အပိုင်း ၃၇ ။ ဘရူနိုဘဝ

11K 1.4K 11
                                    

Arc - 4 : Let me protect you III
[Zawgyi]

ရိုးဝမ်​ရဲ့ကွန်​ပျူတာကအရမ်းကိုရိုးရှင်းပြီး အသုံးပြု​လေ့မရှိတာ​ကြောင့်​တစ်​ချို့​ဆော့ဝဲလ်​​တွေဟာဘာမှ​တောင်​မသုံးရ​သေးဘူး။ ရှန့်​ခယ်​စနစ်​တစ်​ချို့ကိုပြင်​ပြီး Appတစ်​ချို့ကိုDownloadဆွဲလိုက်​တယ်​။ တကယ်​ဆိုကွန်​ပျူတာတစ်​ခုလုံးရဲ့စနစ်​ကိုဗာရှင်းမြှင့်​​ပေးနိုင်​​ပေမယ့်​ ဒါကသူ့ကိုယ်​ပိုင်​မဟုတ်​​တာ​လေ။ ဒါ​ကြောင့်​ကိုယ်​ပိုင်​ကွန်​ပျူတာရတဲ့အထိ​စောင့်​ဖို့ပဲကျန်​တယ်​။

"ခယ့်​ခယ်​ ဘာလုပ်​​နေတာလဲ '' ဖုန်းကျွမ်​ က တတပ်​တပ်​လှုပ်​ရှား​နေတဲ့ရှန့်​ခယ်​ရဲ့လက်​အနားကို ​ခေါင်း​လေးကိုင်းရင်း​မေးလိုက်​တယ်​။

ရှန့်​ခယ်​လည်းရပ်​လိုက်​ပြီး ''မင်းသင်​ချင်​လား?''

ဖုန်းကျွမ်​ကချက်​ချင်းပဲ​ခေါင်းတဆတ်​ဆတ်​ညိမ့်​ပြီး သ​ဘောတူလိုက်​တယ်​။ သူ့အတွက်​ရှန့်​ခယ်​ကအရမ်းအားကျစရာ​ကောင်းတယ်​။ သူ့ကြည့်​ရတာအရာအားလုံးကိုသိ​နေသလိုပဲ။ အင်္ဂလိပ်​စကားလည်း​ပြောတတ်​တယ်​။ စား​ကောင်းတာ​တွေလည်းချက်​တတ်​တယ်​။အခုဆို ကွန်​ပျူတာဆိုတာကြီးကိုလည်းသုံးတတ်​တယ်​။ ရှန့်​ခယ်​နဲ့ယှဉ်​ရင်​သူကဘာမှမသိဘာမှမတတ်​တဲ့ ငတုံး​လေးလိုပဲ။သူဒီလို​နောက်​ကျ​နေရတာမကြိုက်​ဘူး။

"​ကောင်းပြီ​လေ'' ရှန့်​ခယ်​၊ဖုန်းကျွမ်​ကို​ဘေးမှာထိုင်​ခိုင်းပြီး ဘယ်​လိုစသုံးရမယ်​ဆိုတဲ့အ​ခြေခံအချက်​​လေး​တွေက​နေစသင်​​ပေးလိုက်​တယ်​။

လက်​ရှိခုနှစ်​မှာ တရုတ်​ပြည်​ရဲ့လူဦး​ရေ၅၀ရာခိုင်​နှုန်း​လောက်​ပဲကွန်​ပျူတာကိုင်​နိုင်​​သေးတာမို့ အ​နောက်​တိုင်းနဲ့ယှဉ်​ရင်​အ​တော်​နည်းတယ်​။ နည်းပညာကလည်းအလယ်​လတ်​တန်းအဆင့်​မှာပဲ ရှိ​သေးတယ်​။ ဒါ​ပေမယ့်​ ဒီလိုဖွံ့ဖြိုးဆဲမို့ သာမန်​လူကြားပါရမီရှင်​​တွေမရှိဘူးလို့မဆိုလိုဘူး။ ဖုန်းကျွမ်​ ရဲ့ သင်​ယူနိုင်​စွမ်းကတကယ်​ကိုမြင့်​တယ်​။ ရှန့်​ခယ်​တစ်​ခါ​လောက်​ပြရင်​ သူ့ဟာသူပြန်​လုပ်​ပြနိုင်​​လောက်​​အောင်​​တော်​တယ်​။ဒီလိုနဲ့မနက်​ခင်းမှာ ရယ်​ရင်း​မောရင်း တစ်​​ယောက်​ကသင်​​ပေးလိုက်​တစ်​​ယောက်​ကသင်​ယူလိုက်​နဲ့​နေ့လယ်​ချိန်​ကို​ရောက်​မှန်းမသိ​ရောက်​လာ​တော့တယ်​။ ​နေ့လယ်​စာကို ရဲတစ်​​ယောက်​လာပို့​ပေးပြီး အဲ့ဒီရဲပြန်​ထွက်​သွားတဲ့အချိန်​မှာ cellphone တစ်​လုံးကရှန့်​ခယ်​လက်​ထဲ​ရောက်​လျက်​သား။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now