Part-7

18.9K 1K 39
                                    

Zawgyi

××××××××××××××××××××××××××××××××

ခုတလောဟိုလူကြီး တစ်ယောက်
မနက်စောစောမှာတင် အလုပ်သွားပြီး
ညဆိုလဲ နောက်ကျမှ ပြန်လာတတ်သည်..။

ဒါမဲ့လဲ ကောင်းပါတယ်လေ...။
ကျွန်တော် လွှတ်လပ်တာပေါ့..။
ယုံကြည်ရမလား မယုံကြည်ရမလား မသိတဲ့
ဝဏ္ဏသော် ဆိုတဲ့ သူကလဲ ဂရုစိုက်ရှာပါတယ်..
ဟိုလူကြီး စောင့်ကြည့်ခိုင်းထားတာကြောင့်
လားတော့ မသိပေမယ့်ပေါ့....။

"ဒေါက် ဒေါက်"

ပြောရင်းဆိုရင်း ဝဏ္ဏသော် ရောက်လာပြီထင်ရဲ့..။
အပြင်လောကနဲ့ အဆက်အသွယ်ပြတ်နေတာ
ကြာနေသူအဖို့ သူပြောပြပေးတဲ့ သတင်းတွေ ဘယ်ဇာတ်ကား ဘယ်သီချင်း
ထွက်တာတွေက အနည်းနဲ့ အများတော့
အပျင်းပြေစေတယ်...။

"နိုးပြီလား တံခွန်"

"အင်း "

အနည်းငယ်ရင်းနှီးလာတော့ သူခေါ်သည်က
တံခွန်တဲ့လေ....။အင်း...သဘောကျ
သယောင်ယောင်ပါ...။

တံခါးဖွင့်သံနဲ့အတူ ထပ်ကာဝင်လာသည်က
ဟိုလူကြီးပင်...။မမြင်ချင်တဲ့ မျက်နှာကို
မြင်ရတော့ အနည်းငယ်တော့ စိတ်ပျက်မိသည်..။

"ဝဏ္ဏ ငါကျွေးလိုက်မယ်.."

"အင်း ခေတ်"

တံခါးဖွင့်ပြီးထွက်သွားလေတဲ့
ဝဏ္ဏကို အနည်းငယ်တော့ တောင့်တမိသား..။

"Candy"

"အင်း"

ပြသနာမဖြစ်ချင်တာမို့... ထိုလူကြီးကို
စကားအကောင်းပြောရန် ရည်ရွယ်လိုက်တယ်..။
အမြဲတမ်းတည်တင်းနေတဲ့ မျက်နှာအမူအရာက
တကယ်ပဲ ခန့်ညားတာလား...။
မဝံ့မရဲနဲ့ မျက်လုံးတို့အားတည့်တည့်ကြည့်မိတော့
အကြည့်စူးစူးတို့ကို မခံနိုင်တဲ့ ကျွန်တော်ပဲ
မျက်နှာလွှဲရပြန်တယ်..။

"အစားရောကောင်းကောင်းစားရဲ့လား"

"အင်း"

ဒီနေ့မှနူးညံ့စွာပြောနေတဲ့ သူမှာ
ဘာအကြံအစည်များရှိနေတာလဲ...
ခေါင်းလေးကိုညင်သာစွာကိုင်လိုက်တဲ့အခိုက်မှာ
နွေးထွေးသွားတယ်ဆိုတာတော့ ဝန်ခံပါတယ်..။

CANDY is MINE🔞Z+U{COMPLETED}Where stories live. Discover now