Part-14

13.5K 881 31
                                    

Zawgyi

××××××××××××××××××××××××××××××××

မနက်ခင်းမှာခေါင်းတွေနောက်ကျိစွာပဲ
နိုးထလာခဲ့တယ်....။လူလဲလုံးဝ အရက်သမား
ပုံပေါက်နေရှာပြီ...။

ကိုယ့်အချစ်တွေက မင်းအပေါ် အဆိပ်များသင့်ခဲ့လေသလား....။

မထူးခြားနားစွာ Candy မရှိတဲ့ နေ့ရက်ကိုအစပြုရပြန်တော့မယ်...။
ရေချိုးခန်းထဲဝင် ရေမိုးချိုးလိုက်မှ
လူကအနည်းငယ် လန်းဆန်းသွားသည်...။

ရေးချိုးခန်းထဲက ကလေးငယ်ရဲ့
အဝတ်မပါတဲ့ မြင်ကွင်းတစ်ချို့ရယ် မျက်လုံးထဲဝင်လာမိတော့ သတိရမိသား..။

ရေချိုးခန်းအပြင်ဘက်မှာ
တဘက်ကိုင်စောင့်နေတဲ့ ဝဏ္ဏကို
မြင်တော့ အံ့သြမိသည်..။
သူကအစောကြီးဘာလာလုပ်တာများလဲ..။

"ဘာလာလုပ်တာလဲ"

"မနေ့ကမင်းမူးနေလို့ ငါအိမ်ပြန်ခေါ်လာပေးတာလေ
တအားနောက်ကျနေလို့ မပြန်တော့ဘဲ
ဒီမှာနေလိုက်တာ..မမှတ်မိတော့ဘူးလား"

"မနေ့ညကသောက်တာများသွားလို့
မမှတ်မိတော့ဘူး"

"အင်းပါ..."

"ပြီးရင်လဲ သွားတော့ ငါတစ်ယောက်ထဲနေချင်တယ်.."

"အင်း ငါသွားတော့မယ်..အောက်မှာမနက်စာ
့ပြင်​ပေးခဲ့တယ်နော်..."

"...."

ဘာစကားမှပြန်ဆိုလာခြင်းမရှိတဲ့ခေတ်ကြောင့်
ကိုင်ထားတဲ့တစ်ဘက်ကို ကုတင်ထက်ချခဲ့ပြီး
ပြန်ထွက်လာလိုက်သည်...။

ခေတ်အခန်းရဲ့အပြင် ထွက်လာပြီး
တံခါးမှာ ခဏမှီရပ်ထားမိတယ်...။

ခတံခွန်မှမဟုတ်ရင် မဖြစ်ဘူးလား ခေတ်..
ငါကရော ဘယ်တော့မှ မဖြစ်နိုင်ဘူးလား
ငယ်ငယ်ကတည်းက မင်းဘေးမှာပဲ
ရှိပေးနေခဲ့တဲ့ငါက ဘယ်တော့မှ မင်းချစ်မယ့်သူမဖြစ်လာနိုင်ဘူးလား ခေတ်..။

ငါနားလည်လိုက်ပါပြီ...မင်းငါ့ကိုဘယ်တော့မှ
ချစ်လာမှာမဟုတ်ဘူးဆိုတာ..။
မင်းကိုငါမှမပိုင်ဆိုင်ရရင်ဘယ်သူ့ကိုမှလဲ
ငါပိုင်ခွင့်မပေးနိုင်ဘူး ခေတ်...
ဒါဟာအမှားဆိုရင်တောင် ငါကျေကျေနပ်နပ်ကြီး ကျူးလွန်တဲ့အမှားပဲဖြစ်မှာ...

CANDY is MINE🔞Z+U{COMPLETED}Where stories live. Discover now