အပိုင်း ၁၁၇ ။ ကျန်းယွီမော့ဘဝ (RE)

4.7K 629 10
                                    

[Zawgyi]

ရှန့်ခယ် အတော်လေးအားထုတ်ပြီး မျက်လုံးတွေကိုဖွင့်လိုက်ရတယ်။သူ့ခေါင်းပေါ်ကနေ လာတဲ့အလင်းရောင်က  အရိပ်တစ်ခုဘေးကနေ လှုပ်ရှားနေတဲ့အတွက် ပြတ်တောင်းပြတ်တောင်းဖြစ်နေတယ်။ သူ မသိမသာတုန်ရီနေတဲ့ အသံတစ်သံကိုကြားရတယ်။ ဒါပေမဲ့ အရမ်းကို တိုးတိတ်ပြီး အဓိပ္ပါယ်ဖော်ရခက်တယ်။ အဝေးကြီးကနေ လာတဲ့အသံလိုပဲ။

သူ့ရဲ့ ဇဝေဇဝါ အတွေးတွေထဲ ရှန့်ခယ် အသိစိတ်က နောက်တစ်ကြိမ် အမှောင်ထဲ နစ်မြုပ်သွားပြန်တယ်...။

"ခွဲစိတ်တာက အောင်မြင်တာမို့ မစိုးရိမ်ပါနဲ့ မစ္စတာကျန်း"

"မစိုးရိမ်ပါနဲ့လား တစ်လရှိနေပြီလေ ကျုပ်မစိုးရိမ်ဘဲ ဘယ်နေနိုင်ပါ့မလဲ"

"သခင်လေးကျန်းက ဆာဂျရီ၂ကြိမ်လုပ်လိုက်ရလို့ပါ သိသိသာသာကို သူ့ကိုယ်ကအားနည်းပြီး ငြင်းဆန်တဲ့ လက္ခဏာတွေပြလိမ့်မယ် ဒါကြောင့် အရမ်းကြီးမစိုးရိမ်ပါနဲ့ မစ္စတာကျန်း သခင်လေးကျန်း သက်သာလာမှာပါ"

"အွန်း....."
ထိုအခိုက်မှာပဲ ရှန့်ခယ် ခပ်တိုးတိုးညည်းပြီး မျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်လိုက်တယ်။ မီးအလင်းရောင်ကြောင့် သူမျက်မှောင်ကြုတ်မိလိုက်တယ်။

"ယွီမော့!" ကျန်းစုန့်က အိပ်ရာဘေးအပြေးလာရင်း သူ့မျက်နှာပေါ်မှာ ကြည်နူးနေတဲ့ အံ့သြခြင်းတွေ လွှမ်းမိုးနေတယ်။
"သားနိုးလာပြီ!"

အလင်းရောင်ကို နေသားကျအောင်လုပ်ပြီးနောက်မှာတော့ ရှန့်ခယ် ကမ္ဘာကြီးကို ပြန်မြင်ရတော့တယ်။ သူက လူနာဆောင်တစ်ခုထဲရောက်နေပြီး ကျန်းယွီမော့အဖေ ကျန်းစု့က အိပ်ရာဘေးရောက်နေတယ်။

ရှန့်ခယ် သူဘယ်အချိန်ကာလဆီ ပြန်ရောက်သွားလဲ မဆုံးဖြတ်နိုင်သေးဘူး။ သေချာတာတစ်ခုတည်းက ကျန့်ချန်ဖုန်း နေခဲ့တဲ့ ကမ္ဘာမှာ သူနောက်တစ်ကြိမ်ရှင်သန်လာခဲ့ပြီ။

ရက်တစ်ချို့ကြာပြီးတဲ့နောက်မှာ ရှန့်ခယ်က သူ့အခုလက်ရှိအခြေအနေကို အနည်းနဲ့အများ အဓိပ္ပါယ်ဖော်လာနိုင်တယ်။ သူက ကျန်းတုန်းလင်နောက် လိုက်သွားတဲ့ ကျန့်ရှင်းကို ပြေးလိုက်ခေါ်တဲ့အချိန်ဆီ ရောက်သွားခဲ့တာပဲ။ ပြီးတော့ ကျန့်ရှင်းကို သူကယ်တင်ပြီးတဲ့နောက်မှာ အရေးပေါ်ကုသမှုအတွက် အော်ပရေးရှင်းအခန်းထဲ ပို့ခံလိုက်ရတယ်။ ဒါပေမဲ့ ဒီတစ်ခေါက် ကိစ္စတွေကတော့ အနည်းငယ်ကွဲပြားသွားခဲ့တယ်။ သူ အရင်အတိုင်းကျန့်ရှင်းနောက်လိုက်သွားပေမဲ့ ကျန့်ချန်ဖုန်းကသူတို့ကို အချိန်မီကယ်တင်လိုက်နိုင်တယ်။သူတို့ လမ်းလယ်ခေါင်ဆီ အပြေးရောက်မသွားခင် အချိန်ကွက်တိရောက်လာပြီး  ကံဆိုးမိုးမှောင်ကျမဲ့ အဖြစ်ကို တားဆီးနို်င်ခဲ့လေတယ်။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now