Part-12

13.5K 850 42
                                    

Zawgyi

××××××××××××××××××××××××××××××××

အေးစက်စက်အငွေ့အသက်တွေကြား
တုန်ရီနေဟန် ကိုယ်လုံးလေးက လှုပ်လီလှုပ်လဲ့လေးရယ်....။

အခင်းတစ်စုံတစ်ရာမပါတဲ့
အေးစက်စက်ကုတင်ပေါ် အိပ်မိနေသည်မို့
နုနယ်တဲ့ ကျောပြင်တို့ကနာကျင်နေလေတယ်..။

နာကျင်မှုတို့နဲ့ နိုးလာကာ..
ဖွင့်မိခဲ့တဲ့မျက်လုံးအစုံကြောင့်
ကြောက်ရွံမှုတို့ကို ခံစားလိုက်ရသည်. ။

နေရာတိုင်းကမှောင်မဲနေကာ
ဘယ်အရာမှရှင်းရှင်းလင်းလင်းမမြင်ရပေ..။
မျက်လုံးတို့အားစူးစမ်းကာ ဘေးဘီကိုဝှေ့ ကြည့်
မိပေမယ့် မည်သည်ကိုမှမတွေ့ရ...။

အားယူကာထလိုက်ပေမယ့်
လှုပ်မရတဲ့ခြေထောက်နဲ့ ချိန်းကြိုးသံကြောင့် သံကြိုးနဲ့ချည်ကာ
ချုပ်ထားမှန်းသိလိုက်သည်...။

ထိပ်ထိပ်လန့်လန့်နဲ့တွေးမိသည်က...
ဟိုလူကြီးသူ့ကိုပြန်မိသွားတာလား...။
ဒါကြောင့်အပြစ်ပေးဖို့ သူ့အားချုပ်ထားသည်လား..။

ဒါဆို အကိုဖွက်ပေးထားတာသိသွားပြီပေါ့...
အကို့ကိုတစ်ခုခုများလုပ်နေပြီလား...။
ကျေးဇူးပြုပြီး အကိုတစ်ခုခုမဖြစ်ပါစေနဲ့..
ဒီလိုသာဆို ကျွန်တော်ရင်ကျိုးရမှာ...။

ခြေထောက်က ကြိုးကိုဖြုတ်ကြည့်ပေမယ့်
မြင်လဲမမြင်ရသလို ဖြုတ်ဖို့လဲခက်သည်မို့
မည်သို့မျှလုပ်၍မရပေ...။

တစ်ကျွီကျွီနဲ့အသံကြားနေရသည်ကဘာများလဲ..။
ထိုချိန်မှာပဲ လက်နှင့်တစ်ခုခု ထိတွေ့မိသွားသလို...။

ရင်ထိပ်စွာပဲ ချက်ချင်းလက်ကို လှုပ်ရမ်းလိုက်မိသည်..။ ထိုအရာကလဲ ​ကြောက်ပြီးသူ့အားကိုက်ကာ လက်ပေါ်မှဖြတ်ပြေးသွားသည်...။

ဒီနေရာမှာအကောင်တွေရှိနေတာလား...။
ပိုအားငယ်ကြောက်ရွံ့စွာတောင့်တမိသည်က
အကို...။အကိုဘယ်မှာလဲဟင်...တံခွန် ကြောက်တယ်...အကို..။

သွေးစတို့ဆို့နေတဲ့ အနာကစပ်ဖြင်းဖြင်းရယ်...
သို့ပေမယ့်လဲ အကို့ကိုစိတ်ပူနေတဲ့ စိတ်တို့သာ
ကြီးစိုးနေသည်..။

CANDY is MINE🔞Z+U{COMPLETED}Where stories live. Discover now