Part-1

70.9K 2K 31
                                    

Zawgyi

Warning🚨🚨🚨

××××××××××××××××××××××××××××××××

အမှောင်ယံတွေကြီးစိုးကာ..
မှောင်မဲလွန်းနေတဲ့အမှောင်ညတစ်ည..။

ကောင်းကင်ကြီးဟာလဲ ဒီနေ့မှ သူ့အား
မျက်နှာသာမပေးပေ...။

အလင်းပေးနိုင်ရာ လမင်းကြီးပင်မရှိ..။
ခါတိုင်းတောက်ပနေကျ ကြယ်တွေဟာလဲ
ကွယ်ပျောက်လို့ပေါ့..။

တောနက်ဆီက..တောကောင်တွေရဲ့..
အသံတစ်ချို့နှင့်အတူ...
ကောင်လေးတစ်ယောက်ရဲ့..
အသက်ရူသံတစ်ချို့ဟာလဲပြင်းထန်လျက်...။

မှောင်မဲနေတဲ့ တောနက်ကြီးထဲဝယ်
သူမနားမနေပြေးနေမိတယ်။

လျှောက်နင်းစရာ..ဖိနပ်မပါလေတော့..
သူ့ခြေထောက်တွေဟာလဲ..
ပေါက်ပြဲကာသွေးတွေထွက်နေလေပြီ..။

ပါးလွှာတဲ့ရှပ်အင်္ကျီ လေးတစ်ထည်ရယ်
ဒူးအထက် ဘောင်းဘီ အတိုလေးဟာလဲ
ညရဲ့အေးချမ်းမှုကို လုံလောက်အောင်
ကာကွယ်ပေးနိုင်စွမ်းမရှိပေ...။

သို့ပေမယ့် သူမမှုနိုင်..။
သူလွတ်မြောက်ဖို့ သူသာကြိုးစားမှရမယ်..။

ဒီနာကျင်မှုတွေ ကသူ့အတွက်..
နာကျင်ပေမယ့် ရင်ဘတ်ထဲကဒဏ်ရာက..
ပိုလို့နာကျင်နေသည်။

ရှေ့တစ်စုံတစ်ရာမှာ ဘာရှိမှန်းမသိဘဲ..
လွတ်ဖို့သာအာရုံစိုက်ပြီး..
သူပြေးလာခဲ့တာ....။

မမြင်ရတဲ့...ဆူးခြုံပင်တွေကလဲ..
သူ့အသားကိုဖောက်ဝင်လို့..
သွေးစတို့ထွက်လျက်ပေါ့..။

သူသေချင်လောက်အောင်ကို..
ပင်ပန်းနေပြီ...။
လက်လျော့လိုက်ချင်ပြီ..။

ညနေ၇နာရီလောက်ကနေ...
ထိုကောင်လေးနေတဲ့အိမ်ကနေထွက်ပြေးခဲ့တာ..
ခုဆို ည၈နာရီခွဲလောက်ရှိလင့်ရောပေါ့..။

ခုထိလမ်းရယ်လို့ရေရေရာရာမတွေ့သေး..။
စမ်းတဝါးဝါးရယ်..။

သူဆက်ပြေးရင်းနဲ့မှ...အလွန်မောပန်းလာတာကြောင့်
မတ်တပ်တောင်ဖြောင့်အောင်ရပ်နိုင်စွမ်းမရှိတော့ပေ..။
သူရောက်နေတဲ့နေရာလေးတင်ကို သူထိုင်ချလိုက်မိသည်။
သူရေလဲအရမ်းဆာနေသလိုသေချင်လောက်အောင်ပင်ပန်းလုပြီ
ဆက်ပြေးရန်အားလဲမရှိတော့။

CANDY is MINE🔞Z+U{COMPLETED}Where stories live. Discover now