Part-31

9K 519 27
                                    

Zawgyi

××××××××××××××××××××××××××××××××

မနက်ခင်းမှာ မိုးဖွဲဖွဲရွာကာ အေးစိမ့်စိမ့်
ဖြစ်နေတာမို့ခေတ်တစ်ယောက် နိုးသွားလေသည်။
ရင်ခွင်ထဲက အကောင်ပေါက်လေးကတော့
မိုးအေးအေးမှာ ပင်ပန်းစွာ အိပ်လို့ကောင်းနေ
သည်ထင်ပါရဲ့...။ကလေးငယ်ရဲ့ နှာမှုတ်သံလေး တောင်ကြားနေရသည်...။

ကလေးငယ်က အနည်းငယ်အေးနေသည်လား
မသိ..ကိုယ်လေးကိုကျုံ့ကာ ကွေးနေရှာသည်...။
ညတုန်းက ပူပြီး စောင်တွေကန်ပစ်လို့
ခြေရင်းနားပုံနေတဲ့ စောင်ကို ခြေထောက်နဲ့
ညှက်ကာဆွဲယူလိုက်ပြီး ကလေးငယ်ပေါ်
လွှားခြုံပေးလိုက်သည်...။

အိပ်နေတုန်း နှုတ်ခမ်းလေးကို ဆူထော်ထားတာကလဲ ကလေးသဖွယ်ပင်...။
ဒီကမ္ဘာမှာ ဒီကလေးလောက်ချစ်ဖို့ကောင်းတဲ့
လူသားလေးရောရှိသေးရဲ့လား...။
ဘာလို့များ ဤမျှလောက်ထိ ချစ်ဖို့ကောင်းနေပါလဲ။

အိပ်နေတဲ့ကလေးငယ်ရဲ့ နဖူးပြေပြေလေးကို
အနမ်းပေးကာ ခေတ်ထလိုက်သည်...။
သွားတိုက်မျက်နှာသစ်ပြီးတာနဲ့
ကလေးငယ် မနက်စာစားဖို့ ပေါင်မုန့်ကြက်ဥ
ကြော်နဲ့ နွားနို့ပူပူလေးရယ် နှစ်ယောက်စာ
ပြင်လိုက်သည်..။

ကြီးမြလဲမရှိသလို တခြား
ဘယ်သူမှလဲမရှိတာမို့ သူ့ကလေးငယ်အတွက်
မနက်စာ ကိုကိုယ်တိုင်ပြင်ပေးလေသည်..။
တစ်ခြားသူစားဖို့အတွက် ပြင်ဆင်ပေးဖူးတာ
ခေတ်အတွက် ဒါဟာပထမဆုံးဖြစ်ပေလိမ့်မည်..။
သေချာတာကတော့ သူ့အဖေနဲ့အမေရှိစဉ်ကပင်
တစ်ခါမှ သူပြင်ဆင်ပေးခဲ့ခြင်းမရှိပေ...။
အဲ့ချိန်တုန်းက သူတအားငယ်သေးလို့လဲ
ဖြစ်နိုင်ပါတယ်လေ...။

မနက်စာအဆင်သင့်ဖြစ်တာနဲ့ အိပ်နေတဲ့
ကလေးကိုသွားနိုးရန်အပေါ်ပြန်တက်လာခဲ့သည်..။
ခုထက်ထိပဲ အိပ်ယာကနေ မထသေးတဲ့
ဝက်ပေါက်လေးက သူလာတာတောင်
မသိဘူးထင်ပါရဲ့...။

ကလေးငယ်ကိုနိုးရန်အတွက် ကလေးငယ်ရဲ့
နာရွက်ဖျားလေးကိုအသာလေးငုံကာ
ဖွဖွလေးကိုက်လိုက်သည်...။

"အင်း Daddy မလုပ်နဲ့...ဒီက ပူတူးလေး
အိပ်ချင်သေးတယ် "

ကလေးငယ်ရဲ့အပြောကိုသဘောကျစွာနဲ့
ခေတ်ရယ်လိုက်သည်..။ ကလေးငယ်သုံးနှုန်းသွားတဲ့
နာမ်စားလေးက ချစ်ဖို့ကောင်းနေရောပဲ..
ပူတူးလေးတဲ့..။တကယ်ကိုလဲ သူရဲ့ ပူတူးလေးနှင့်ကိုတူပါပေတယ်..။

CANDY is MINE🔞Z+U{COMPLETED}Where stories live. Discover now