Extra-1🚨🔞

16.8K 512 41
                                    

Zawgyi

Warning🚨🚨🚨

××××××××××××××××××××××××××××××××

မျက်စိတစ်ဆုံးမြင်နေရတဲ့ ပြာလွင်လွင်
ကောင်းကင်ကြီးရယ်...သိပ်ကိုလှနေပါရော့..။
ဟော ရေပြင်ကျယ်မှာလဲ လှိုင်းလုံးကြီးတွေ
ခတ်နေပြန်ပြီ..သိပ်ကိုပဲ လှလွန်းနေရှာတယ်.....။

ကမ်းခြေကို အသက်ဝင်အောင်
အလှဆင်ပေးထားတဲ့ ရေပြင်ကျယ်နဲ့
မိုးသားပြာပြာထက်ဝယ် တိမ်ဆိုင်တစ်ချို့နဲ့
လှပမြဲကောင်းကင်ကြီးကို
အခန်းရဲ့ ဝရံတာဆီမှ ထိုသူငေးမောနေသည်..။

အရာရာဟာ လှပနေလွန်းလို့ ကဗျာစပ်ချင်စရာ..။

ထိုသူဟာရယ်မောနေခဲ့သည်လား..
မျက်လုံးလေးတွေပိတ်ကျလောက်တဲ့ထိလေ..
ထိုသူဟာဤမျှလောက် စိတ်ပေါ့ပါးစွာ
ရယ်ဖူးခဲ့လေသလား...

နှုတ်ခမ်းထက်က အပြုံးလေးတွေဟာ
အသက်ဝင်လွန်းလို့...ထပ်ကာငေးကြည့်မိနေသည်
မှာ အကြိမ်ကြိမ်...။

လှရက်လွန်းပါတယ် ကောင်လေးရာ...

ထိုကောင်လေးက မိုးပြာရောင် T-shirt လေးနဲ့အတူ beach pant ပင်လယ်ရောင်
လေးနှင့် တွဲဝတ်ထားသည်..။
ထိုလူသားလေးက ဤအဝတ်အစားတွေနဲ့ပင်
အတော်လေးကို ခန့်ညားစွာ လိုက်ဖက်လှသည်...။

"Daddy "

နူးညံ့လွန်းသောခေါ်သံလေးအဆုံးမှာ
ထိုကောင်လေး
ကြည်ကြည်နူးနူးပြုံးလိုက်ပြန်သည်။
သို့သော် နောက်သို့လှည့်မကြည့်ဖြစ်သေး...။

ဝရံတာထက်ဆီမှ အပြင်ဘက်က မြင်ကွင်းတွေကို
ငေးမောနေရှာတဲ့ ထိုကောင်လေးရဲ့ ကျောပြင်ကို ကလေးငယ်မှီတွယ်ကာ ဖက်လိုက်သည်...။

နွေးထွေးလွန်းသော ဒီကျောပြင်...
အကြိမ်ကြိမ် ဖက်ခဲ့ဖူးသော် ရိုးသွားခြင်းမရှိ..
မြတ်နိုးရပါသော ဒီကျောပြင်...
ကျွန်တော့် တစ်သက် ကျွန်တော့်အပိုင်တဲ့လေ..။

"ဘာတွေငေးနေတာလဲ..Daddy"

"ဘာရယ်မဟုတ်ပါဘူး...လှလွန်းတဲ့ အပြာရောင်မြင်ကွင်းကြီးဆီကို အမြင်နဲ့ အလည်ပတ်နေတာ..."

"Daddy ပျော်လား.."

"ပျော်တာပေါ့ဗျာ ကိုယ့်အပိုင်လူသားလေးနဲ့အတူ
ခရီးထွက်ရတာပဲ.."

CANDY is MINE🔞Z+U{COMPLETED}Where stories live. Discover now