Part-8

15.8K 982 13
                                    

Zawgyi

××××××××××××××××××××××××××××××××

ရက်ဆက်နေခဲ့တဲ့ အလွမ်းတွေကြားမှာ
အချိန်နဲ့အမျှသတိရနေခဲ့တယ်...ကလေးငယ်..။
မပြီးပြတ်သေးတဲ့ အလုပ်တွေကို ထားခဲ့လို့
ချစ်ရတဲ့ ကလေးငယ်နှုတ်ခမ်းကို
လွမ်းမိသလို....ရင်ခွင်ထဲတိုးဝှေ့ ခဲ့တဲ့
ခပ်နွေးနွေး ကိုယ်လုံးလေးကိုလဲ လွမ်းမိပါရဲ့...။

လက်ကြားညှက်ကာသောက်နေခဲ့တဲ့ ဆေးလိပ်ဟာလဲ အရသာမရှိပြီ..။
အဖော်ပြုစရာ အရက်ပြင်းပြင်း တစ်ခွက်ရယ်
သောက်မိတော့ ပျင်းရှရှ ခါးသက်သက်အရသာက
ပါးစပ်ထဲစွဲကျန်နေခဲ့တယ်...။
အင်း....ကလေးငယ်ရဲ့
ချိုမြမြ နှုတ်ခမ်းတစ်စုံကိုတော့ သတိရမိသား..။

လွမ်းဆွေးနေတဲ့ပန်းလေးက အမှန်တကယ်ချစ်
ခဲ့ရိုးမှန်လျက် မှန်ကန်သောအချစ်ကို
ပိုင်ဆိုင်ခွင့်မရခဲ့လေဘူး...။

ပန်းလေးမသိတဲ့တစ်နေရာမှာ ပန်းလေးရဲ့
ပိုင်ရှင်က ပန်းလေးကိုစွန့်ပစ်ဖို့ကြံနေတာကို
သိခဲ့ရင် ဘယ်လိုများတုံ့ပြန်လိုက်မလဲနော်...။

နှလုံးသားကိုခေတ္တအနားပေးပြီး
အတွေးတွေကိုနေရာချခိုက်လဲ ကလေးငယ်သာ
စိုးမိုးနေပြန်တယ်...။

မြတ်မြတ်နိုးနိုးနဲ့ပဲ ယုယချင်ခဲ့တာပါ ကလေးငယ်။
ရက်စက်ခြင်းတွေမပါတဲ့ အချစ်ကိုသာ
ဖန်တီးချင်ခဲ့ရုံပါ...။အခွင့်မဖန်လာတဲ့ အခြေအနေကြောင့် ရက်စက်ရတာပါ ကလေးငယ်
သဘောရိုးပြောရရင် တခြားသူမဦးခင်
ကိုယ့်အပိုင်ဖြစ်အောင် အပိုင်ယူထားချင်ခဲ့တာမို့ပါ...။

"ခေါင်းဆောင်"

မှေးစက်နေတဲ့ မျက်လုံးတွေကိုတော့ အနားပေးထားရင်းကပဲ ပြန်ပြောလိုက်သည်..။

"ပြော"

"ဆက်သာ ပြောပြတာက
ရမ်ဒီ တို့သစ္စာဖောက်ဖို့ကြံနေတယ်တဲ့"

"ဟက် ငါထင်တဲ့အတိုင်း
ရမ်ဒီ တို့ဘက်ကကြိုအကွက်ချပြီးသားပဲ"

"ဘယ်လိုဆက်လုပ်မလဲ ခေါင်းဆောင်"

"မင်းနဲ့ ငါပဲသွားပြီး အလှဲအလှယ်လုပ်မယ်
ရမ်ဒီက ငါ့ကိုမြင်ဖူးတာမဟုတ်လို့ ငါကိုယ်တိုင်လာတယ် သူထင်မှာမဟုတ်ဘူး"

CANDY is MINE🔞Z+U{COMPLETED}Where stories live. Discover now