Part-33

7.2K 495 48
                                    

Zawgyi

××××××××××××××××××××××××××××××××

"မင်းဘာတွေရိုးသားပြနေတာလဲ တံခွန် "

"ဗျာ မမဘာပြောချင်တာလဲဟင်
သား မရိုးသားတာ ဘာမှမလုပ်ခဲ့ပါဘူး
မမရယ် "

"ဟက် မရိုးသားတာမလုပ်ဘူးဟုတ်လား
ရီချင်လိုက်တာ.."

"မမ ဘာတွေပြောနေတာလဲ မမကျွန်တော့်ကို
စိတ်ဆိုးနေတာလား...ကျွန်တော်
အရင်လို အိမ်မှာအချိန်ပြည့်မနေလို့
မမ စိတ်ဆိုးနေတာလား..."

"တံခွန် မင်းကသိပ်ကိုရိုးသားချင်ယောင်ဆောင်
တာပဲနော် "

"မမ သား သားက.."

"မင်းရိုးသားလားမရိုးသားဘူးလား မင်းသိအောင် ငါပြောပြမယ်...အရင်ဆုံး ဖေဖေနဲ့မေမေရဲ့ အချစ်ကို မင်းတစ်ယောက်ထဲ အပိုင်စီးတယ် ထားပါလေ ငါကမွေးစားသမီးဆိုတော့
ဒီလောက်က ထားပါ.."

"ဗျာ မမ ဘာပြောလိုက်တာ မမက... မမကမွေးစားသမီး...မဖြစ်နိုင်တာ လုံးဝမဖြစ်နိုင်ဘူး မမတစ်နေရာကနေ သတင်းမှားသိတာနေမှာပါ....."

"ဟက် ဒါတောင်ခုချိန်ထိ မင်းမသိခဲ့တာ မင်းသိပ်အတယ် တံခွန် ဖေဖေနဲ့မေမေက မင်းကို
မမွေးခင်ကတည်းက ငါ့ကိုမွေးစားခဲ့တာ
ဒါကို နောက်မှ မွေးလာတဲ့ မင်းက သားအရင်းဆိုတာနဲ့ ငါပိုင်ဆိုင်ရမယ့် အရာတိုင်း
လုယူခဲ့တယ်... မင်းလုယူခဲ့တာတွေက
မိဘချစ်ခြင်းတွေတင် မကဘူး...
မိဘအမွေတွေပါ မင်းကလုယူသေးတာ.."

"ဟင့်အင်း အဲ့အမွေတွေ ကျွန်တော်
မမက်မောဘူး မမ ကျွန်တော် မမက်ဘူး အစကတည်းက ကုမ္ပဏီအလုပ်တွေ စိတ်မဝင်စားလို့ ကျွန်တော် မမကို ပြန်လွှဲဖို့ဆုံးဖြတ်ပြီးသား မမ အထင်လွှဲနေတာပါ.."

"Ok ဒါဆို ငါချစ်ရတဲ့ လူကို ငါ့ဆီက
လုယူသွားတာကရော မင်းရိုးသားမှုကိုပြတာလား.."

"ဗျာ မမ ကျွန်တော် နားမလည်..."

"နားမလည်ဘူးဟုတ်ဘူး ငါချစ်ရတဲ့ ခေတ်ကို
လုယူသွားပြီးမှ ရိုးသားချင်ယောင်ဆောင်
နေသေးတာလား....လူပါးဝလွန်းတယ် တံခွန်
မင်းပိုင်တာတွေ ဒီလောက်များတာကို ဘာလို့
ငါပိုင်တာတွေမှ လုယူချင်ရတာလဲ..."

CANDY is MINE🔞Z+U{COMPLETED}Where stories live. Discover now