အပိုင်း ၁၄ ။ ကျန်းယွီ​မော့ ဘဝ

16.8K 2.3K 198
                                    

[Zawgyi]

အားကစားအပြင်းအထန်​လုပ်​ပြီးကိစ္စရပ်​ကြီးကြီးမားမားမဖြစ်​ခဲ့လို့ ရှန့်​ခယ်​လည်း တုန်းလင်​ တစ်​ချက်​တွန်းတာက ​ခေါင်းနဲ့နံရံရိုက်​မိမယ်​လို့ မထင်​မိခဲ့ဘူး အနည်းဆုံး​တော့ သူအကြာကြီးသတိ​မေ့​မ​နေဘူး နိုးနိုးချင်းခဏအကြာမှာပဲသူ့ရဲအ​ခြေအ​နေကို
နားလည်​သွားတယ်​ နှစ်​,နှစ်​နီးပါး သူ​အ​ခြေအ​နေတည်​ငြိမ်​နိုင်​​သေးတာက​ပြောင်းလဲသွားခဲ့ပြီ တကယ်​လို့ ခွဲစိတ်​ခန်းမ၀င်​ဘူးဆိုတာနဲ့ အ​ခြေအ​နေကလည်း ပိုပြီးဆိုးလာမှာပဲ

ရှန့်​ခယ်​ကို လူနာတစ်​​ယောက်​ခန်းထဲပို့လိုက်​ကြတယ်
ကျန်းတုန်းလင်​​ရော ​ကျန့်​ချန်​ဖုန်း​ရော ရှူချင်း​ရော ရှိ​နေတဲ့အတွက်​ သူ လှလှပပ​လေးပဲအိပ်​​ပျော်​​နေဟန်​ ​ဆောင်​လိုက်​​တော့တယ်

ကျန်းတုန်းလင်​ပ ဖုန်းကိုကိုင်​ထားပြီး ​တွေ​ဝေစွာနဲ့ ကျန်းယွီ​မော့အိပ်​ရာ​ဘေးထိုင်​​နေမိတယ်​ သူဘာ​ပြောရမှန်း​တောင်​မသိ​​တော့ဘူး..

ကျန့်​ချန်​ဖုန်း က​တော့ အိပ်​ရာ​ပေါ်လဲ​နေတဲ့
ကျန်းယွီ​မော့ ကိုကြည့်​လိုက်တယ်​ အခု​ကောင်​​လေးရဲ့ ပုံစံက ရှိ​နေကျ လန်းဆန်းတက်​ကြွမှု​တွေ ​ပျောက်​ဆုံး​နေပြီး အ​တော်​​လေးတိတ်​ဆိတ်​​နေတတ်​သွား​တော့တယ်​ သူ့​ခေါင်းက နူးညံ့တဲ့ခေါင်းအုံးထဲ နစ်​၀င်​​နေပြီး ဆံနွယ်​အချို့ကမျက်​၀န်းကိုဖုံးအုပ်​​နေတဲ့ဟန်​က ​အေး​အေးချမ်းချမ်းအိပ်​​ပျော်​​နေဟန်​​ပုံပဲ

"​ဒေါက်​တာရှူ ​ပြောတဲ့အတိုင်းဆို ကျန်းယွီ​မော့က သူ့အ​ခြေအ​နေကို လွန်​ခဲ့တဲ့လ​တွေတုန်းကတည်း
သိ​နေတယ်​​ပေါ့..."
ကျန့်​ချန်​ဖုန်း ရုတ်​တရက်​ ​မေးမြန်းလိုက်​တယ်

"ဟုတ်​တယ်​ "
ရှူချင်း​ခေါင်းညိတ်​ပြလိုက်​တယ်

ကျန့်​ချန်​ဖုန်း မျက်​၀န်း​တွေကျဉ်း​မြောင်းသွားတယ်​ သူ့ရဲ့အမူအရာကအုံ့မှိုင်းသွားတယ်

ကျန်းတုန်းလင်​ ရုတ်​တရက်​​ခေါင်း​မော့ပြီး​မေးလိုက်​တယ်
"ခင်​ဗျားသိမှ​တော့ ဘာလို့ငါတို့ကိုမ​ပြောပြတာလဲ"
သူသာသိခဲ့ရင်​ ယွီ​မော့ကို ဘယ်​လိုလုပ်​ထိခိုက်​​စေမိမှာတဲ့လဲ..

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now