Final

12.5K 572 44
                                    

Zawgyi

××××××××××××××××××××××××××××××××

Daddy သတိရလာပြီတဲ့...
Daddy သူ့ဆီပြန်လာခဲ့ပြီပေါ့...

လင်းနွေရဲ့ အပြောကို ကြားကြားချင်း
ပျော်လွန်းလို့ အပြုံးတွေဟာ ဖုံးဖိလို့ပင်မရ...
ချက်ချင်းဝေ့တက်လာတဲ့မျက်ရည်စတွေကလဲ..
ပျော်လွန်းလို့ ကျချင်ချင် ဝေ့သီနေသည်..။

"ဒီနေ့ဘာအလုပ်ရှိရှိ ငါ့ကိုမခေါ်နဲ့ မင်းဘာသာကြည့်ကြပ်စီစဉ်လိုက် ငါသွားပြီ.."

လင်းနွေဘာမှပြန်မဖြေသေးခင်မှာပဲ
အစည်းဝေးခန်းထဲမှာ အမြန်ပြေးထွက်လာပြီး
ရုံခန်းထဲမှကားသော့ဆွဲကာထွက်လာခဲ့သည်...။

ပြီးတာနဲ့ဓာတ်လှေကားစီးရန်စောင့်နေပေမယ့်
အတော်ကြာကြာပွင့်မလာသေးတဲ့
ဓာတ်လှေကားကြောင့်ရိုးရိုးလှေကားမှအလော
တစ်ကြီးပြေးဆင်းလိုက်သည်။

တကယ်တမ်းဓာတ်လှေကားတံခါးပွင့်ရန်
ကြာနေသည်မဟုတ်ဘဲ ကလေးငယ်ကစိတ်လောနေခဲ့တာဖြစ်မည်...။

ယနေ့မှခြေလှမ်းတွေဟာ မာရသွန်
အပြေးသမား တစ်ယောက်ထက်ပင်
မြန်နေသည်လား..။ လှေကားထစ်တွေကို
မည်သည့်အရှိန်နှုန်းနဲပြေးဆင်းလာမိသည်မသိ
ကားပါကင်ရောက်မှ ကားထုတ်ပြီးချစ်ရသူရှိသော
ဆေးရုံဆီသို့မောင်းထွက်လာခဲ့သည်..။

ကားမောင်းနေတုန်းကားစီယာတိုင်
ထက်ကကလေးငယ်ရဲ့လက်တွေတုန်ရီနေသည်...။

ရင်ခုန်လွန်းတဲ့စိတ်တွေဟာ ချစ်ရသူ
သတိရလာပြီဆိုသော အသိတစ်ခုသာစိုးမိုးနေသည်..

ကားမောင်းရင်းမီးပွိုင့်တစ်ခုအရောက်
စိတ်တွေက လောနေမိပြန်သည်..။
ခါတိုင်းမီးပွိုင့် တွေဟာ ဤမျှလောက်မကြာပါဘဲ
ခုများတော့ရထားတစ်စီးလုံးဖြတ်နေသလား
ထင်ရအောင် အချိန်ကြာမြင့်လွန်းသည်...။

ဒီနေ့အတွက်အချိန်တွေကို...
မည်သူကများကိုင်တွယ်နေတာပါလဲ..
အချိန်တွေရဲ့ မိနစ်တိုင်းကို စက္ကန့်လေးတွေအဖြစ်
ဒီတစ်ရက်သာ ပြောင်းလဲပေးပါလား...

ဘာမှမတောင်းဆိုပါဘူး...သူနဲတွေ့ရဖို့
အချိန်ခဏတာပြောင်းလဲပေးပါ...

CANDY is MINE🔞Z+U{COMPLETED}Where stories live. Discover now