Part-24

11K 611 61
                                    

Zawgyi

××××××××××××××××××××××××××××××××

ဒီနေ့လေးမှာ ကလေးငယ်ကျောင်းပြန်
တက်ရတော့မယ့်နေ့လေးဖြစ်တာမို့
ကလေးငယ်ရဲ့မေမေနဲ့ မမက ကလေးငယ်ကို
အစစအရာရာဂရုစိုက်ဖို့မှာကြားနေလေတယ်..။

ကလေးငယ်က သိတတ်တဲ့အရွယ်တစ်ခု
ရောက်နေပေမယ့်လဲ မိဘဆိုသလို
ကိုယ့်ကလေးကို ကလေးလို့သာမြင်သေးသည်
ထင်ပါရဲ့..။တံခွန်လေးကို မူကြိုကျောင်း
စတက်မယ့်ကလေးလိုကိုမှာကြားနေရှာတယ်..။

"အင်းပါ မေမေရယ် သားကလေးမဟုတ်
တော့ပါဘူး.."

"ကလေးမဟုတ်တော့လို့ မေမေက ပိုစိတ်မချတာပါ သားငယ်ရယ်.."

"ဟော မေမေကတော့လေ သားသားက
ကလေးမဟုတ်တော့ပါဘူးမေမေရယ်
သူ့ဘာသူစောင့်ရှောက်နိုင်ပါတယ်..."

"ဟုတ်ပါတယ် မေမေရဲ့ မမပြောသလိုပဲ
သားကိုယ်သားဂရုစိုက်နိုင်ပါတယ်..."

"အေးပါကွယ် အေးပါ ကဲ သွားကြတော့
သမီးကြီးလဲ အလုပ်သွားတော့မှာမလား..."

"ဟုတ် မေမေ "

"အာ မမကားက ဝပ်ရှော့ပို့ထားတယ်မလား
Da...အဲ လူကြီးကားနဲ့လိုက်ခဲ့လေ "

"ရပါတယ်ကွယ် ကိုယ့်ဘာသာပဲသွားလိုက်မယ်.."

"ဟာ မရပါဘူး ဟိုလူကြီး မမကိုပါ
ခေါ်သွားလို့ရတယ်မလား.."

"အင်း.."

"ဒါဆိုလဲ ခေတ်ကို ဒုက္ခပေးမိပြီ "

"မလိုပါဘူး.."

"ဟား ဟား အေးပါ မေမေ သမီးတို့သွားတော့မယ်နော် "

"အေးအေး ဖြည်းဖြည်းသွားနော်..
သားခေတ်ရေ သားငယ်ကို ဂရုစိုက်ပေးနော်"

"ဟုတ်ကဲ့ပါ မေမေ "

"ဘာမေမေလဲ ခင်များနော် "

"အော်သားငယ်ရယ် သူပြောတာလဲမှန်တာပဲကို
ကဲပါ သွားကြတော့ "

"မေမေ တာ့တာ့ "

မေမေ့ကိုနှုတ်ဆက်ပြီးတာနဲ့
Daddy ရဲ့ကားရှိရာဆီထွက်ခဲ့လိုက်သည်..။
ဟူး တော်သေးတယ် မေမေတို့ရှေ့
Daddy လို့မှားမခေါ်မိလို့...
ကိုယ့်အတွေးနဲ့ကိုယ် ခဏက Daddy လို့ပြော
ထွက်မိတော့မလိုဖြစ်သွားတာကို
တွေးရင်း ရယ်နေမိသည်...။

CANDY is MINE🔞Z+U{COMPLETED}Wo Geschichten leben. Entdecke jetzt