Part-6🚨

24.9K 1.1K 54
                                    

Zawgyi

Warning🚨🚨🚨

××××××××××××××××××××××××××××××××

မနက်ခင်းလေးမှာ အေးစက်စွာပဲ
နောက်တစ်နေ့အတွက် နိုးထလာခဲ့ရပြန်ပြီ..။

ဘာလို့များနိုးထလာရသေးတာလဲ...။
နိုးထလာရတဲ့ မနက်ခင်းတိုင်း
နာကျင်မှုနဲ့အစပြုလို့ နာကျင်ခြင်းတွေနဲ့သာ
တစ်နေ့တာကို အဆုံးသတ်ရစမြဲ...။

ထပ်ကာမနိုးထချင်တော့တဲ့ နေ့ရက်တွေက
နေ့စဉ်ရက်ဆက်ပင်..။မနက်တိုင်း မနိုးထလာ
တော့မယ့် နံနက်ခင်းကို တောင်းတခဲ့ပေမယ့်
ဆုတာင်းတွေ မပြည့်ဝခဲ့ဘူး...။

ဒီနေ့ရော ဘာတွေအတွက်ဒုက္ခခံရဦးမလဲ..။
ဒဏ်ရာပေါ် ဒဏ်ရာထပ်နေမယ့် နာကျင်မှုလား..
ရစရာမရှိအောင် နင်းခြေခံနေရတဲ့
ဘဝကို ထပ်ကာနင်းခြေခံရဦးမာလား...။

ဆပ်လို့မကုန်တဲ့ ဝဋ်ကြွေးတွေ
ဒီတစ်သက်မကျေတော့ဘူးလား...။

ငိုနေရုံကလွှဲလို့ တခြားဘာမှ လုပ်ခွင့်မရတဲ့
နေ့တွေရော ဘယ်အချိန်မှ ကုန်မှာလဲ...။

တစ်သက်လုံးဒီငရဲခန်းမှာ နာကျင်မှုတွေနဲ့
အဆုံးသတ်သွားရမှာလား... ။ဒီလိုဖြစ်မယ့်အစား
အသက်သာနှုတ်ယူသွားပါလား..။
ပျော်ပျော်ကြီးကို အသေခံပေးမှာမို့...။

ဒါမှမဟုတ် ကိုယ့်ဘာကို သတ်သေရမလား..။
လက်ကောက်ဝတ်ကို ဓားနဲ့လှီးပစ်တာ
ဖြစ်ဖြစ် အိပ်ဆေးသောက်ပစ်တာဖြစ်ဖြစ်
သေပစ်လိုက်ရမလား...။

ခပ်လွှင့်လွှင့် အတွေးတစ်ဖုံက သေဖို့ချည်းတာ
ကျန်တာ ခေါင်းထဲမရှိ...။

"ဒေါက် ဒေါက်"

တံခါးခေါက်သံရယ်ကြားမိတော့
ဘာရယ်မဟုတ် ပြုံးမိသည်..။
ငါ့ကိုနာကျင်မှုတွေ ပေးမယ့်လူ ရောက်လာပြီပဲ..။
သူ့စိတ်ကိုစွပေးရင်ရော သူငါ့ကိုသတ်လိုက်မလား
ဒါဆို ငါလွှတ်မြောက်ပြီ...။

တံခါးဖွင့်ကာ ဝင်လာခဲ့တဲ့သူကာ
သူမဟုတ်သလို..။တည်ငြိမ်လွန်းတဲ့
ခြေသံတို့မဟုတ်..။ ဘယ်သူလဲ သိချင်လို့
ခေါင်းလှည့်ကြည့်မိသည်..။

"ခတံခွန် ဟုတ်လား နိုးပြီလား"

"...."

"ကျွန်တော်က လျံခေတ်မင်းရဲ့ သူငယ်ချင်း
ဝဏ္ဏသော် ပါ ခေတ်က အရေးကြီးလို့ မနက်အစောကြီး
ကတည်းက အပြင်သွားပြီ ဒါကြောင့် ခတံခွန်ကို ​စောင့်ရှောက်ဖို့ ကျွန်တော့်ကို နေခဲ့ခိုင်းလို့ပါ"

CANDY is MINE🔞Z+U{COMPLETED}Where stories live. Discover now