အပိုင်း ၃၄ ။ ဘရူနိုဘဝ - ပွေ့ဖက်ခွင့်

15.8K 1.8K 29
                                    

[Zawgyi]

Arc (3) ယုံကြည်​ရာ မှအဆက်​..... ။
Translator-__IC__

"​နောက်​ဘဝမှာငါမင်းကိုပြန်​​တွေ့နိုင်​မယ်​ဆိုရင်​ ဘယ်​​လောက်​ပဲခက်​ခဲပါ​စေ ငါမင်းကိုချစ်​ဖို့ကြိုးစားချင်​တယ်​''

ထိုစကားများက ရှန့်​ခယ်​မ​သေခင်​ ​တေလာအတွက်​​နောက်​ဆုံးချန်​ရစ်​ခဲ့သည့်​စကားများဖြစ်​သည်​။

System ၏ spaceအတွင်း ရှန့်​ခယ်​ညိမ်​သက်​စွာလှဲ​လျောင်​​နေ၏။ System ​ကြေညာ​နေတဲ့ဆု​ကြေး​တွေဟာသူ့အာရုံထဲမှာမရှိ။ စိတ်​အစဉ်​ကအမည်​မသိ​သောအနာဂတ်​နှင့်​တမ်းတလွမ်းဆွတ်​ဖွယ်​အတိတ်​များဆီမှာသာ။

[Host ခင်​များ ဒီကမ္ဘာမှာအဓိကmissison တစ်​ခုနဲ့ထပ်​တိုး mission တစ်​ခုကို​အောင်​မြင်​ခဲ့ပါတယ်​။ Host ​ကျေးဇူးပြုပြီး ဆု​ကြေးလက်​ခံ​ပေးပါ။ ကိုယ်​၊စိတ်​ကြံ့ခိုင်​မှုအ​ခြေအ​နေ +5(+7) , မှတ်​ဥာဏ်​ +10(+2) , ဝိညာဉ်​စွမ်းအား +10(+5) , လှပမှု +10(+5) , သက်​တမ်း +2(+2) ရရှိပြီး ထပ်​တိုး ပညာရပ်​နှစ်​ခုကိုသင်​ကြားနိုင်​ပါတယ်​]

"System ကျွန်​​တော်​ နည်းနည်းပင်​ပန်း​နေတယ်​''

[Host အ​နေနဲ့ စိတ်​အ​ခြေအ​နေပြုပြင်​​နေတုန်းမှာ လွယ်​ကူတဲ့ပညာရပ်​နှစ်​ခုကို​ရွေးချယ်​ပြီး Hundred training space ထဲမှာသင်​ယူလို့ရပါတယ်​]

"ကမ္ဘာအစစ်​ကိုပြန်​ဖို့ mission ​တွေဘယ်​နှစ်​ခုထပ်​လုပ်​ရအုန်းမှာလဲ?''

[လက်​ရှိမှာ​တော့ တွက်​ချက်​၍မရနိုင်​​သေးပါ။ ဒါ​ပေမယ့်​ ​ကောင်း​ကောင်းမွန်​မွန်​အသက်​ရှင်​နိုင်​တဲ့ကမ္ဘာများ​လေ Host ရဲ့ mission ​တွေ ​လျော့နည်းလာ​လေဖြစ်​မှာပါ]

"ကျွန်​​တော်​ ဖြတ်​သန်းခဲ့ပြီးသားကမ္ဘာ​တွေကိုပြန်​သွားပြီးကြည့်​လို့ရလား?'' သူ့အတွက်​စိုးရိမ်​​ပေးခဲ့ကြသူ​တွေ သူ​သေသွားပြီး​နောက်​မှ ​ကောင်း​ကောင်းမွန်​မွန်​မှအသက်​ရှင်​​နေကြရဲ့လားသူသိချင်​တယ်​။

[Host mission ​တွေအားလုံး​အောင်​မြင်​ပြီး ၅၀ရာခိုင်​နှုန်း ဒါမှမဟုတ်​ ပိုများတဲ့အမှတ်​ထက်​​ကျော်​လွန်​ခဲ့ရင်​ ကမ္ဘာအစစ်​ကိုပြန်​နိုင်​မယ့်​အခွင့်​အ​ရေးကိုအသုံးချပြီး ယခင်​ပြီးဆုံးခဲ့တဲ့ကမ္ဘာကဇာတ်​သိမ်း​တွေကို ပြန်​ပြင်​နိုင်​ပါလိမ့်​မယ်​]

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now