကောင်းမဆက်​ဆံခဲ့​ပေမဲ့ သူ​သေခါနီး​လေး​တော့ ဓားနဲ့​နောက်​​ကျောထိုးရ​လောက်​​အောင်​ မလိုအပ်​ပါဘူး ဟုတ်​တယ်​မလား
သူ့အမုန်းက ဘယ်​​လောက်​​တောင်​ကြီး​နေလို့လဲ ဒါ့အပြင်​ ​ကေ့(ခ်ျ​)အ​ဖေက သူ့​ကျေးဇူးရှင်​ဖြစ်​ပြီး​မွေးစားအ​ဖေ​လေ ထမင်း​ကျွေးတဲ့လက်​ကို​တော့ပြန်​မကိုက်​သင့်​ဘူး

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now