Part-32

7.2K 485 22
                                    

Zawgyi

××××××××××××××××××××××××××××××××

မွေ့နေ့ရှင်ပန်းလေးရဲ့အလာကို...
တိတ်ဆိတ်အေးစက်နေကာ...
အလင်းရောင်မဲ့နေသော အခန်းလွှတ်တစ်ခုကသာ အထီးကျန်စွာ ကြိုဆိုနေသည်.. ။

လေညင်းလေးရဲ့တိုးဝေ့မှုတစ်ချို့ကြောင့်
လှိုက်ကာစလေးတွေ ဟိုဘက်ယိမ်းလှိုက်
ဒီဘက်ယိမ်းလှိုက်နှင့်လှုပ်ခါနေသည်..။

အေးစက်စက်လေထုကြားမှ..
အေးစက်စက်အခန်းကြီးမှာ သရဲကားတွေထဲက
ခြောက်ခြားဖွယ်ရာ အခန်းတစ်ခုလို...။

စားပွဲလေးထက်မှာ အလှဆုံးပြင်ဆင်ထားတဲ့
သုံးဆောင်သူမဲ့သွားတော့မယ့် ညစာဝိုင်းလေးဟာ
အေးစက်နေတော့မလား...ဝိုင်ပုလင်းလေးတွေ
ကလဲ..ချစ်ရသော ကလေးနှစ်ယောက်ကို
စိတ်ပူစွာ စောင့်နေမလား...။

ချစ်ရသူနဲ့ကျင်းပခွင့်မရမယ့် မွေးနေ့မှာ..
မပျော်ရွှင်ရလေခြင်းဆိုတာထက်..
နာကျည်းရလေခြင်းဆိုတာမျိုးကို
တကယ်မဖြစ်စေချင်ခဲ့ပါ...။
ထိုဆုတောင်းတွေဟာ ယနေ့အတွက်တော့
ပြည့်နိုင်ဦးမလားမသိတော့...။
မတောင့်တခဲ့မိသောမွေးနေ့လေးမှာ...
ကလေးငယ်သူ့ဘေးနားရှိစေဖို့ရန်တော့
တောင်းတခဲ့မိသည်မှာ အမှန်..။

ပျော်ရွှင်ခြင်းတွေအပြည့်နဲ့ပြန်လာခဲ့တဲ့
အိမ်ပြန်လမ်းလေးက ပျော်ရွှင်မှုအတိကင်း
နေခဲ့တာမျိုး...။

တံခါးလေးသာခြားထားသည့်
တိုက်ခန်းအပြင်နှင့်အတွင်းသည် ကွာခြားလွန်းပါသည်...။

တိုက်ခန်းတံခါးရှေ့ရောက်လာသော
ပန်းလေးမှာ နှစ်လိုဖွယ်ပြုံးနေကာ
လက်ထဲက ဆွဲကြိုးဘူးလေးကို သေချာကိုင်ပြီး
ထပ်ကာပြုံးလိုက်သည်...။ ဒီနှင်းဆီသလင်းဆွဲကြိုးလေးက
ကလေးငယ်ရဲ့လည်တိုင်ကျော့ကျော့လေး
ထက်မှာ မည်မျှလိုက်ဖက်ကြောင်း ဝင့်ကြွား
နေလိုက်မလဲ..။

အတွေးလေးနှင့်ပြုံးနေမိသည်မှာအခါအခါ...။

အနက်ရောင်ဆွဲကြိုးဘူးလေးကိုကိုင်ပြီး
အထဲဝင်ဝင်ချင်း အခန်းကမှောင်မဲနေတာကြောင့်
ဘေးဘီက ခလုပ်ကိုစမ်းရင်း မီးဖွင့်လိုက်သည်..။

CANDY is MINE🔞Z+U{COMPLETED}Where stories live. Discover now