Part-4

23.7K 1.2K 2
                                    

Zawgyi

××××××××××××××××××××××××××××××××

လျံခေတ်မင်းထွက်သွားပြီးကတည်းက
အိပ်ယာထက်မှ ခွေခွေလေးအိပ်နေကာ
ခုထက်ထိနိုးဦးမယ့်ပုံမပေါ်ပေ...။
သို့ပေမယ့် သခင်ကြီးက အစာကြွေးပြီး
ဆေးသေချာတိုက်လိုက်ပါလို့
ပြောတာကြောင့် ထိုကောင်လေးကို
နိုးလိုက်ရသည်...။

"သခင်လေး...."

"အင်း...."

"သခင်လေးအစာစားပြီးဆေးသောက်ရ
အောင်နော်"

"ကျွန်တော်မစားချင်ဘူး ကြီးကြီး"

"စားလိုက်ပါ သခင်လေးရယ် သခင်ကြီး
ပြန်လာလို့ မစားရသေးရင် ကြီးကြီးတို့ အလုပ်ပြုတ်သွားပါဦးမယ်"

ကြီးကြီးကိုအားနာတာကြောင့်
အိပ်ယာမှ ထလိုက်သည်..။

"ကျွန်တော့်ကို သခင်လေးလို့မခေါ်ပါနဲ့
ကျွန်တော့်နာမည်က ခတံခွန်ပါ ကြီးကြီး"

"အိုးကွယ် မခေါ်ရဲပါဘူး သခင်ကြီးကြားသွားမှ
ကြီးကြီး အပြောခံနေရဦးမယ်"

"ဒါဆိုလဲ သူ့ရှေ့မခေါ်နဲ့ပေါ့ ကျွန်တော့် ရှေ့တော့
ကျွန်တော့်နာမည်ပဲခေါ်လေ"

"နာမည်တော့မခေါ်ရဲပါဘူးကွယ် လူလေး လို့ပဲ
ခေါ်မယ်လေ"

"အင်း အဲ့တာလဲ အဆင်ပြေပါတယ် သခင်လေးထက်စာရင်ပေါ့"

"ဒါဆို ဒါလေးတွေစားလိုက်နော် "

"ဆန်ပြုတ်ပဲလား ဆန်ပြုတ် ထပ်မစားချင်တော့ဘူး ကြီးကြီး တခြားဟာလေး
လုပ်ပေးလို့မရဘူးလား"

"သခင်ကြီးက ဆန်ပြုတ်ပဲ တိုက်သွားဖို့မှာခဲ့လို့ပါ"

လာပြန်ပြီ..။ဘာစကားပြောပြောသူမပါရင်ကို
မပြီးဘူး...။အရာအာလုံးသူပဲ ချုပ်ချယ်နေတာ..။
ဘာမှတောင် စားချင်စိတ်မရှိတော့ဘူး..။

"ဒါဆိုလဲ ထားပါ နောက်မှ စားလိုက်မယ်လေ"

"မရဘူးကွဲ့ လူလေး သခင်ကြီးက ဒီချိန်မှာ
ကျွေးပြီး ဆေးတိုက်ဖို့ပြောခဲ့တာ"

"ကျွန်တော် ငိုတောင်ငိုချင်လာပြီ နေရတာအရမ်း
ကျင်းကြပ်တာပဲ...ဟိုဟာစားချင်လဲမစားရ
ဒီဟာစားချင်လဲမရ... ဘယ်အချိန်မှ စားမယ်ဆို
တာလေးတောင် မရဘူး ကြီးကြီးရယ်"

CANDY is MINE🔞Z+U{COMPLETED}Where stories live. Discover now