အပိုင်း ၂၆ ။ အိုဆာရီဘဝ

13.4K 2.1K 157
                                    

[Zawgyi]

Translator - No_Coz

ယုံကြည်​ရာ (၆)
~~~~~~~~~~

"ငါ မယှဉ်​ဘူး..." ရှန့်​ခယ်​က မက်​စ်​ရဲ့ စိန်​ခေါ်မှုကို စကားတစ်​ခွန်းတည်းနဲ့ ငြင်းလိုက်​ပြီး သူ့ပစ္စည်းတွေ သူ သိမ်းဆည်းနေလိုက်​တယ်​။

မက်​စ်​ မျက်​မှောင်​ကျုတ်​လိုက်​မိတယ်​။ အလုပ်​ရှုပ်​နေတဲ့ ရှန့်​ခယ်​ကို ကြည့်​ရင်း သူ့ဓားတိုလေးနဲ့ ဆော့နေလိုက်​တယ်​။ ရုတ်​တရက်​ သူ အိတ်​ကပ်​ထဲကနေ ငွေဒင်္ဂါးတစ်​ခု ထုတ်​ယူလိုက်​ပြီး ရှန့်​ခယ်​ဆီ ပစ်​ပေါက်​လိုက်​တော့တယ်​။

ရှန့်​ခယ်​ရဲ့ ခန္ဓာကိုယ်​ကလည်း တုန့်​ပြန်​ပြီး အလိုလိုရေရှောင်​မိပါရဲ့။ ဒါပေမယ့်​ သူ့လှုပ်​ရှားမှုနှုန်းက သိပ်​နှေးနေတာကြောင့်​ ထိမှန်​ခံလိုက်​ရတော့တယ်​။

သူ့ဒူးတွေ ယိုင်​နဲ့သွားပြီး လဲကျတော့မလို့။ သူ့လက်​ထဲက ခွက်​တစ်​လုံးလည်း ချော်​ကျသွားပြီး မြေပေါ်ကျကာ ခွမ်းကနဲမြည်​ပြီး ကွဲသွားတော့သည်​။

ဖူဖူလည်း ထိတ်​လန့်​သွားပြီး ရှန့်​ခယ်​ဆီ အမြန်​ပြေးသွားကာ သူ့ခြေသလုံးကို တင်းတင်းကြပ်​ကြပ်​ဖက်​ထားပေးလိုက်​တယ်​။ သူမက မက်​စ်​ကို စူးစူးရဲရဲ မျက်​စောင်းထိုးနေသေးတယ်​။

ရှန့်​ခယ်​ ခြေထောက်​ကို ဖက်​တွယ်​နေတဲ့ ကလေးမလေးကို ကြည့်​ရင်း မက်​စ်​မျက်​နှာထားက ထူးဆန်းနေတယ်​။ သူ တုံ့ဆိုင်းနေမိပေမယ့်​ ပြောလိုက်​တယ်​။ "အိုဆာရီ မင်း. . ." အခုချိန်​မှာ အိုဆာရီတစ်​ယောက်​ အားနည်းချိနဲ့လွန်းလို့ ဒင်္ဂါးတစ်​ပြားတောင်​ မရှောင်​နိုင်​တော့တဲ့ အထိ ဖြစ်​နေမယ်​လို့ သူ ထင်​မထားခဲ့မိဘူး။

ရှန့်​ခယ်​ သူ့ဘက်​ကိုလှည့်​ပြီး မေးလိုက်​တယ်​။ "ငါတို့ ခိုက်​ရန်​ဖြစ်​စရာလိုလို့လား..."

သူ စကားပြောပုံက လွန်​စွာ တည်​ငြိမ်​အေးဆေးနေတယ်​။ သူ့မျက်​ဝန်းညိုညိုတွေမှာ စိုးထိတ်​ကြောက်​လန့်​ရှက်​ရွှံ့နေဟန်​ တစ်​စွန်းတစ်​စမှ မပါဘူး။ မသိရင်​ သူမေးတဲ့ မေးခွန်းက ရိုးရိုးသာမန်​မေးခွန်းတစ်​ခု ဖြစ်​နေသလိုလို။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now