အပိုင်း ၁၀ ။ ကျန်းယွီ​မော့ဘ၀ - မင်းတစ်​ဦးတည်းသာ

20.9K 2.3K 129
                                    

[Zawgyi]

ဒီတစ်​​ခေါက်​ ရှန့်​ခယ်​ရဲ့ ခန္ဓာကိုယ်က​တော့
ကျန်းအိမ်​​တော်​အုပ်စု​ရဲ့ ဥက္ကဌ ကျန်းစုန်းရဲ့ သား
ကျန်းယွီ​မော့ပဲ..​သူက
ရှင်းချန်းအုပ်​စုရဲ့ သမီး ကျန့်​ရှင်းကို​တွေ့​တော့ မြင်​မြင်​ချင်းချစ်​ခဲ့မိတယ်​ ဒါ​ကြောင့်​ ရူးရူးမိုက်​မိုက်​နဲ့ အဲ​ကောင်​မ​လေးကိုလိုက်​ဖို့ကြိုးစား​တော့တယ်

ဒါ​ပေမဲ့ ကျန့်​ရှင်းမှာ နှလုံး​ရောဂါရှိ​နေခဲ့တယ်​ ဒါ​ကြောင့်​ သူ့ရဲ့အကို ကျန့်​ချန်​ဖုန်းက သူ့ညီမနဲ့
ကျန်းယွီ​မော့ကိုမ​ဆက်​ဆံခိုင်းဘူး ဒါ့အပြင်​ ကျန့်​ရှင်း သ​ဘောကျ​နေခဲ့တာက ကျန်းယွီ​မော့ရဲ့အကို
ကျန်းတုန်းလင်​ပဲ မနာလိုအမုန်းတရား​တွေနဲ့အတူ
ကျန်းယွီ​မော့ဟာ သူ့အကို ကို ပစ်​မှတ်​ထားပြီး
ကျန်းလုပ်​ငန်းအုပ်​စုကိုအုပ်​ချုပ်​နိုင်​ဖို့အတွက်​ တိုက်​ခိုက်​ပြီး ကျန်းမိသားစုကို ရှုပ်​​ထွေး​စေ​တော့တယ်

သို့​သော်​ငြား နှစ်​နှစ်​အကြာမှာ​တော့ ကျန်းယွီ​မော့က ​ဆေးစစ်​​နေရင်းနဲ့​ဦး​နှောက်​အကျိတ်​ရှာ​တွေ့ခဲ့တယ်
နောက်​ဆုံးအဆင့်​​ရောက်​​နေပြီဖြစ်​လို့ ခွဲစိတ်​ကုသ​အောင်​မြင်​နှုန်းက၂၀ရာခိုင်​နှုန်း​တောင်​မရှိဘူး
ဒီသတင်းက ​ကြည်လင်ပြာလဲ့​​​နေတဲ့ရာသီဥတု
အတွင်းမှာ မိုးကြိုးပစ်​ခံလိုက်​ရသလိုပဲ ကျန်းယွီ​မော့
စိတ်​ဓာတ်​ကျ​ရောဂါစွဲကပ်​သွား​တော့တယ်​ သူ​ရောဂါခံစား​နေရတုန်းအကိုအရင်းနဲ့ ချစ်​ရတဲ့အမျိုးသမီးတို့က ​အတူ​ပေါင်းဖက်​သွားကြတာမြင်​​တော့ သူ့ရင်ထဲ သိက္ခာကျသွားတယ်​လို့ခံစားလိုက်​ရတယ်​ စိတ်​ရိုင်း​တွေ ရုတ်​တရက်​၀င်​လာတဲ့အချိန်​မှာပဲ သူ ကျန့်​ရှင်းကို ကားနဲ့ ​မောင်းတင်​​ပြေးပြီး မြစ်​ကူးတံတား​ပေါ်က​နေ ထိုးဆင်းခဲ့ရတယ်
အဆုံးမှာ​တော့ သူတို့နှစ်​​ယောက်​လုံး ဆိုးဆိုးရွားရွား ​သေဆုံးခဲ့ရတာပဲ..

ကျန့်​ချန်​ဖုန်းက သူ့ညီမ​လေး ကျန်းယွီ​မော့​ကြောင့်​ ​သေဆုံးသွားတာသိရ​တော့ ကျန်းမိသားစုကို စပြီးပြန်​တိုက်​ခိုက်​​တော့တယ်​..ခုနှစ်​နှစ်​အကြာမှာ​တော့
ကျန်းအိမ်​​တော်​က ​ဒေ၀ါလီခံခဲ့ရပြီး ဘယ်​​တော့မှ ပြန်​ရုန်းမထနိုင်​ခဲ့​တော့ဘူး...

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now