Part-28

7.5K 501 41
                                    

Zawgyi

××××××××××××××××××××××××××××××××

လေလံပွဲလုပ်မည့် အဆောက်အဦးရဲ့ လေးဖက်လေးလံမှာ
လုံခြုံရေးတွေအပြည့်ချထားသည်...။

ခေတ်တို့ရောက်လာပြီး ဝင်ပေါက်က
လုံခြုံရေးနှစ်ယောက်ကို ဖြတ်ပြီးဝင်မည်အပြု..
ထိုလုံခြုံရေးက ဖိတ်စာပြရန်တောင်းသည်..။

ခေတ်လဲ တစ်ချက်မဲ့လိုက်ပြီးမှ ဥာဏ်ပိုင်ကို
အချက်ပြလိုက်တော့ ဖိတ်စာအားထုတ်ပေး
လေသည်..။

လုံခြုံရေးတွေလဲ ဖိတ်စာထဲကနာမည်ကို
တွေ့မှ ပြူးပြူးပြာပြာနဲ့ အမြန်လမ်းဖယ်ပေးကြ
သည်..။

ဒီပွဲအတွက် အရေးကြီးဆုံးသော ပုဂ္ဂိုလ်
မဟုတ်ပါလား...။

အဆောက်အအုံအတွင်းသို့ရောက်သည်နှင့်
လုပ်ငန်းရှင်တော်တော်များများ
ခေတ်ကို ပြုံးကာနှုတ်ဆက်ကြသည်...။

ခေတ်ကတော့ မည်သူ့ကိုမှဂရုမစိုက်ဘဲ
အကုန်လုံးကိုကျော်တက်ခဲ့ကာ လေလှံပွဲ
လုပ်မယ့်နေရာကိုသာ တန်းသွားလိုက်သည်...။

လေလံပွဲကျင်းပရာ နေရာရဲ့ နောက်ဆုံးတန်းမှာသာ ရွေးထိုင်လိုက်သည်..။

လူတွေအကုန်နီးပါးက လေလံပွဲမစသေးတာ
ကြောင့် ဒီအခန်းထဲမှာမရှိဘဲ တခြားဖက်မှာသာ သောက်စားနေကြသည်...။

"ခေတ် ရောက်လာပြီလား နှင်းက လာမှလာပါ့မလားလို့ မျော်နေတာ "

"လာရမှာပေါ့ သူငယ်ချင်းရဲ့ လေလံပွဲပဲကို "

"သူငယ်ချင်း နှင်းကတော့ ခေတ်နဲ့
သူငယ်ချင်းမလုပ်ချင်ဘူး ချစ်သူဖြစ်ချင်တာ "

"ဟက် ဆုတောင်းနေလိုက်ပေါ့ "

"အဟား ခေတ်ကတော့လေ "

ရဲတင်းလွန်းတဲ့ သက်နှင်းခက ခေတ်ရဲ့
မျက်နှာကို လက်နှင့်ကိုင်ကာ နှုတ်ခမ်းအား
နမ်းမည့်ဟန်ပြုသည်..။
ခေတ်နောက်နားက ဥာဏ်ပိုင်တို့ကိုလဲ
ဂရုမစိုက်ဘဲ သူဖြစ်ချင်တာသာ ကြိုးစားနေသည်။

"မင်းနဲ့တန်လို့လား "

ထိုစကားက သက်နှင်းခ အတွက် အရှိုက်ထိ
သွားတယ်ထင်ပါရဲ့...။မျက်နှာကြီး တစ်ခုလုံး
နီရဲလို့ရယ်...။

CANDY is MINE🔞Z+U{COMPLETED}Where stories live. Discover now